Environmental Science Online

Environmental Science Online

Share

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးအစီအစဥ်

15/05/2026

𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠/ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦

စာရင်းသွင်း လျှောက်ထားလိုက်ပါ ♻️♻️🍀

Environmental Management ဆိုတာ လူသားတွေရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျှော့ချပြီး ရေရှည်တည်တံ့ခိုင်မြဲစေဖို့ စီမံခန့်ခွဲခြင်းဖြစ်ပါတယ်။ ရေထု၊ မြေထု၊ လေထု၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစေရန် လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။

လူမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကျိုးပြုနေတဲ့ Environmental ဆိုင်ရာ ဘာသာရပ်တွေကို လူတိုင်းလေ့လာထားသင့်ပါတယ်။
သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူသားများ အချင်းချင်း အပြန်အလှန်ဆက်သွယ်မှုရှိနေပုံတွေကို နားလည်ထားမှသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုစိတ်တွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်

စိတ်ပါ၀င်စားသူများ Registration ပြုလုပ်ကာ စာရင်းသွင်း လျှောက်ထားနိုင်ပါပြီ 🍀
(အရင် Course များကို လျှောက်ထားဖူးသူများနှင့် ယခုမှ စတင်လေ့လာမယ့်သူများပါ လျှောက်ထားနိုင်ပါသည်။)

Online Learning Program ပြီးဆုံးပါက အထောက်အထားလက်မှတ် (Certificate) ပေးအပ်ပါမည်။

အရည်အချင်း - ဘွဲ့ရ (သို့) တက္ကသိုလ်၀င်တန်း အောင်မြင်ပြီးသူဖြစ်ရမည်၊၊
သင်တန်းကာလ - ၁၅-၇-၂၀၂၆ မှ ၁၅-၉-၂၀၂၆ ထိ
သင်တန်းချိန် - Online Email Course (Asynchronous Learning System)
သင်တန်းကြေး - ၂၂၂၀၀ ကျပ် (မိမိအဆင်ပြေရာ Pay ဖြင့် ပေးသွင်းနိုင်ပါသည်၊၊)
လျှောက်ထားရန် link - http://tiny.cc/esmapply

လူဦးရေကန့်သတ်ချက်လေးရှိပါသဖြင့် မြန်မြန်လေး Register ပြုလုပ်ထားကြဖို့တော့ လိုအပ်ပါတယ်နော် 🍀

လေ့လာနိုင်မည့် Course Outline များနှင့်
အသေးစိတ်အချက်အလက်များ သိရှိလိုပါက - https://m.me/esonline.mm တွင် မေးမြန်းစုံစမ်းနိုင်ပါသည်။

🍀သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးမှာ အတူတကွ ပါဝင်လိုက်ကြရအောင်. . . . 🍀

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11041