I Cook Eat

I Cook Eat

Share

"No one is born a great cook, one learns by doing", Julia Child

05/12/2025

Etiquette "လူ့ယဉ်ကျေးမှူ ကျင့်ဝတ်" မရှိတာ (သို့) အားနည်းတာ ကို "အဆင့်အတန်းမရှိတာ" ဆိုပြီး သုံးနေကြတာ မြင်လို့မ‌ကောင်းဘူး။

ဥပမာ ၊ ကိုယ့်မိသားစု အတွင်းရေးကို social media ပေါ်မတင်ရဘူး။ အလိုက်သိရမယ်။ ဘယ်ပွဲသွားရင် ဘယ်လိုဝတ်ရမယ်၊ အစားစားရင် အသံမမြည်ရဘူး၊ ဘယ်သူ နှင့်ဆို စကားကို ဘယ်လို ယဉ်ယဉ်ကျေး‌ကျေးလေးလေးစားစားပြောရမယ်၊ လူကြီးတွေကို ရိုသေရမယ်၊ ငယ်သူကို ဦးစားပေးရမယ်၊ မိန်းမတွေ ကို လက်မပါရဘူး။ အဲဒါ Etiquette (ယဉ်ကျေးမှုကျင့်ဝတ်တွေ) ။

"အဆင့်အတန်း" လို့ သုံးတာလဲ အရမ်းရိုင်းတယ်၊ လုံးဝမသုံးသင့်ဘူး။ အဲဒါလဲ etiquette (ယဉ်ကျေးမှု လူ့ကျင့်ဝတ်) မရှိတဲ့စကားလုံး ၊ အဲဒီစကားလုံးက အရမ်း insulting ဖြစ်တယ် ၊ ခွဲခြားဆက်ဆံရာ (discriminate လုပ်ရာ) လဲကျတယ်။

Photos from I Cook Eat's post 22/06/2025

ယောက်လမ်းက Hapa Cocktail 🍸 bar မှာ Foods တွေပါရနေပြီနော်! 📢🍸🍤😋👍

Anawrahtar cruise က Former စားဖိုမှူးတွေ ကိုယ်တိုင် ချက်တာ ဆိုတော့ အရမ်းကောင်းပြီး Unique ဖြစ်တယ်။ အကြိုက်မိဆုံးက ငါးလက်ဖက်နှပ်ကင် နှင့် အာလူးထောင်းပဲ ! ဈေးနှုန်းလဲ သင့်တင့်တယ်။

အကြိုက်မိဆုံးက လက်ဖက်နှပ်ငါးကင် ချောင်းလေးတွေ နှင့် အာလူးထောင်းပဲ (သူကရှမ်းအာလူးထောင်းနှင့် မတူဘူး၊ ဖက်ဖယ်ရွက်၊ ဟင်းခပ်အမွှေးအကြိုင်တွေ နှင့် ထောင်းထားတာ ၊ ဆီ နှင့်ပြန်မကြော်ဘူး)။ ဟင်းပွဲလေးတွေ အားလုံးကကောင်းပါတယ်။

Photos from I Cook Eat's post 20/06/2025

Sule Square က Tom Yum Kon မှာ Dim Sum တစ်ပွဲ 3,000 ။ အရမ်းကောင်း၊ အရမ်းတန်တယ်! Menu လဲ အရမ်းစုံတယ်!

Photos from I Cook Eat's post 08/02/2025

ပုံထဲမှာထက် အပြင်မှာ အများကြီး ပို လှတဲ့ Popa Garden Resort
⛰️🌄🏡🌳🧘‍♂️😌😎👍

ကျနော်တို့ အရင်တစ်ပတ် က ပုဂံကို ဘုရားဖူးသွားရင်း အပြန်မှာ ပင်ပန်းတယ် ဆိုတော့ Popa တောင်ခြေ က Popa Garden Resort မှာ တစ်ရက် (တစ်ညအိပ်) ဝင်နားဖြစ်တယ်။

🛣️သူက ကျောက်ပန်းတောင်းနှင့် နီးနီးလေးရယ် ၊ ကျောက်ပန်းတောင်းကနေ ၁၀ မိနစ် -၁၅ မိနစ် လောက် မောင်းလိုက်ရင် ရောက်ပြီ။

🏡ဟိုတယ် ကို booking မလုပ်ခင်က ပုံတွေကို online မှာ ကြည့်ထားတော့ လှတယ်ပေါ့ ။ ဒါပေမယ့် အပြင်မှာ တကယ်ရောက်သွားတော့ Wow ပုံတွေထဲ မှာထက် အပြင်မှာ ပိုလှတယ်။

🌳🌸🌺ဟိုတယ် က စိမ်းစိုပြီး လှပလို့ ၊ ရောက်တာနှင့် မြင်ကွင်းတွေကြောင့်ခရီးပန်းထား‌တာတွေတောင် ခြက်ခြင်းပြေသွားတယ် ။

Reception မှာ check-in လုပ်၊ welcome drink သောက်၊ ကားထားပြီး ဟိုတယ် က buggy car နှင့် အခန်းကို လိုက်ပို့တယ် (တကယ်တော့ ရေကူးကန် နှင့်ပန်းခြံ ကို ဖြတ်ပြီး လမ်းလျာက် သွားရင် သိပ်မဝေးဘူး။ လူကြီးတွေ အတွက် အဆင် ပြေအောင် buggy car နှင့် ကြို/ပို့ service စီစဉ်ထား‌တယ် ၊ reception ကို ဖုန်းဆက်ခေါ်ရင် အခန်းမှာခြက်ခြင်းလာခေါ်ပေးတယ်။)

🛋️အခန်းက ကျနော်တို့ ရိုးရိုး deluxe အခန်းပဲယူလိုက်ပေမယ့် အခန်းက modern ဖြစ်ပြီး၊ ကျယ်တယ် ၊ အလင်းရောင်ကောင်းကောင်း ရပြီး၊ Popa တောငိမြင်ကွင်းကြီးကို မြင်ရပြီး အရမ်းကောင်းပါတယ်။
👉Room rate က K 110,000 ပဲရှိတယ် ၊ ကျနော် တို့က extra တစ်ခုထိုး ၊ အပြီးအစီး K 145,000 ပဲကျတယ်။ (ဒါက low season rate ပေါ့နော် ၊ ခရီးသွားများတဲ့ အချိန် ဆို rate က တစ်ဈေး /ဒီထက်များမယ် ထင်တယ် ။ low season က ခရီးသွားရတာ တန်တယ် ၊ ခရီးသွား နည်းတော့ လူရှင်းတယ် ၊ အေးအေးဆေးဆေး ရှိတယ်) 👌

😑အခု အခြေအနေအရ မီးက ၂၄ နာရီ မရဘူး ၊ ညနေ က နေ တစ်ည လုံးတော့ မီးစက် နိုးပေးတယ် (ကျနော်တို့ ရှိတုံးက တော့ တစ်ညလုံး EPC မီးလာနေတယ်)

ရာသီ ဥတုက နေဝင် သွားတာနှင့် အေးတဲ့ အတွက် Ac မဖွင့်ရင်တောင် အဆင်ပြေပါတယ်။

🚿🧖‍♂️😴😁ခရီးသွားရင် ဟိုတယ်တွေ မှာ ကောင်းကောင်းအိပ် ရဖို့နှင့် ရေကောင်းကောင်း ချိုးရဖို့ပဲ ၊ ဒီဟိုတယ်မှာ အိပ်တာရော ၊ရေချိူးရတာရော အဆင်ပြေတယ်။ရေပူ-ရေအေးစနစ် နှင့် ရေအားကောင်းကောင်း နှင့် ရေချိုးရတာ က ပင်ပန်းတာတွေ ပြေပြောက်ပြီး ညကောင်းကောင်းအိပိပျော်ဖို့ အတွက် အရမ်းအထေထာက်အကူဖြစ်တယ်👍 (တကယ်ပြောတာ ရေချိုးလို့မကောင်းတဲ့ ဟိုတယ် ဆို ည အိပ်လို့လဲ အဆငိမပြေဘူး)

ဟိုတယ် ကို design ဆွဲထားတဲ့ ဗိသုကာ လဲ အရမ်းတော်ပေါတယ် ၊ Popa ကို မျက်နှာ မူတဲ့ မြင်ကွင်းကျယ်ကျယ်ကို မှ အလယ်မှာ ရေကူးကန် နှင့် ပန်းခြံထားပြီး နောက်မှာ မှ အခန်းတွေကို ထားထားတဲ့ အတွက် ၊ အခန်းက ကြည့်ရင် hotel landscape က Popa တောင် view ကို ပံ့ပိုးထားသလိုဖြစ်နေတော့ ပိုလှ သွားတယ်။

Restaurant ကိုလဲ Popa တောင်ကို မျက်နှာ မူထားတော့ ၊ breakfast, lunch , dinner ပဲစားစား ၊ coffee သောက် ၊ cocktail သောက် ပြီး အေးဆေး chill လုပ်မလား ၊ Popa တောင် view နှင့်ပဲ ။

🍜ဟိုတယ် မှာ အစားအသောက်တွေက ဈေးမကြီးဘူး ၊ ဟင်းပွဲ တွေ က တစ်သောင်းကျော် ၊ နှစ်သောငိကျော် ဝန်းကျင်ပဲ ၊ Chinese၊ Thai၊ European စားစရာတွေရတယ် Pizza တို့ Burger တို့လဲရတယ်။

ကျနော်တို့ Dinner ကို ၃ ယောက်စားတာ 40,000 ကျော်ပဲ ကျတယ် (portion များတော့ တကယ်တော့ အဲဒါကို 4-5ယောက်စားလို့ရတယ် )

🍸🍹Cocktail တွေ ၊ drinks တွေက K6000-8000 ဝန်းကျင် ၊ Coffee ကတော့ ဈေးနည်းနည်းများတယ် ၁၀,၀၀၀ လောက်ဖြစ်နေတယ် (coffee espresso machine သုံးဖို့ ၊ မီးစက် နိုးရလို့ထင်တယ် 🤔) ☕

Breakfast က Popa ဒေါင်းလန်းကြီး ဆိုတာ ပေးတယ် ၊ သူက ယွန်းအုပ်မှာ ၊ အကြော်စုံ၊ အသုပ် ၊ သစ်သီး တွေပါတယ် ။ လူနည်းတဲ့ အချိန် ဆို ဘူဖေး မခင်းတော့ toast, ထမင်းကြော်၊ ကြာဇံကြော်၊ ထမင်းဆီဆမ်း၊ Popa ထမင်းသုပ် ကြိုတက်တာရွေးစားလို့ရပါတယ် ၊ ကုန်ရင် ထပ်ယူလို့ရတယ်။

ကားပါကင်က လဲ ကျယ်ကျယ် ဝန်းဝန်း ၊ ကားလဲ ရေဆေးပေးထားတယ်။

ဝန်ဆောင်မှုက အရမ်းကောင်းပါတယ် ။ ဝန်ထမ်းတွေက နွေးထွေးပြူငှာပြီး ၊ ကူညီတတ်တယ်၊ well trained ဆိုတာထက် mindset ကိုက စေတနာရှိအောင် သင်ပေးထားတာက ခရီးပန်းနေတဲ့ ဧည့်သည်တွေအတွက် အရမ်းနွေးထွေးပြီး စိတ်ကြေနပ်မှုရစေပါတယ်။

နောက်တစ်ခါ လာ ဖြစ်ရင်တော့ Popa Garden Resort မှာ ပဲ ၂ ရက် ၃ ရက်လောက် လာနေခြင်တယ် ၊ တစ်ရက် ကို hiking သွားမယ် ၊ ၂ ရက် ကို ဟိုတယ် မှာ ပဲ အနားယူမယ်။

မိတ်ဆွေ တို့ လဲ ပုဂံ ကို ကားနှင့် သွားရင် Popa Garden Resort မှာ ဝင်အနားယူဖို့ အကြံပြုလိုက်ပ့တယ် (ဖုန်တလုံးလုံး နှင့် ပုဂံနှင့် လုံးဝ မတူတဲ့ တကယ့်ကို စိမ်းစို သာယာတဲ့နေရာလေးပါ)

(Honest review, not sponsor post ပါ ၊ ဒီတစ်ခေါာက် ခရီးသွားတော့ တည်းလာတဲ့ ဟိုတယ် တွေ ထဲ မှာ ဒီတစ်ခုပဲ စိတ်ကြေနပ်မှု ရှိလို့ မျှဝေပေးတာပါ)

အားလုံးကို ကျေးဇူးတင်ပါတယ် 🙏

Photos from I Cook Eat's post 23/11/2024

Japan စားဖိုမှူးကိုယ်တိုင် ဖွင့်ထားတဲ့ ဂျပန်အရသာ စစ်စစ်ကို ဈေးတန်တန် နှင့်ရတဲ့ဆိုင်
👨‍🍳🇯🇵🍣🍙🍤🦐⛩️🍚🍛🍜🥢😋

ဒီဆိုင်လေးက တာမွေအရှေ့မြင်းပြိုင် ကွင်းလမ်းက Sky Star Hotel ရဲ့မြေညီထပ် မှာ ဖွင့်ထားတဲ့ ဆူရှီဆိုင်လေးပါ ။

🍶တခြားဆိုင်တွေ ထက်ထူးခြားတာ က သူ့မှာ Sushi bar ရှိတယ်။ စားဖိုမှူး က sushi လိပ်နေတာ sashimi လှီးနေတာ တွေကကြည့်ပြီး ထိုင်စားလို့ရတယ်(🎥🙅‍♂️😒ဗီဒီယိုေတာ့‌ေပးမရိုက်ဘူး)။ ဂျပန် က သွင်းလာတဲ့ ဂျပန် ဘီယာစစ်စစ်တွေ ၊ ဆာကေး တွေလဲရတယ်။

👌👍ဟိုတယ် မှာ ဂျပန်စားဖိုမှူးကိုယ်တိုင် ဖွင့်ထားတာ ဆိုပြီး တစ်ချို့က ဈေးကြီးမယ် ထင်ကြတယ် ။ ကျနော် တော့ page မှာ menu သွားတောင်းကြည့် ပြီး ၊ ဈေးလေး မဆိုးဘူး ၊ သွားစားကြည့်မယ် ဆိုပြီး try ဖြစ်တယ်။ Menu လဲတော်တော် စုံတယ် ။ တခြားဆိုင်တွေမှာမရတဲ့ ဂျပန်စာစစ်စ် items တွေ အများကြီးရတယ်။

ငါးပါးနီ (red snapper) sashimi 🐟
ဆယ်လမွန် ဆူရှီ Seared Salmon Sushi 🍣
Eel roll ငါးရှညိ့လိပ်
ပုစွန် တန်ပူရာ shrimp tempura🍤🦐 တို့ စားဖြစ်တယ်။

ပထမ ဆုံးလာချတာ ဆယ်လမွန် ဆူရှီ 🍣

တခြားဆိုင်တွေထက် သိသိသာသာ ထူးခြားတာက ဆူရှီထမင်းပါ ။ စီးပြီး အရမ်းကောင်းတယ်။ ငါးကလဲလတ်တယ် ။ အဲဒီ ဆူရှီကို စားလိုက်တုန်းက ပါးစပ်ထဲမှာ ပျော်ဝင်ပြီး အရသာ တခုခြင်းစီကို သိသိသာသာ ခံစားမိတာ က အရမ်းမိုက်တယ်။

ငါးပါးနီ ဆာရှီမိလဲ အရမ်းကောင်းတယ် (ငါးအရှင်ကို ချက်ခြင်းကိုင် ပြီး ဆာရှိမိလုပ်တာလောက် မလတ်ပေမယ့်၊ တခြားဆိုင်တွေထက်စာရင် အရသာ သိသိသာသာကောငိးတယ် ၊ ဘေးမှာ ရေညိတွေ ဘာတွေလဲ အပိုပါတယ်)

ငါးရှည့်လိပ်လဲ ကောင်းတယ် ၊ ငါးရှည့်တွေ အများကြီးပါတယ်။

Sashimi က 6800 ကျပ် အရမ်းတန်တယ်
Salmon Sushi က 3500 ကျပ်
ငါးရှည့်လိပ်က 15000 (ဂျပန် ငါးရှည့်က ဈေးကြီးတော့တန်ပါတယ်)

ပုစွန် တန်ပူရာက ပုံမှန်ပါပဲ၊ အကောင်လဲ မကြီးဘူး ၊ တစ်ပွဲ 18200 ကျပ် က မတန်ဘူးထင်တယ်။

(Honest review ပါ ၊ ကိုယ့်ပိုက်ဆံ နှင့်ကို သွားစားကြည့်ပြီးရေးထားတာ၊ sponsor post မဟုတ်ဘူး(

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No 42, Yaw Min Gyi Street, Dagon Township, Yangon
Yangon