Logistics & SCM Magazine

Logistics & SCM Magazine

Share

မြန်မာနိုင်ငံ၏ပထမဆုံး Logistics & Supply Chain Management မဂ္ဂဇင်း

22/05/2026

◾️ အာရှတွင် မြန်မာနှင့်အိန္ဒိယ ဆန်စပါးထုတ်လုပ်မှုလျော့နိုင်ဟု USDA ခန့်မှန်း

Logistics & SCM Magazine / မေ-၂၂

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ဓာတ်မြေဩဇာနှင့်လောင်စာဆီဈေးမြင့်တက်မှု၊ အယ်လ်နီညိုရာသီဥတု၏စိန်ခေါ်မှုများက အာရှတွင်မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ ဆန်စပါးထုတ်လုပ်မှုလျော့ကျနိုင်သည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ခန့်မှန်းချက်တွင်ဖော်ပြထားသည်။

မေလဒုတိယအပတ် USDA ကထုတ်ပြန်သည့် ကမ္ဘာစိုက်ပျိုးရေးအစီရင်ခံစာတွင် ၂၀၂၆ ခုနှစ်ကမ္ဘာဆန်ထုတ်လုပ်မှု ၅၃၈ သန်း၀န်းကျင်သာရှိပြီး ပြီးခဲ့သည့်နှစ်ထက် တန်ချိန်ငါးသန်းလျော့နည်းသည်ဟုဖော်ပြထားသည်။

ထို့ပြင် စံချိန်တင်ဆန်စားသုံးမှုနှင့် ကုန်သွယ်မှုများတိုးလာခြင်းက ကမ္ဘာ့ဆန်လက်ကျန် ပမာဏကိုလျော့နည်းလာစေသည်ဟုဆိုထားသည်။

တောင်အာရှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများတွင် ယခုနှစ်မိုးရာသီစပါးစိုက်ပျိုးချိန် အယ်လ်နီညိုရာသီဥတု၏စိန်ခေါ်မှုကိုကြုံလာရသည်။

အီကွေတာအနီးရှိ အပူပိုင်းပိစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ခြေကိုတွေ့ရသည်ဟု ယမန်နေ့(မေ ၂၁ ရက်)တွင် မိုးလေ၀သဌာနကလည်းထုတ်ပြန်ထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊မုန်တိုင်းဖြစ်ပေါ်မှုမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်နိုင်သည်ဟုလည်းဖော်ပြထားသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် အယ်လ်နီညိုရာသီဥတုကစိန်ခေါ်မှုတစ်ခုဖြစ်သော်လည်း နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးများမြင့်တက်လာခြင်းကစိုက်ပျိုးထုတ်လုပ်သူများကိုစွဲဆောင်မှုတစ်ခုဖြစ်လာနေသည်။

"စိုက်ဖို့တော့လုပ်နေပြီ။ သိပ်တော့အားမရှိဘူး။ စပါးပေါ်ချိန်ဈေးကဘယ်လိုဖြစ်မယ်မသိ‌သေးဘူး။ ဒီနှစ်ကမြေဆီလည်းသိပ်မသုံးနိုင်တော့ ရာသီဥတုဖောက်ရင် အထွက်ကတော့လျော့မှာပဲ"ဟု ဧရာ၀တီတိုင်းမှလယ်သမားတစ်ဦးကပြောသည်။

မိုးစပါးစိုက်ပျိုးရာသီတွင် စိတ်ခေါ်မှုများရှိနေသကဲ့သို့ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်၀ယ်လိုအားကောင်းနေသည်။ ဧပြီတစ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၀,၀၀၀ ကျော်ပြည်ပတင်ပို့ထားနိုင်သည်။

ထို့ပြင် တရုတ်၊ ဥရောပနိုင်ငံများမှ မြန်မာဆန် ထွန်းပု၊ ငစိန်တို့ကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀/၄၂၀ ဈေးပေး၀ယ်ယူနေကြောင်း မြန်မာနိုင်ငံဆန်စပါးစိုက် ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌကအသိပေးထားသည်။

ဖီလစ်ပိုင်နိုင်ငံကလည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်ပမှဆန်တင်သွင်းမှုတိုးမြှင့်ရန်စီစဉ်နေသည်။ ဖီလစ်ပိုင်ပုဂ္ဂလိက ဆန်ကုန်သည်များကဧပြီတစ်လအတွင်း မြန်မာနိုင်ငံမှဆန်တန်ချိန် ၁၉,၈၀၀ ကျော်၀ယ်ယူခဲ့သည်။

လက်ရှိနိုင်ငံတကာဈေးကွက်တွင်မြန်မာ့ဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း) တစ်တန်၏ပျမ်းမျှ FOB ဈေးက ဒေါ်လာ ၃၉၂ မှ ၃၉၆ အကြားဈေးဖွင့်သည်။

15/05/2026

◾️ အခွန်ကင်းလွတ်ခွင့်ကုန်ဆုံးရန်နီးလာချိန် ထိုင်းမှပြောင်း၀ယ်လိုအားကောင်းလာ

Logistics &SCM Magazine / မေ-၁၅

အခွန်ကင်းလွတ်ခွင့်ကုန်ဆုံးရန်အချိန်တစ်လကျော်သာကျန်ရှိသဖြင့် ထိုင်းကုန်သည်များမှ ဈေးပေး၀ယ်ယူမှုကြောင့် မေလနှင့်ဇွန်လအတွင်း ပြောင်းတန်ချိန်သုံးသိန်း၀န်းကျင်အထိ ပြည်ပသို့တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း တာ၀န်ရှိသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံအတွင်း မွေးမြူရေးလုပ်ငန်းများအတွက် တစ်နှစ်ပြောင်းတန်ချိန် ကိုးသန်း၀န်းကျင်လိုအပ်ပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ပြောင်းတန်ချိန်ငါးသန်း၀န်းကျင်သာရရှိသည်။ ထိုကြောင့် မြန်မာအပါ အ၀င် ပြည်ပမှပြောင်းတန်ချိန်လေးသန်း၀န်းကျင်ကို ထိုင်းနိုင်ငံက၀ယ်ယူတင်သွင်းနေရသည်။

သို့သော် ပြည်တွင်းပြောင်းစိုက်ပျိုးသူလယ်သမားများ၏အကျိုးစီးပွားကို တွန်းအားပေးသည့်အနေဖြင့် ပြည်ပမှအခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမည့်အချိန်ကာလကိုထိုင်းအစိုးရက တင်းကြပ်စွာ သတ်မှတ်ခဲ့သည်။

ထို့ကြောင့် အခွန်မဲ့ပြောင်းတင်သွင်းမည့်ကာလကိုယခုနှစ်မှစတင်ပြီးအချိန်နှစ်လလျော့ချလိုက်သည်။ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှုကို ပြီးခဲ့သည့်နှစ်က ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ ရှစ်လအချိန်သတ်မှတ်ထားသော်လည်း ယခုနှစ်တွင် ဖေဖော်ဝါရီမှ ဇွန်လကုန်အထိသာ ထိုင်းအစိုးရက ခွင့်ပြုထားသည်။

ထို့ကြောင့် အခွန်ကင်းလွတ်ခွင့်ကာလသတ်မှတ်ချက် ကုန်ဆုံးရန်နီးလာချိန် သင်္ကြန်ပိတ်ရက်အလွန် မြန်မာနိုင်ငံမှပြောင်း၀ယ်ယူမှုတိုးမြှင့်လာသဖြင့် ပြည်တွင်း၊ ပြည်ပပြောင်းဈေးများလည်း ဆက်တိုက် မြင့်တက်လာသည်။

"ထိုင်းကဈေးပေးတော့ ပြည်တွင်းဈေးအတက်များလာတယ်။ ထိုင်းပိတ်သွားရင်လည်း ဖီလစ်ပိုင်၊ ဗီယက်နမ်တို့ပို့ရမှာပဲ။ ဈေးကတော့ အများကြီးမျှော်လင့်လို့မရဘူး" ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

ထိုင်းကုန်သည်များ၏၀ယ်လိုအားကြောင့် ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးဆက်တိုက်မြင့်တက် လာပြီး တစ်ပိသာ ၁၈၅၀ ကျပ်အထိ ရောက်ရှိလာသည်ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်တန်ချိန်နှစ်သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့်ပြောင်းကို ပြည်တွင်းသုံးစွဲမှုသာ မက ပြည်ပသို့အဓိကထားတင်ပို့နေသည်။

ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ရန်မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းကလျာထားသည်။ အခွန်ကင်းလွတ်ခွင့်ကြောင့် ဈေးကောင်းရသည့်ထိုင်းနိုင်ငံ အပြင် ဖီလပိုင်၊ ဗီယက်နမ်၊ တရုတ်နှင့်ဒေသတွင်းနိုင်ငံများကို မြန်မာပြောင်းများတင်ပို့ရောင်းချ လျက်ရှိသည်။

ဓာတ်ပုံ - မြန်မာပြောင်းလုပ်ငန်းအသင်း

#

23/04/2026

◾️ မြန်မာ့ဆန် ပြည်ပရောင်းဈေး ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်

Logistics & SCM Magazine / ဧပြီ- ၂၃

ပင်လယ်ရေကြောင်းကုန်သွယ်ရေးအကျပ်အတည်းကြောင့် အာရှဆန်ဈေးနှုန်း မြင့်တက်လာမှုက မြန်မာ့ဆန် ပြည်ပရောင်းချသည့်ဈေးနှုန်း ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်‌စေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မြန်မာ့ ဆန်ဖြူ (၅ မှတ် -အကျိုးအကြေ ၅ ရာခိုင်နှုန်း) ပြည်ပရောင်းချသည့် (FOB) ဈေးတစ်တန်လျှင် အမေရိကန်ဒါ်လာ ၃၃၇ ၀န်းကျင်မှ ၂၀၂၆ ဧပြီလ တတိယရက်သတ္တပတ်တွင် ဆန်တစ်တန် ဒေါ်လာ ၃၇၃/၃၇၇ သို့ဈေးပြောင်းသွားသည်။ သို့သော် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန် ဆန်ဈေးများလည်းအနည်းငယ်မြင့်တက်သည်။

ပြည်ပ‌‌ရောင်းချသည့် ဆန်ဈေးမြင့်တက်လာမှုက စိုက်ပျိုးသူတောင် သူလယ်သမားများအတွက် တွန်း အားတစ်ခုဖြစ်စေသော်လည်း စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင် ရန် အခက်အခဲများရှိနေကြောင်း ကုန်သည်အချို့ကပြောသည်။

"နိုင်ငံတကာမှာဆန်ဈေးတက်တယ်ဆိုပေမဲ့ သွင်းအားစုဈေးတွေ၊ ဒီဇယ်ဈေးတက်တာ၊ ၀ယ်ဖို့ခက်တာ တွေက တောင်သူတွေကိုလုပ်ရကိုင်ရခက်စေတယ်" ဟု ပြည်တွင်းဆန်ကုန်သည်တစ်ဦးကဆိုသည်။

အာရှတိုက်၏ ဆန်စပါးအများဆုံးစိုက်ပျိုးထုတ်လုပ် ‌နေသောနိုင်ငံများသည် ဟော်မုဇ်ရေလက်ကြား တင်းမာမှု၏အကျိုးဆက်အဖြစ် စက်သုံးဆီဈေးရှား ပါးမြင့်တက်မှုနှင့် ဓာတ်မြေဩဇာအပါအ၀င် စိုက်ပျိုးရေးသွင်းအားစုများဈေးနှုန်းမြင့်တက်မှုက တောင်သူလယ်သမားများကို အကျပ်အတည်း ဖြစ်စေသည်ဟု သုံးသပ်ချက်များလည်းရှိနေသည်။

လက်ရှိ စက်သုံးဆီအခက်အခဲက ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများခက်ခဲပြီး စရိတ်မြင့်တက် ခြင်းကြောင့် ပြည်တွင်းစားသုံးသည့် ဆန်ချော(ပေါ်ဆန်း) အပါအ၀င် ဆန်အမျိုးအစားအားလုံး ဈေးမြင့် တက်လျက်ရှိသည်။

ပြည်တွင်းစားသုံးမှုများသည့် ဆန်ချောပေါ်ဆန်းလက္ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀၊ ဖျာပုံ/မြောင်းမြကြားပျံပေါ်ဆန်းတစ်အိတ်လျှင် အမြင့်ဆုံးကျပ် ၁၆၅,၀၀၀ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းကဈေးသတ်မှတ်သည်။ ပြင်ပလက်လီဈေးကွက် ဆန်ဈေးနှုန်းက အမျိုးအစား၊ အရောအနှောပါ၀င်မှုပေါ်မူတည်ပြီး သတ်မှတ်ဈေးထက်ပိုများသည်။

#ဆန်ဈေးနှုန်း #ဆန်စပါး

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11031