Health For Lady
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Health For Lady, Health/Beauty, Yangon.
04/10/2025
☑ သွေးပျစ်လာရင် ခန္ဓာကပြောတဲ့ လက္ခဏာ (၄)မျိုး ☑
သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။
သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_
၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။
၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။
၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။
၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်းကောင်းကောင်းမမြင်ရတာ။ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်အမြန်ကုစားကြပါ။
သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?
အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့
* အမြင်အာရုံဝေဝါးခြင်း
* မူးဝေခြင်း
* သွေးခြေဥလွယ်ခြင်း
* ရာသီသွေးအဆင်းများခြင်း
* ခေါင်းကိုက်ခြင်း
* သွေးပေါင်ချိန်တက်ခြင်း
* အရေပြားယားယံခြင်း
* အားအင်မရှိ နုံးချိခြင်း
* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။
အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။
သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
၁။ ရေများများသောက်ပါ။
၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။
၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။
၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။
သွေးပျစ်ရင် ရေများများသောက်ဖို့ “ပထမ” ဆိုတော့ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။
ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_
၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။
– ရေခဲရေကို ရှောင်ပါ။
– ရိုးရိုးရေကို များများသောက်ပါ။
– ရေနွေးကို များများသောက်ပါ။
– ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကိုလက်ဖက်ခြောက် ခတ်သောက်တာ၊
– ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge
15/09/2025
မနက်ခင်းမှာ မျက်လုံးယားတာ၊
မှုန်တာတွေက
မျက်တောင်မွှေးပေါ်က သန်းငယ်လေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
မနက်တိုင်း မျက်လုံးတွေ ယားပြီး စပ်နေပေမဲ့ ဓာတ်မတည့်တာကို
ကုတဲ့ဆေးတွေနဲ့
မသက်သာဘူးဆိုရင် Demodex လို့ခေါ်တဲ့ သန်းငယ်လေးတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒီအကောင်လေးတွေဟာ
သင့်မျက်တောင်မွှေးရင်းမှာ နေပြီး ညဘက်မှာ မျက်စိကထွက်တဲ့
အဆီအစိုဓာတ်တွေကို စားသောက်ကြပါတယ်။ ပြီးတော့ ညအိပ်တဲ့အချိန်မှာ အညစ်အကြေးတွေ စွန့်ပစ်တာကြောင့်
အဲဒီလို လက္ခဏာတွေ
ဖြစ်လာရတာပါ။
လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်မှာ ဒီသန်းတွေ ရှိနေကြပြီး
ညဘက်မှာ ပိုလှုပ်ရှားကြပါတယ်။
ဒါကြောင့်လည်း မနက်ခင်းမှာ ရောဂါလက္ခဏာတွေ
ပိုဆိုးလာတာပါ။
ဒီလိုလက္ခဏာတွေကတော့ မျက်တောင်မွှေးမှာ ဖယောင်းလိုအဖတ်တွေ ရှိတာ၊ မျက်စိမှုန်တာ၊ ယားယံတာ၊ မျက်စိမှာ မျက်လုံးရောင်တာတွေ ခဏခဏဖြစ်တာ
ဒါမှမဟုတ် မျက်လုံးခြောက်သွေ့တာ၊ သဲဝင်သလိုခံစားရတာတွေ
ဖြစ်တတ်ပါတယ်။
အဲဒီလိုအခြေအနေကို Demodex blepharitis လို့ခေါ်တဲ့
မျက်ခွံရောင်ရမ်းခြင်း
ဖြစ်လာနိုင်ပါတယ်။
အသက် ၆၀ ကျော်သူတွေ၊ မျက်ကပ်မှန်တပ်သူတွေနဲ့ rosacea သို့မဟုတ် ဆီးချိုရောဂါလိုမျိုး ရောဂါရှိသူတွေမှာ
ပိုအဖြစ်များပါတယ်။
မျက်စိဆရာဝန်တွေက
ဒီသန်းတွေကို ရှာဖွေနိုင်ပြီး
ဆေးဝါဂွမ်း ဒါမှမဟုတ်
ဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ သန်းတွေ ပေါက်ပွားမှုမရှိအောင် မျက်ခွံတွေကို သန့်ရှင်းအောင်ထားပါ၊ ညအိပ်ရာဝင်တိုင်း
မိတ်ကပ်ဖျက်ပါ၊
ခေါင်းအုံးစွပ်တွေကို မကြာခဏလဲပါ၊ မျက်ကပ်မှန်တပ်ပြီး မအိပ်ပါနဲ့။ ဒါကြောင့် မနက်ခင်းမှာ
မျက်လုံးယားတာ
မပျောက်နိုင်ဘူးဆိုရင်
ဓာတ်မတည့်မှုကြောင့်မဟုတ်ဘဲ သန်းရှိမရှိ စစ်ဆေးဖို့
အချိန်တန်ပါပြီ။
27/07/2025
ဆယ်လီနီယံ အားဖြည့်ဓါတ်စာ
#09772517203
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon