တီဘီဆရာဝန်
The official page of the Yangon TB Project. Join us in building a TB-free community.
10/07/2026
“ တစ်ကြိမ်မှာ တစ်ခု ”
မင်္ဂလာပါခင်ဗျာ ... ။
ကျွန်တော်ကတော့ လက်ရှိမှာလည်း တီဘီရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေသလို၊ လူမှုပတ်ဝန်းကျင်အတွင်း မှန်ကန်တဲ့ သတင်းစကားတွေ ထိထိရောက်ရောက် ပျံ့နှံ့ရောက်ရှိစေဖို့အတွက် ဒီစာမျက်နှာလေးကိုလည်း ကြိုးစားတင်ဆက်နေတဲ့ ‘တီဘီဆရာဝန်’ တစ်ဦးပဲ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ယုံကြည်မှုတစ်ခုကတော့ “ဆေးရုံ၊ ဆေးခန်းတွေမှာပဲ တီဘီရောဂါကို တိုက်ဖျက်နေလို့ မရဘူး” ဆိုတာပါပဲ။
လူတွေကြားထဲမှာ အရိုးစွဲနေတဲ့ ‘တီဘီအယူအဆအမှားတွေနဲ့ ရောဂါအပေါ် ရှက်ကြောက်အားငယ်စရာလို့ မြင်နေတဲ့အမြင်တွေ’ ကို အမှန်တကယ် ပြုပြင်နိုင်မှသာ တီဘီရောဂါကို အနိုင်ယူ တားဆီးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အခြားအလုပ်တာဝန်တွေနဲ့ မအားလပ်ပေမဲ့လည်း ကျွန်တော်ဟာ အခုလို ‘ဒီဂျစ်တယ် ဆက်သွယ်ရေး (Digital Communication) ကဏ္ဍ’ ကို အသုံးပြုပြီး တီဘီရောဂါအပေါ် လူတွေ စိတ်ဝင်စားမှု ပိုရှိလာအောင် တိုက်တွန်းနှိုးဆော်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစာမျက်နှာလေးကနေတစ်ဆင့် —
- မှန်ကန်တဲ့ တီဘီရောဂါ ကျန်းမာရေးအသိပညာပေးနိုင်ဖို့၊
- အခမဲ့ ဝန်ဆောင်မှုများကို လက်လှမ်းမီ လမ်းညွှန်ချိတ်ဆက်ပေးနိုင်ဖို့နဲ့
- ရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိပြီး စနစ်တကျ ကုသမှုခံယူနိုင်စေဖို့ ...
ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရတဲ့အချိန်လေးမှာပဲ ကြိုးစားတင်ဆက်နေရတာ ဖြစ်ပါတယ်။
လက်တွေ့မှာတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာမျက်နှာဖြစ်လို့ လူတွေကြားထဲ ရောက်ရှိပျံ့နှံ့ဖို့က မလွယ်ကူပါဘူး။ ဒါ့အပြင် တီဘီရောဂါဟာ လူတွေတို့ထိရမှာ တွန့်ဆုတ်တတ်ကြတဲ့ အကြောင်းအရာလည်းဖြစ်နေပြန်တာကြောင့် ပိုပြီးတော့တောင် ခက်ခဲမယ်ဆိုတာကိုလည်း သိပါတယ်။
ဒါပေမဲ့ “ဒါတွေလုပ်နေလို့ ဘယ်သူအကျိုးရှိမှာလဲ”၊ “ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲသွားမှာလဲ” ရယ်လို့ မေးလာခဲ့ရင်တော့ ‘ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ (ရသစာများ)’ ထဲက စာသားလေးကိုပဲ မှီငြမ်းပြီး အခုလို ပြန်ဖြေပေးလိုက်ချင်ပါတယ်ခင်ဗျာ။
“တခြားသူတွေအတွက်တော့ ဘာမှမထူးခြားသွားနိုင်ပေမဲ့ ... သတိပြု ဖတ်ရှုမိတဲ့သူတစ်ယောက်ဆီမှာတော့ မှန်ကန်တဲ့ ကျန်းမာရေးအသိလေး ဝင်သွားနိုင်တာပေါ့ … ။”
လေးစားစွာဖြင့် —
[တီဘီဆရာဝန်]
အဖေရှိရင် လုံခြုံတယ်လို့ ဆိုကြပေမဲ့...။
ကျွန်တော်တို့ရဲ့ ရှေ့ကိုရောက်ရင် အမြဲသန်မာပြတတ်တဲ့ အဖေတွေဟာ ကွယ်ရာမှာတော့ ရောဂါဝေဒနာတွေကို ကြိတ်မှိတ်ခံစားနေရတဲ့ လူသားတစ်ယောက် ဖြစ်နေတတ်ပါတယ်။
မိသားစုအတွက်ဆို အရာရာကို အနစ်နာခံဖို့ ဝန်မလေးတဲ့ အဖေတွေဟာ သူတို့ရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။
တကယ်ဆိုရင် မိသားစုအနားမှာ အချိန်အကြာကြီး အတူရှိနေနိုင်ဖို့အတွက် ကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း အရေးကြီးတဲ့ မိဘတာဝန်တစ်ခုပဲ မဟုတ်ပါလား။
— ဒါကြောင့် မနက်ဖြန်မှာ ကျရောက်မယ့် အဖေများနေ့မှာ အဖေ့ကိုချစ်တဲ့စိတ်နဲ့အတူ... မှားယွင်းတဲ့ ကျန်းမာရေးအမူအကျင့်တွေကို အခုကစပြင်ဆင်ဖို့ တိုက်တွန်းပေးကြပါစို့...။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon