ABP - All About Pets

ABP - All About Pets

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ABP - All About Pets, Pet service, ဇဋိလ (၂) အောက်လမ်း, Yangon.

26/07/2024

ဖီဖီ၊ မီမီတို့က အာဝုနဲ့ မြောင်တို့ကို သားအိမ်ထုတ်တာ၊ သင်းတာ လုပ်သင့်တဲ့ အကြောင်းနဲ့ ရလာမယ့် ကောင်းကျိုး (၆) ချက်!

ကျန်းမာရေးနဲ့ ပက်သက်တဲ့ အကြောင်းပြောထားတာမို့ ဒီတစ်ခေါက်တော့ စာရှည်ပါလိမ့်မယ်နော်။ အကယ်၍များ ကိုယ့်ကလေးမှာ ထူးခြားတဲ့ အမူအရာများရှိနေခဲ့ရင် ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတိုင်ပင်ဖို့ကိုလည်း အကြံပြုချင်ပါတယ်ရှင့်။ 🥰

သူတို့ အချစ်စိတ်တွေ ထကြွလာတာက အာဝုလေးတွေမှာ တစ်နှစ်မှာ နှစ်ကြိမ်ဖြစ်တတ်ပြီး တစ်ခါလာရင် ၂၁ ရက် ကြာပါတယ်။ မြောင်လေးတွေကတော့ တစ်နှစ်မှာ သုံးကြိမ်နဲ့ အထက်ဖြစ်ပြီး ၃ ရက်ကနေ ၁၅ ရက်လောက်ထိ ကြာတတ်ပါတယ်။

အဲ့လို အချိန်မျိုးမှာ အမလေးတွေက ကြောက်နေတတ်ပြီး အထီးလေးတွေ‌ရောက်လာဖို့ကို အသံပြုတတ်သေးတယ် ဖီဖီ၊ မီမီတို့ရဲ့ …😬

သူတို့ရဲ့ အသွေးအသားကတောင်းတိုင်း မရရင် မပျော်တော့ဘဲ တအိအိဖြစ်နေတာကို ဖီဖီ၊ မီမီတို့ ကြည့်ပြီး စိတ်မချမ်းမသာဖြစ်ရပါတယ်။

အထီးလေးတွေက အချိန်တန်ရင် ထိန်းမ‌ရတော့တာမျိုး၊ စိတ်အတက်အကျ အရမ်းများတာမျိုး၊ အပြင် အရမ်းထွက်ချင်တာမျိုးတွေကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အစားမစားတော့တာမျိုး၊ စိတ်ဓာတ်ကျနေတာမျိုးတွေနဲ့ အခြားသော ကျန်းမာရေး ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ 😞

အမလေးတွေကို တားဆေး ခဏ၊ ခဏ ထိုးရင်လည်း အဲ့ဒဏ်တွေကို ကလေးတွေကပဲခံရတာပါ။
အသက်ကြီးလာတာနဲ့ အမျှ သားအိမ်မကောင်းတော့တာ၊ သားအိမ်ကင်ဆာဖြစ်လာတာနဲ့ တစ်ခြား ဝေဒနာတွေပါ ရလာနိုင်ပါတယ်။😩

သူတို့လေးတွေအတွက် မီးဖွားရတာက ခက်ခဲတဲ့ အပြင် အသက် ဆုံးရှုံးရတာမျိုးတွေဖြစ်တတ်တာကြောင့် အဲ့လိုအဖြစ် မကြုံရအောင် သားဆက်ပေးတော့မယ်ဆို ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သေချာ ပြင်ဆင်ပြီးမှ ယူနော်။ 👀

သင်းတာနဲ့ သားအိမ်ထုတ်တာကို ရှစ်လ နဲ့ တစ်နှစ်အရွယ်လောက်မှာ လုပ်ကြတယ်။ (သေချာ အရွယ်ရောက်ပြီးချိန် မှာ တစ်ခါတည်း လုပ်လိုက်တာ ကောင်းပါတယ်) အသက်ကြီးမှ လုပ်ရင် နောက်ဆက်တွဲ ပြဿနာတွေရှိတတ်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်တာ အကောင်းဆုံးပဲ … 🫶🏻

ဘာလို့ လုပ်သင့်တာလဲဆိုတော့ ကလေးတွေမှာ ဖီဖီ၊ မီမီတို့ မတောင့်တသေးပဲ ကိုယ်ဝန်တွေ မရလာဖို့နဲ့ သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ဖို့ပါရှင့်။ မေ့ဆေးပေးပြီး လုပ်ရတာကြောင့် စိုးရိမ်ပူပန်ကြမှာပေမယ့် စိတ်ချရတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး လုပ်လို့ ရပါတယ်။

လူတွေထက် အာဝုနဲ့ မြောင်တို့က အရွယ်ရောက်တာပိုမြန်ပါတယ်။ သူတို့ မျိုးဆက်ကို ဖီဖီ၊ မီမီတို့ကယူပြီးရင် သားဆက်ခြားဖို့ လုပ်သင့်ပါတယ်။ ဒါမှလည်း သူများကိုပေးပစ်ရတာတွေ၊ မနိုင်တော့တဲ့ အဖြစ်တွေ မရောက်လာမှာပါ။ သားယူတာများရင်လည်း ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာကို မမေ့လိုက်နဲ့နော်။🥰

ပြောတာတွေ များသွားပြီဆိုတော့ လုပ်ပြီးရင် ဖြစ်လာမယ့် ကောင်းကျိုးတွေ အခုမှ စပြောတော့မယ်နော် 😁

၁။ အသက်ပိုရှည်၊ ကျန်းမာပြီး ဖီဖီ၊ မီမီတို့နဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်မယ်။ 💞

၂။ သားအိမ်ထုတ်လိုက်တဲ့ အတွက် သားအိမ်ကင်ဆာ၊ သားအိမ်ပိုးဝင်တာတွေ မရှိတော့တဲ့ အပြင် ရင်သားကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့ချပေးတယ်။ Mood Swings ဖြစ်တာ၊ စိတ်ရှုပ်တဲ့ အပြုအမူတွေ ပြတာအပြင် အစက်အပျောက်ပေါ်လာတာမျိုးတွေလည်း နည်းပါးသွားပါလိမ့်မယ်။ (သူတို့လေးတွေလည်း မင်မင်တို့လူတွေလိုပဲ)

၃။ အထီးလေးတွေကို သင်းလိုက်ရင် ဆီးကြိတ် ကင်ဆာ ၊ အူကျွံတာနဲ့ ဥကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ချပေးပြီး၊ နယ်မြေပိုင်နက် သတ်မှတ်တာ၊လုတာတွေ လိင်ပိုင်းဆိုင်ရာ ရန်လိုမှုနဲ့၊ နေရာတွေ၊ ပစ္စည်းတွေကို ရှူရှူး ပန်းတာမျိုးတွေ နည်းလာပါလိမ့်မယ်။

၄။ စကားနားမ‌ထောင်တာမျိုး၊ ဆိုးတဲ့ အမူအရာတွေ မလုပ်တော့ဘဲ လူယဥ်လာပါလိမ့်မယ်။ ထိုးဟောင်တာတွေ၊ ကိုက်တာတွေလည်း နည်းလာပါလိမ့်မယ်။ 🐕

၅။ အိမ်ကပ်ပြီး အပြင်သိပ်မသွားတော့တာကြောင့် ကားတိုက်ခံရတာမျိုးလို တစ်ခြားသော မတော်တဆ ဖြစ်နိုင်ချေတွေ လျော့သွားမယ်။ အပြင်မှာ ရန်ဖြစ်တာမျိုး၊ ကူးစက်ရောဂါ ကူးလာတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။

၆။ တိလေးတွေရဲ့ ပိုင်ရှင်မဲ့ ဘဝတွေကိုလည်း လျော့ချနိုင်မယ်၊ ဒါဆို ကိုက်ခံရတာနဲ့ အခြားသော လေလွင့်ဝုနဲ့ မြောင်တို့ကြောင့် ဖြစ်တဲ့ ကိစ္စတွေလျော့နည်းလာမယ်။ အဆိပ်ချတဲ့ ဖြစ်စဥ်တွေလည်း လျော့နည်းလာမှာပါ။🥺

ABP က Share ပေးတဲ့ ဒီ Knowledge လေးကို ဖီဖီ၊ မီမီတို့ နှစ်သက်တယ်ဆို React & Share ပေးပြီး သိစေချင်တဲ့ တစ်ခြား ဖီဖီ၊ မီမီတို့ကို Mention လုပ်ပေးသွားပါဦးနော်။ 💛😇 ဒီ Post လေးမှာ တူတူ ဝင်ရောက် ဆွေးနွေးလို့လည်း ရပါတယ်ရှင့်။ 😁

ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾
☏ 09778881599
📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9
အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂) အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

20/07/2024

ဝါဆိုလပြည့်-ဓမ္မစင်္ကြာအခါတော်နေ့လေးမှာ ပြည်သူပြည်သားများအားလုံး စိတ်နှလုံးအေးချမ်းသာယာပြီး ကံကောင်းခြင်းများ ပိုင်ဆိုင်ရပါစေလို့ All About Pets မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🥰

ᴀ ᴘʟᴀᴄᴇ ᴡʜᴇʀᴇ ʏᴏᴜʀ ᴘᴇᴛ ᴡɪʟʟ ᴀʟᴡᴀʏꜱ ʟᴏᴠᴇ🐾

☏ 09778881599

📍ɴᴏ.959, ᴢᴀɴɪʟᴀ 2ɴᴅ ꜱᴛʀᴇᴇᴛ(ʟᴏᴡᴇʀ), 16/1 Qᴜᴀʀᴛᴇʀ, ᴛʜɪɴɢᴀɴɢʏᴜɴ
🐕https://goo.gl/maps/iJyRQvERcbrYQ4iQ9

အိမ်အမှတ် ၉၅၉၊ ဇဋိလ(၂)၊ အောက်လမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ကန်းကျွန်းမှာရှိတဲ့ ABP ကို ကလေးလေးတွေနဲ့ အတူ ဆက်ဆက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ဇဋိလ (၂) အောက်လမ်း
Yangon