Joy English Learning Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Joy English Learning Center, Language school, No. 002, Building 3, Hlaing Thiri, Housing, Yangon.
22/05/2024
"သတိထားနော်.. တောအုပ်ကြီးကိုတစ်ရက်တည်းနဲ့ဆောက်မိရင် လေတိုက်တာနဲ့ သစ်ပင်တွေပြန်လဲသွားလိမ့်မယ်။ "
✨ဟုတ်ကဲ့..ဆရာတာရာမင်းဝေရေးခဲ့တဲ့ စာလေးအတိုင်းပါပဲ။ လောကကြီးမှာ ဘယ်အရာဖြစ်ဖြစ် အချိန်ခဏလေးနဲ့တည်ဆောက်လို့မရပါဘူး။
English ဘာသာစကားသင်ယူတဲ့နေရာမှာ ပိုလို့တောင် သိသာပါသေးတယ်။ 🗝️
အခြေခံအကျဆုံးဖြစ်တဲ့ Phonics ကိုငယ်ရွယ်စဉ်ကတည်းက လေ့လာသင်ယူမှသာ ဘာသာစကားအခြေခံ ခိုင်မာကောင်းမွန်ပြီး အရွယ်ရောက်တဲ့အချိန် Higher education နဲ့ထိတွေ့တဲ့အခါ အားသာချက်တစ်ခုဖြစ်နေမှာပါ။ 🤍
ကျမတို့ Joy မှာတော့ ဝါရင့်ဆရာမများက ကျောင်းသူ/သားတစ်ယောက်ချင်းစီအတွက် curriculum ကိုသေချာဂရုစိုက်ဆွဲပြီးသင်ကြားပေးတဲ့အပြင် လူဦးရေအကန့်သတ်နဲ့သာ လက်ခံပေးတာမလို့ တိုးတက်မှုရှိစေမှာတော့ အာမခံပါတယ်ရှင်။ 🥰
June လအတွက်လည်း ကျောင်းအပ်စတင်လက်ခံနေပြီမလို့ Page Messenger (သို့မဟုတ်)
Ph- 09 942 053 908ကိုဆက်သွယ်စာရင်းပေးနိုင်ပါပြီရှင် 🍂
06/04/2024
Movies Review 💙
မင်္ဂလာပါ Joyers တို့ရေ။ ဒီအပတ်အတွက် Admin ရွေးပေးထားတာတော့ 2014 ကထွက်ရှိထားတဲ့
Song of the Sea ဆိုတဲ့ ကာတွန်းကားလေးပဲဖြစ်ပါတယ်။ 🍃🌺
Ben ဆိုတဲ့ကောင်လေးတစ်ယောက်က မိဘတွေနဲ့အတူ ကျွန်းလေးတစ်ကျွန်းပေါ်ကမီးပြတိုက်မှာနေရင်း ညတိုင်းသူ့အမေပြောပြတဲ့ Selkie ဆိုတဲ့ ရေထဲဆင်းရင်ဖျံဖြစ်သွားတဲ့ ကောင်မလေးရဲ့အကြောင်းတွေ၊ Spirit တွေကိုကျောက်ရုပ်လုပ်ပစ်တဲ့ Witch Owl ကြီးရဲ့အကြောင်းတွေကို ညအိပ်ရာဝင်ပုံပြင်အဖြစ်နဲ့ နားထောင်ခဲ့ရတယ်။ ဒါပေမဲ့သူ့အမေက
Saoirse ဆိုတဲ့ ညီမလေးကိုမွေးပြီးပြီးချင်းမှာပဲ
ပျောက်သွားခဲ့တယ်။ ဒီလိုနဲ့စိတ်ဒဏ်ရာရသွားတဲ့
Ben ဟာ အသက်၆နှစ်အထိစကားမပြောသေးတဲ့
ညီမလေးကို လုံးဝကြည့်မရခဲ့ဘူး။ တစ်ရက်
သူ့အမေပေးခဲ့တဲ့ မှုတ်လို့ရတဲ့ ခရုခွံလေးကို သူ့ညီမက ယူမှုတ်မိတယ်၊ အဲဒီနောက် Ben သိလိုက်ရတာက သူ့အမေပြောပြခဲ့တဲ့ ပုံပြင်တွေကအပြင်မှာလည်းတကယ်ရှိနေတဲ့အပြင် သူ့အမေရော၊ ညီမလေးပါ Selkie ဖြစ်နေတယ်ဆိုတာပဲ။ နောက်ဆုံး
Witch Owl ကြီးက ကျောက်ရုပ်လုပ်ဖိုပ့ သူ့ညီမကို
ဖမ်းသွားတဲ့အတွက် သူ့ညီမနဲ့ တခြား Spirit တွေ အားလုံးကို ကယ်ဖို့ကြိုးစားရပါတော့တယ်။ 🍂
ဒီကားလေးဟာ အိုင်းရစ်လူမျိုးတွေရဲ့ ဒဏ္ဏာရီပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး 2015 Oscars စာရင်းဝင်ခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။
Admin ကတော့ ဇာတ်လမ်းစကတည်းက နောက်ခံတီးလုံးနဲ့စပြီးမျောသွားတာ ဇာတ်သိမ်းပိုင်းလေးကိုသဘောကျလို့ သွားကြီးဖြီးပြီးပြုံးနေပေမယ့် ရင်ထဲမှာဝမ်းနည်းသလိုကြီးခံစားပြီးကျန်ခဲ့ပါတယ်။ 😪
အခုတစ်ခါတည်း Admin Trailer ကြည့်လို့ရအောင် comment box မှာ YouTube link လေးပါထည့်ပေးလိုက်တယ်နော်။ 💙
Click here to claim your Sponsored Listing.
Category
Website
Address
No. 002, Building 3, Hlaing Thiri, Housing
Yangon
11051