DV Myanmar Lottery Service

DV Myanmar Lottery Service

Share

အမြင့်တစ်နေရာကိုရောက်ဖို့ နင်းတက်သွားတဲ့ လှေကားက လူတစ်ဖက်သားရဲ့ ဘဝတော့မဖြစ်ပါစေနဲ့..

05/05/2024

Ko Aung Aungအမည်နဲ့DVပေါက်တဲ့အကိုဆက်သွယ်မရသေးလို့ပါဗျ ဒီPOSTတွေ့ရင် case Number fileလေးလာယူလို့ရပါတယ်ဗျ caseနံပါတ်ကြီးတဲ့ထဲမပါပါဘူးဗျ မင်မင်တို့လတ်တလောတိုက်စစ်တဲ့ထဲ လေးဦးပဲပေါက်ပါသေးတယ် မင်မင်တို့ဆီထိုးထားတဲ့သူတွေရှိရင် လာပြီးမေးပေးပါနော်

04/05/2024

ခုကစပြီး မင်မင်ပေါက်တဲ့သူနာမည်တွေဒီမှာတင်ပေးသွားပါမယ်

1.Ko Aung Aung
လတ်တလော​(3)ဦးရှိပါပြီး အကုန်ပြီးရင်စာပြန်ပေးပါမယ်ဗျ ဒီနှစ်ပေါက်တဲ့သူကတော့နည်းပါတယ် လတ်တလော​အားရစရာမရှိသေးပါ😢

13/01/2024

🛂Passport အသစ်လုပ်ရင်ကုန်ကျစရိတ်ဘယ်လောက်ကျနိုင်လဲ

✨Qr Code ကျရန်အတွက် 35000အရင်ပေးသွင်းပြီး formတင်ရပါတယ်
💫ရန်ကုန်​ရုံးကိုသွားလုပ်တဲ့အခါ တံဆိပ်​တုံးထုခ=1000
💫လဝကအထွက်=5000 အခြေနေပေါ်မူတည်ပြီးပေရတာလည်းရှိသလို မပေးရတာလည်းရှိပါတယ်
💫ဓာတ်ပုံ​ရိုက်တဲ့အခါမှာတော့ 5000ပေးရပါတယ် မပေးရတဲ့သူမကြားဖူးသေးပါဘူး
💫 စာအုပ်ထုတ်တဲ့အခါမှာ စာအုပ်ဖုံးအတွက်3000ပေးရပါတယ် မဝယ်ချင်သူတွေက passport အစစ်ဆေးမခံပဲလှည့်ထွက်လို့ရပါတယ်

ဒီထဲကအတိုင်းအများစုဖြတ်သန်းရပါတယ်
💫တကယ်လို့ Online​Qr Codeအတွက်အမှားပြင်တဲ့အခါနဲ့ အိမ်ထောင်စုအရှုပ်ရှင်းတွေရှိရင် 5000မှ10000ဝန်းကျင်ထိထပ်မံကုန်ကျနိုင်ပါတယ်

💫 ပုံမှန်​ကုန်ကျစရိတ်ကတော့အပြီးအစီး 49000 အစမှအဆုံးကုန်ကျနိုင်ပြီး စာအုပ်အဖုံးနှင့်လဝကအထွက်ဉာဏ်ရှိသလိုလှည့်ထွက်နိုင်ရင်တော့ 8000သက်သာပါမယ်

💫Passport လျှောက်လိူသူများအနေနှင့် မိမိမွေးဖွားရာတိုင်းနှင့်ရန်ကုန်ဆိုပြီးနှစ်နေရာလုပ်လို့ရပါတယ် ရန်ကုန်​ကတော့ရုံးချုပ်ဖြစ်လို့ ဘယ်ဒေသကမဆိုလာလုပ်လို့ရပါတယ် လက်ရှိ​အခြေအနေ​အရ တိုင်းဒေသတွေမှာရှိတော့Passportရုံးတွေမှာတော့ အစီစဥ်တကျမဖြစ်လို့ ရဖို့ခက်ခဲ့သလိုတစ်ခုခုပြန်ပြင်ရင်တော့အချိန်ကြန့်
ကြာတာတွေရှိပါတယ် ဖြစ်နိုင်ရင်​Online Booking ယူပြီး ရန်ကုန်​မှာလုပ်ကြပါ
ငွေကုန်ကြေးကျနည်းပါတယ်
💫ပွဲစားတွေ၊ အမြန်တွေ မလုပ်စေချင်ပါ ကိုယ်တိုင်လုပ်ရင်5သောင်းတောင်မကျော်တာ လေးငါးသိန်းပေးပြီးမလုပ်ကြပါနဲ့
💫 ကလေးဆိုရင် မွေးပြီး 1ကစလုပ်ရပါတယ် မှတ်ပုံတင်မရှိတဲ့ကလေးတွေဆိုရင် မွေးစာရင်းပြဖို့လိုပါတယ်
💫 မှတ်ပုံတင် 18နှစ်ပြည့်မလဲလှယ်ရသေးရင် ပြန်လွှတ်ခံရပါမယ်
💫 သန်းခေါင်​စာရင်း မူရင်းမပါရင်ပြန်လွှတ်ပါမယ်
💫သတ်မှတ်ထားတဲ့ရက်အတွင်းသွားမလုပ်နိုင်ရင်တစ်ပတ်အတွင်းပြန်လုပ်လို့ရပါတယ်
💫 Passportအတွက် စလစ်ရပြီး ရက်90အတွင်း သွားထုတ်လို့ရပါတယ်
💫ထုတ်တဲ့အခါ မှတ်ပုံတင်နဲ့စလစ်ယူဆောင်သွားရပါတယ် ကိုယ်စားထုတ််မယ်ဆိုရင် အိမ်ထောင်​စုထဲပါတဲ့သူဖြစ်ရပါမယ်
အခြာသိချင်တွေရှိရင်လာမေးလို့ရပါတယ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aung Chan Thar Street
Yangon
11041