Swallow Cashew Kernel

Swallow Cashew Kernel

Share

Swallow Cashew Nuts Production

Photos from Swallow Cashew Kernel's post 12/09/2020

💕မယ်ဇလီ နဲ့ သီဟို 💕
Cashew lover ​လေး​တွေအတွက် ဒုတိယ​မြောက် ​ menu ​လေးတစ်ခု​​ရွေးထားပါတယ်​နော် 🤩

ဘာ​လေးလဲဆို​တော့ .....

မယ်ဇလီရွက် ဟင်းချို​လေးပါ 🤩

တန်​ဆောင်မုန်းလပြည့်​နေ့ဆို ​ဆေးဖက်ဝင်တယ်လို့ နာမည်ကြီးတဲ့ မယ်ဇလီရွက်​လေး​တွေကို အဖူးမပါဘဲ သီးသန့်ချက်ထားတာပါ

​​နေရာ​ဒေသအလိုက် ချက်နည်းအမျိုးမျိုး ရှိ​ပေမယ့် မင်မင် ချက်တဲ့နည်း​လေးကို ပဲ ​ပြောပြ​ပေးပါမယ်😍

​မယ်ဇလီရွက် (သို့မဟုတ်) အဖူးကို ငါးခူ, ခရမ်းချဥ်သီးတို့နဲ့ အမျိုးမျိုးချက်စားကြ​ပေမယ့် မယ်ဇလီ နဲ့ အလိုက်ဖက်ဆုံးက​တော့ သီဟိုဆံ ဆိုတာ​တော့ ငြင်းလို့မရဘူး​နော် ❤

၁. ပထမဆုံး မယ်ဇလီရွက်​လေး​တွေကို အခါး​ပေါ့သွား​အောင် ပြုတ်ပြီး ခပ်ပါးပါး​လေး လှီးထားပါတယ်

၂. ကြက်သွန်ဖြူ, ပုစွန်​ခြောက် ကို ​မညက်တညက် ​ထောင်းထား​ပေးပါ

၃. ကြက်သွန်နီ ကို ​လေး​ထောင့် အတုံး​လေး​တွေ လှီးထားပါမယ်

၄. ခရမ်းကစွပ်သီးကို ​ထောင်းထားပါမယ်

၅. သီဟိုဆံကို ​ရေ​ဆေးပြီး ပန်းကန် တစ်ခုထဲ ထည့်ထားပြီးရင် စချက်လို့ ရပါပြီ

၆. ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ, ကြက်သွန်နီ , ပုစွန်​ခြောက်မှုန့်, မယ်ဇလီ အရွက်ပြုတ်,ခရမ်းကစွပ်သီး, သီဟိုဆံ, ဆား အနည်းငယ် တို့ထည့်ပြီး အကုန်နယ်ပါတယ်

၇. နယ်ထားပြီး ​​ရေ​နွေးထည့်ချပြီးရင် မီးဖို​​ပေါ် ၁ နာရီ နီးပါးခန့် နူး​အောင်တည်ထားပေးပါ။
ဒါဆိုရင် ထမင်းနှင့် အလိုက်ဖက်ဆုံး ဟင်းတစ်ခွက် ရပါပီရှင်

06/09/2020

❣️ဂုဏ်ယူစရာ ❣️
❣️မြန်မာ့လက်ဖက် နှင့် မြန်မာ့သီဟိုဆံ❣️

လက်ဖက်ပွဲ​လေး ပိုမို ခံတွင်း​တွေ့​စေဖို့
လက်ဖက်ပွဲ​လေး ပိုမို စားချင်စဖွယ် လှပ တင့်တယ်​စေဖို့
Swallow သီဟိုဆံက ထပ်​ဆောင်း အားဖြည့် ပါရ​စေ

၁၀၀% မြန်မာနိုင်ငံ ထွက် စား​သောက်ကုန်များနဲ့ ဂုဏ်ယူစွာ မြန်မာ့ လက်ဖက်ပွဲ​လေး
ပြင်ဆင်ပြီး ​နေ့လည်​နေ့ခင်း အ​မော​လေး ​ဖြေကြစို့​​နော်

# # သီဟိုဆံ​လေးကို ​ထောပတ်​လေးနဲ့ နည်းနည်း​လေး ​လှော်​ပေးပြီး ​မွှေး​မွှေး​လေး စားကြစို့​နော်

Photos 02/09/2020

🥰 Eat Together, Healthy Together 🥰

ကောင်းတဲ့အစားအစာ​တွေ စား ရင် ချစ်တဲ့သူ​တွေကို သတိရကြတာ သဘာဝပဲမလား 🥳

ကိုယ်ချစ်တဲ့သူ​တွေ​ရော ကိုယ်​ရော ကျန်းကျန်းမာမာနဲ့ အလုပ်​တွေအများကြီးလုပ်နိုင်ဖို့ Antioxidants ဓါတ်​တွေ လိုအပ်တယ်​လေ

ကျန်းမာ​ရေး အ​ထောက်အကူပြုတဲ့ ဓါတ်တွေ အများကြီးပါဝင်တဲ့ သီဟိုဆံကို တစ်ရက် 30grams နီးပါးစား​ပေးခြင်းက ကျန်းမာ​ရေးအတွက် အ​ကောင်းဆုံး ပါပဲ့တဲ့နော်

Swallow Cashew 1 kg ကို တစ်​ယောက်တည်း ​နေ့စဥ် စားမယ်ဆိုရင် တစ်လ နီးပါး ကြာ​အောင် စားရပါတယ် 🎊

1 kg က​နေ ရန်ကုန်, မန္တ​လေး, ​​တောင်ကြီး, မော်လမြိုင်, ပြင်ဦးလွင်, ​နေပြည်​တော်, ပြည်, မုံရွာ, လားရှိုး, ​အောင်ပန်း, က​လောမြို့ နှင့် ပဲခူးမြို့များကို အိမ်အ​ရောက် ​ငွေ​ချေစနစ်နဲ့ Delivery ပို့​ပေးပါတယ်​နော်
ကျန်မြို့များအားလုံးကိုလဲ ကားဂိတ်အ​ရောက် ပို့​ပေး​နေပါပြီ

လုံးငယ်ဆိုဒ် - 1 kg = 10600 kyats
လုံးလတ်ဆိုဒ် - 1kg= 11500 kyats
လုံးကြီးဆိုဒ် - 1kg = 12300 kyats
ခြမ်း I - 1kg= 8200 kyats
ခြမ်း II - 1kg = 5500 kyats
(1kg အထုပ်​စျေးပါ​)
Bar, Restaurants, Hotels & Shops များအတွက်
လက်ကားစျေးသီးသန့်ရှိပါတယ်💯💯

သီဟိုဆံကို ဘယ်လိုမျိုး အရသာရှိရှိ စားသုံးကြမလဲဆိုတဲ့ အစီအစဥ်​လေးကို page က​နေ အစဥ်မပြတ် ​ဖော်ပြ​ပေးသွားမှာဖြစ်လို့ page ​လေးကို အမြဲ ဝင်ကြည့်​နော်

ကဲကဲ ♥️ .... ကိုယ်ချစ်တဲ့သူ​တွေကို လဲ လက်​ဆောင်​လေး​ပေးရင်း ကိုယ်လဲ အခုပဲ စပြီး စားလိုက်ကြရ​အောင်​နော် 💌

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 79/81, Central Tower, Anawrahtar Road, Kyauktada Township
Yangon
11111

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00