Education Guide
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Education Guide, Educational consultant, Yangon.
22/02/2026
⛩️🇯🇵 ဂျပန်ရောက် မြန်မာကျောင်းသားများအတွက် တစ်လ (၁၂၀,၀၀၀) ယန်း ရရှိမည့် Mizuho Scholarship
ဂျပန်မှာ လက်ရှိ ပညာသင်ကြားနေပြီး scholarship ရှာဖွေနေတဲ့ မြန်မာကျောင်းသားများအတွက် Mizuho International Foundation (みずほ国際交流奨学財団) မှ ပေးအပ်သော ၂၀၂၆ ခုနှစ်အတွက် ပညာသင်ဆု (Scholarship) အကြောင်းကို ဝေမျှပေးခြင်ပါတယ်။
ဒီ တစ်ခါကတော့ ကျောင်းအကြောင်းမဟုတ်ပဲ၊ ဂျပန်မှာ လက်ရှိ university တစ်ခုခုမှာ တက်ရောက်နေတဲ့ ကျောင်းသားများလျောက်ထားနိုင်တဲ့ ပညာသင်ဆုအကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။
🏛️ Mizuho International Foundation သည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော Mizuho Bank မှ မတည်ထူထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပညာရေးကဏ္ဍကို အဓိက ပံ့ပိုးပေးနေသည့် ဖောင်ဒေးရှင်းဖြစ်ပါသည်။
🎓 ထောက်ပံသော Foundation - Mizuho International Foundation (みずほ国際交流奨学財団)
💰 ချီးမြင့်မည် scholarship ပမာဏ - ယန်း ၁၂၀,၀၀၀/ month
📅 ထောက်ပံပေးမည်ကာလ - ၂နှစ် (2026/10 - 2028/9)
👩🎓 ချီးမြင့်ပညာသင်ဆုအရေအတွက် - ၁၅ ယောက်
⌛ လျောက်ထားနိုင်သောကာလ January 13th to May 8th
ဒီ deadline ဟာ foundation ဘက်ကဖြစ်ပြီး၊ တစ်ကျောင်းနဲ့တစ်ကျောင်း deadline ကွာခြားနိုင်တာ သတိချပ်ပါ။
🚨 လျောက်ထားနိုင်သူများ (Eligibility)
✅ Japanese University တစ်ခုခုတွင် လက်ရှိပညာသင်နေသူ ( undergraduateရော Graduateပါ လျောက်ထားနိုင်ပါတယ်)
✅ တခြား ပညာသင်ဆု scholarship တစ်ခုခုကို ရရှိထားသူမဖြစ်ရ
✅ Visa status က 留学 ( Student visa ) ဖြစ်ရမည်။ ( 特定活動 visaနဲ့ တခြာvisa ကိုင်ဆောင်ထားပြီး ကျောင်းတက်နေတဲ့သူဆို လျောက်ထားလို့မရနိုင်ပါ)
🏫 လျောက်ထားရမည်ပုံစံ
• ဤပညာသင်ဆုကို Foundation သို့တိုက်ရိုက်လျောက်ထားလို့မရနိုင်ပါ။
• မိမိတက်ရောက်နေသော ကျောင်း၏ International Student Affairs (ကျောင်းသားရေးရာဌာန) မှ တစ်ဆင့်လျှောက်ထားရမည်။
University ဘက်က ရွေးချယ်ပြီးမှ Foundation ကို recommend ပေးမှာ ဖြစ်တဲ့အတွက် university အဆင့်မှာ ရွေချယ်ခံရဖို့လိုပါတယ်။ Japanese skill requirement မဖော်ပြထားတဲ့အတွက် English taught နဲ့သင်ကြားနေတဲ့ ကျောင်းသားများပါ လျောက်ထားနိုင်ပါတယ်။
GPA ကောင်းမှ university အဆင့်ရွေးချယ်ခံရမှာ ဖြစ်လို့ GPA ကောင်းတဲ့ ကျောင်းသားတွေ မိမိတက်ရောက်နေသောကျောင်းရဲ့ International Student Affairs office မှာ စုံစမ်းလျောက်ထားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Official Website
https://mizuhokokusai.la.coocan.jp/
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon