Pawgals

Pawgals

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pawgals, Pet Supplies, Yangon.

05/06/2021

Pawgals Page လေးမှကြိုဆိုပါတယ်ရှင်...

ဒီ page လေးက အာဝုလေးတွေနဲ့ မြောင်တို့အတွက်
ဝယ်ယူဖို့ ခက်တဲ့ပစ္စည်းလေးတွေ၊ ဘာဝယ်ရမှန်းမသိ
အခက်ကြုံနေတဲ့ pawrent တွေအတွက် ကူညီပေးမယ့်
Page လေးဖြစ်လို့ အားပေးကြပါအုန်းနော်...

ဘာလို့စလုပ်ဖြစ်တာလဲ။

Paw friend တွေအတွက်လိုအပ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ လွယ်လွယ်မရတာတွေ၊ ဝယ်ချင်ပေမယ့် ဒီမှာမရောင်းလို့ မဝယ်ဖြစ်တာတွေ၊ သုံးနေတဲ့ပစ္စည်းကို စိတ်တိုင်းမကျလို့ တခြားပစ္စည်းပြောင်းသုံးချင်တဲ့လူတွေ၊ ဝယ်ပြီးမှ အဆင်ပြေမပြေမသိလို့ အကောင်းစားတွေ ကောင်းပေ့တွေကို သုံးပေးချင်ပေမယ့် မသုံးရတဲ့ မိဘတွေအတွက် ရည်ရွယ်ပြီးတော့ လုပ်ဖြစ်ပါတယ်။

ဘယ်သူတွေလုပ်တာလဲ။
Canine နဲ့ပတ်သက်တဲ့ သဘာဝဆန်ဆန်ပြုစုပုံ၊ Organic ပစ္စည်းတွေအကြောင်းကောင်းကောင်းနားလည်တဲ့၊ အိမ်တွင်းဆေးဝါးနဲ့ပတ်သက်ပြီးနားလည်တဲ့ Pawrent တစ်ယောက်ရယ်၊ အာဝုချစ်သူ Pawrent တစ်ယောက်ရယ်ပေါင်းပြီးတော့ ကတ်စတန်မာ Paws လေးတွေကို ကိုယ့်သားသမီးတွေလို သဘောထားပြီး အကြံပေးပေးမှာပါ။

ဘယ်ကနေသွင်းမှာလဲ။ ဘယ်လိုပစ္စည်းတွေလဲ?
ပစ္စည်းအများစုကို US/ Australia/ Singapore ကနေ တိုက်ရိုက်မှာပေးမှာဖြစ်ပြီးတော့ ဘန်ကောက်ကနေတော့ Pawrent တို့လိုချင်တာရှိရှင်ရှာပေးမှာပါ။ ဘာလေးလိုချင်တယ်ဆိုတာနဲ့ ရနိုင်မယ့်နိုင်ငံတွေ အညွန်းတွေသေချာပြောပေးမှာပါ။ ပစ္စည်းကတော့ ခြေလေးချောင်းနဲ့ အမြီးပါတဲ့အကောင်တိုင်းတွက် ခေါင်းအစအမြီးအဆုံးအကုန်အစုံ မှာပေးမှာပါ။

စျေးကြီးမှာလား?
အနောက်နိုင်ငံတွေကမှာလို့ စျေးကြီးမယ်မထင်ပါနဲ့။ ပစ္စည်းတန်ဖိုး၊ အခွန်၊ ပို့ခအပေါ်မှာမှ ၁၀ရာခိုင်နှုန်းကိုပဲ ပေါက်စျေးအတိုင်းယူမှာပါ။

ကြိုပေးထားဖို့လိုလား?

ပစ္စည်းပေါ်မူတည်ပြီးတော့ ၅သောင်းထပ်ပိုတဲ့ပစ္စည်းတွေကိုတော့ အနည်းဆုံး ၅၀ရာခိုင်နှုန်းကြိုလွှဲပေးဖို့လိုပါတယ်။ တချို့ပစ္စည်းတွေကိုတော့ တရာရာခိုင်နှုန်း ကြိုလွှဲပေးရပါလိမ့်မယ်။ ကြာချိန်ကတော့ တလဝန်းကျင်လောက်ပါပဲ။

တခြားသိချင်တာတွေရှိရင်လဲ မက်ဆေ့ချ်ပို့ပြီးမေးလို့ရပါတယ်။

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11181