Amber-GGI Nippon Life Insurance Agent
Peace of mind☺
29/10/2023
"သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့"
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ကောင်းမှုကုသိုလ်များပြုရင်း အေးချမ်းသာယာတဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း GGI Nippon Life မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏🙏🙏
On the full moon day of Thadingyut, as Buddhists worldwide honor this auspicious occasion, the GGI Nippon Life family joins in prayer for a harmonious and prosperous day ahead. 🙏🙏🙏
22/09/2023
Insurance မှာ ဆိုရိုးစကား တစ်ခုရှိတယ်ဗျ။
"ဘယ်အမျိုးသမီးမှ သူတို့ခင်ပွန်း အသက်အာမခံ ထားဖို့လိုတယ် မထင်ဘူး။
ဘယ်မုဆိုးမမှလည်း သူ့ခင်ပွန်း အသက်အာမခံထားတာ များသွားတယ်လို့ ငြီးလေ့ မရှိပါဘူး" တဲ့။
စကားက တည့်တည့်ပြောတော့ နည်းနည်းတော့ ကြမ်းကောင်း ကြမ်းသွားနိုင်ပေမယ့် ဒါက အမှန်တရားပါပဲ။ ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အသက်အာမခံ၊ ကျန်းမာရေးအာမခံ ထားထားတာပါ။
ကားဘီးဆိုတာ နေ့တိုင်း ပေါက်နေတာမှ မဟုတ်တာဗျာ။ ဘာလို့ ကားထဲမှာ ဘီးအပိုတွေ နေ့စဉ် အလေးခံပြီး ဆောင်ထားကြသလဲ ဆိုတဲ့ Concept ကို ပြန်စဉ်းစားကြည့်ရင် သိမှာပါ။
ကျွန်တော်တို့ အပြင်ထွက်ရင် ကိုယ့်အိတ်ကပ်ထဲ ထည့်သွားတဲ့ ပိုက်ဆံအကုန် သုံးဖြစ်တာမှ မဟုတ်တာ.. သုံးမယ်ဆိုတာ မသေချာတဲ့ ပိုက်ဆံအပိုတွေကို ဘာလို့ အိတ်ကပ်ထဲ အလေးခံအပျောက်ခံပြီး ထည့်သွားသေးလဲဆိုတဲ့ အချက်လည်း ပြန်စဉ်းစားကြည့်လို့ ရပါတယ်။
တကယ်တော့ အသက်အာမခံဆိုတာ လူလတ်တန်းစားတွေအတွက် ပိုလိုအပ်ပါတယ်။ သူဌေးတွေက သူတို့မရှိရင် နောက်က သူ့မိသားစုအတွက် အထုပ်အထည်တွေနဲ့ မကြောင့်မကြအောင် ထားခဲ့နိုင်ပါသေးတယ်။ လူလတ်တန်းစားတွေမှာက လူကိုပဲ ရင်းပြီး မိသားစုကို ကျွေးနေရတာမို့ ကိုယ်မမျှော်မှန်းနိုင်တဲ့ ဖြစ်ရပ်တွေအတွက် ကိုယ့်မိသားစုကို အကာအကွယ် ယူထားသင့်ပါတယ်။
တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အသက်အာမခံဆိုတာ မိသားစုအတွက် Family Financial Planning တစ်ခုအဖြစ်နဲ့ မထားမဖြစ်ကို ထားကြတာပါ။ သုတေသနစာတမ်းအရ အမေရိကန်နိုင်ငံမှာဆို လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း (၁၉၉၈-၂၀၁၈) သူ့နိုင်ငံသားတွေ ဝယ်ထားတဲ့ စုစုပေါင်းအသက်အာမခံပေါ်လစီ အရေအတွက်က သန်း ၆၆၀ နီးပါး ရှိတယ်။ အမေရိကန် တစ်နိုင်ငံလုံး လူဦးရေစုစုပေါင်းမှ သန်း ၃၂၈ သန်းပဲ ရှိတာမို့ လူတစ်ယောက်ကို အနည်းဆုံး အသက်အာမခံ ပေါ်လစီ ၂ ခုနဲ့အထက် ရှိတဲ့သဘောပါပဲ။ ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကဝယ်ထားတဲ့ အသက်အာမခံအရေအတွက်ကိုပဲ ထည့်တွက်ထားသေးတာပါ။ ကမ္ဘာထိပ်သီး အမေရိကန်တွေ တုံးလို့၊ မတွက်တက်လို့ အသက်အာမခံ ထားထားကြတာမဟုတ်တာတော့ သေချာပါတယ်ခင်ဗျာ။ ပညာတတ်လေ၊ စဉ်းစားဉာဏ်ရှိလေ သူ့မိသားစုရဲ့ Family Financial Planning ကို စနစ်တကျ ချတတ်လေဆိုတဲ့ သဘောပါ။
ဆိုတော့ဗျာ
"ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုရင် တရားဓမ္မ အားထုတ်ပါ။"
"သင့်မိသားစုကို ချစ်တယ်ဆိုရင် အသက်အာမခံ ထားထားပါ။"
အပေါ်ဆုံးက ဆိုရိုးစကားလေးကို မမေ့ပါနဲ့။
"ဘယ်အမျိုးသမီးမှ သူတို့ခင်ပွန်း အသက်အာမခံ လိုအပ်တယ် မထင်ဘူး၊ ဘယ်မုဆိုးမမှလည်း သူ့ခင်ပွန်း အသက်အာမခံထားတာ များသွားတယ်လို့ ငြီးလေ့မရှိပါဘူး" တဲ့။
Credit with THANKS: Thet Oo Shwe
Copy from Thet Oo Shwe
21/09/2023
နိုင်ငံခြားအသက်အာမခံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းကာ ဝန်ဆောင်မှုပေးလျှက်ရှိသော အသက်အာမခံကုမ္ပဏီ (၃) ခု ရှိပါတယ်။
၂၀၁၃ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ကြတဲ့ ပြည်တွင်းအသက်အာမခံကုမ္ပဏီများထဲမှ (၃) ခုဟာ ၂၀၁၉ ခုနှစ်မှာ နိုင်ငံခြားအသက်အာမခံကုမ္ပဏီများနှင့် အကျိုးတူ Joint Venture လုပ်ကာ မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
🔰 GGI Nippon Life
GGI Life & Nippon Life (Japan)
🔰 Capital Taiyo Life
Capital Life & Taiyo Life (Japan)
🔰 CB Life
CB Insurance & Thai Life (Thailand)
=====================================
ကျမ ကတော့ GGI Nippon နဲ့ လက်တွဲ၍ မြန်မာ ပြည်သူ လူထု ရဲ့ အသက်၊ အိုးအိမ်၊စည်းစိမ် များ အတွက် Risk အထိအခိုက် နည်းအောင်၊ အသက်အာမခံ ၊ ကျန်းမာရေး အာမခံ ထားရှိခြင်းရဲ့ အကျိုးကျေးဇူး သိရအောင်မျှဝေ ပေးနေပါတယ်ရှင်။
If you contact,Please 👇
Page Chat Box (or) 📲09265737215 🙏
Click here to claim your Sponsored Listing.
Category
Address
Yangon