Apsis IT-Solution

Apsis IT-Solution

Share

APSIS provides one stop automated solution for your trade and industry.

15/01/2022

Laptop များပျက်ရသည့်အကြောင်းရင်းများ


Laptop များတွင်ဖြစ်‌ပေါ်တတ်သည့် Hardware စက်ပစ္စည်း ပျက်စီးမှု အကြောင်းရင်းများ

=========================

(၁) ပါဝါနှင့် ဘက်ထရီ

--------------------------------

မီးအားအတက်အကျမြန်ခြင်း၊ ဘက်ထရီဖြင့်အားကုန်တဲ့အထိသုံးခြင်း၊ မီပလပ်ဖြင့် ရက်ပေါင်းများစွာအသုံးပြုခြင်း၊ Static လျှပ်စီးဆင်းမှု တွေကြောင့် ပါဝါ နဲ့ ဘက်ထရီ ချွတ်ယွင်းမှုတွေဖြစ်တတ်ပါတယ်။

-

(၂) Motherboard/CPU/RAM

-------------------------------------------

မီးအတက်အကျ၊ သယ်ဆောင်ရာတွင်ပေါ့ဆခြင်း၊ ပူနေချိန်တွင် အိတ်ထဲထည့်ခြင်း၊ ပူနေချိန်တွင် စွမ်း‌ဆောင်ရည်မြင့်သော Software များ ဂိမ်းများအသုံးပြုခြင်း၊ လေလမ်းကြောင်းပိတ်စေသော မွေ့ရာ ခေါင်းအုံး စသည့် ပျော့ပြောင်းသောမျက်နှာပြင်များတွင် အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊ မသုံးပဲ အချိန်ကြာမြင့်စွာ ပတ်ဝန်းကျင်လေထုအတွင်း ပစ်ထားခြင်း၊ ရာသီဥတုကြောင့် လေထုထဲရှိ ရေခိုးရေငွေ့ရိုက်ခြင်း၊ ရေဖိတ်စင်ခြင်း၊ မတော်တဆထိခိုက်ခြင်း အစရှိသည်တို့ကြောင့် ပျက်စီးတတ်ပါတယ်။

-

(၃) Graphic Unit

------------------------

အပူချိန်များခြင်း/FPS များသော ဂိမ်းများဆော့ခြင်း/Built-in ပါသော Graphic Unit နှင့် Dedicated/Extended Graphic Unit တို့အား ခွဲခြားအသုံးမပြုနိုင်ခြင်းတို့ကြောင့် Graphic Unit မှာ ချွတ်ယွင်းတတ်ပါတယ်။

-

(၄) HDD/SSD/DVD Drive

-------------------------------

မတော်တဆထိခိုက် ပြုတ်ကျခြင်း/တုန်ခါခြင်း/ ရေငွေ့ရိုက်ခြင်း၊ အဖြုတ်အတပ်များခြင်း/ပုံမှန်စွမ်း‌ေဆာင်နုိင်ရည်ထက်လွန်ကဲကြာမြင့်စွာ ရေးဖတ်မှတ်ခိုင်းခြင်း၊

ဥပမာ(3D Rendering/Video Editing) တို့ကြောင့် Data များပျက်စီးတတ်ပြီး ချွတ်ယွင်းတတ်ပါတယ်။

-

(၅) LCD/LED Panel Screen

----------------------------------

အပူထုတ်လွှတ်မှု များခြင်း၊ ရေငွေ့ရိုက်ခြင်း၊ မသုံးပဲ Stand by မလုပ်ပဲအချိန်ကြာမြင့်စွာ ဖွင့်ထားခြင်း၊ မသုံးပဲ အချိန်ကြာမြင့်စွာ ပတ်ဝန်းကျင်လေထုအတွင်း ပစ်ထားခြင်း၊ မတော်တဆထိခိုက်မိခြင်း၊ ‌လက်ချောင်းဖြင့်ထိုးဖိခြင်း ၊ ဆက်တိုက် အလင်းတင်အသုံးပြုခြင်း၊ စသောအချက်များကြောင့် Laptop တစ်လုံး၏ LCD/LED Panel ပျက်စီးစေပါတယ်။

ကျနော်တို့ Apsis It Solution မှ ပြီး လူကြီးမင်းတို့ရဲ့ laptop , desktop များကို အိမ် အရောက် ရုံး ‌အရောက် လိုက် လံပြုပြင် ဝန်ဆောင်မှုပေးနေပါပြီ...
ph : 09 421045424 , 09 420050846

30/12/2021

Phone တွေကို Computer မှာ We**am အဖြစ်အသုံးပြုနည်း
for - android, iOS, Window OS, macOS, Ubuntu -
-------------------------------------------------------------
Laptop တွေမှာတော့ We**am တွေ build-in အနေနဲ့ပါပြီးသားဖြစ်ပါတယ် အဲ့တာတွေကို တော့ ခန မေ့ထားလိုက်မယ်၊
Desktop သမားတွေကတော့ တော်တော်သဘောကျစရာကောင်းမယ်လို့ထင်ပါတယ်။
အသုံးပြုမဲ့ app က Iriun We**am ဖြစ်ပါတယ်၊
ဒီရဲ့ App က android ,iOS ,Windows , macOS, Ubuntu အကုန် Support လုပ်ပေးပါတယ်၊
Free Version ဖစ်တဲ့အတွက်ကြောင့်ဘာ water mark မှ ပါမှာမဟုတ်ပါဘူး တခုပဲ EpocCam Pro လိုတော့ Resolution FPS ကိုတော့ ရွေးချယ်ဖို့မပါ ပါဘူး
iOS User ဆိုရင်တော့ App store မှာ Iriun We**am for PC and Mac ကို Free Download ဆွဲလိုက်ပါ၊
https://apps.apple.com/.../iriun-we**am-for.../id1439303579
Android User ဆိုရင်တော့ Playstore ကနေပြိးတော့ Iriun We**am ဆိုတာကိုပဲ Free Download ဆွဲလိုက်ပါ၊
https://play.google.com/store/apps/details...
ကိုယ်မှာရှိတဲ့ Computer မှာဆိုရင်လဲ
Window User ဆိုရင် Download ဆွဲ installing လုပ်ပါ
https://mega.nz/file/vNFgATBY...
macOS User ဆိုရင်လဲ Download ဆွဲ installing လုပ်ပေးလိုက်ပါ
https://mega.nz/file/XVECXZjY...
Ubuntu User ဆိုရင်လဲ Download ဆွဲ install လိုက်ပါ
https://mega.nz/file/HNcy0TrJ...
iPhone ကိုသုံးပြီး Window OS မှာချိတ်သုံးရင်လဲ ရသလို Android ကိုသုံးပြီးတော့ macOS မှာ ချိတ်သုံးရင်လဲရပါတယ်၊
macOS မှာတော့ Limit တခုရှိမှာဖစ်ပါတယ်၊ PhotoBooth, FaceTime, Message နဲ့ build-in ပါတဲ့ Safari မှာလဲ သုံးလို့ရမည်မဟုတ်ပါဘူး၊ ဒါကတော့ ဘယ် App မှာ Support ပေးမယ်မထင်ပါဘူး
Wifi နဲ့လဲ support ပေးထားပေမယ့် USB Cable နဲ့ပိုပြီး Recommend ပေးပါတယ်၊
iOS မျာတော့ USB ကြိုးထိုး ပြီး recoding program တခုခုဖွင့်ပြိးတန်းသုံးလို့ရပေမယ့်
Android မှာတော့ USB Developer Options / On - အဲ့ထဲမှာပဲ USB Debugging / On ထားပေးမှာပဲသုံးလို့ အဆင်ပြေမှာဖစ်ပါတယ်။
ကျနော်အသုံးပြုပုံကတော့ ကျနော် Service GP မှာ recoding လုပ်ပေးဖို့လိုလာခဲ့ရင် tripod တခုနဲ့ စိတ်တိုင်းကျ ဖုန်းကိုထားပြီတော့ ... macbook မှာ FinalCut ကိုဖွင့်တယ်၊ပြီရင်း File - import media file ကိုနှိပ်ပြိး - irunWe**am ကိုရွေးပေးလိုက်ရင် macbook Display မှာ ကိုရိုက်မဲ့ Location ကိုလာပြနေမှာဖြစ်ပါတယ်၊ Strat Recoding နှိပ်ပြီး စိတ်ကြိုက် record လုပ်တယ်၊
လုပ်ထားသမျှ record တိုင်းကိုလဲ macbook storage ပေါ်ကို တိုက်ရိုက် Write ပေးတော့ phone ရဲ့ Storage ပြဿနာ Recoding ကို ဖုန်းကနေ Transfer လုပ်ရတဲ့ ဇယားတွေရှင်းသွားပြီပဲဖစ်ပါတယ်။
Windows User တွေကတော့ မခက်ခဲပါဘူး ... movavi video editor or we**am support လုပ်တဲ့ application တိုင်းကိုသုံးလို့ရပါတယ်
iMove , Movavi Video Editor တို့နဲ့လဲသုံးလို့ရပါတယ်၊ Final Cut Pro X Repack Version ကိုလဲ Link ထည့်ပေးထားပါတယ်၊
အခြား viber, zoom , QQ , WeChat နဲ့ အခြား app တွေရော Support လုပ်နိုင်ပါလိမ့်မယ်
Gamer တွေလဲ streaming လုပ်လို့ရဖို့များပါတယ် ကျနော်တော့မစမ်းဖူးပါဘူး Facebook Live လုပ်မယ်ဆိုရင်တော့ Safari မှအပ အခြား Browser ကိုသုံးကြည့်ပါ၊

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 347/6A, Nawaratt 3rd Street (Down Block), Thaketa 8 Ward
Yangon
11231