LOYAL Professional Engineering Group

LOYAL Professional Engineering Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LOYAL Professional Engineering Group, Construction Company, Pinlon Road, Yangon.

Photos from LOYAL Professional Engineering Group's post 06/09/2022

Reinforced Cement Concrete Structure နှင့် Steel Structure ခြားနားချက် များကို ကျွန်တော်များ LOYAL Professional Engineering Group မှ ချစ်သော မိတ်ဆွေ များ သိရှိစေရန် အတွက် တင်ပြလိုက်ပါသည် ခင်‌ဗျာ ...

******

Reinforced Cement Concrete Structure နဲ့ Steel Structure နှစ်ခုလုံးမှာ load transfer method က တူတူပါပဲခင်ဗျ သို့သော်Reinforced Cement Concrete Structure ကသံကူကွန်ကရစ် ဖြစ်ပြီးSteel Structure ကတော့ Mild Steel ဆိုပြီး တည်ဆောက်ခြင်းဆိုင်ရာ အသုံးပြု ပစ္စည်းအမျိုးအစားကွာပါတယ်။

👉Reinforced Cement Concrete Structure

ဝန်အားတွေကို သံကူဘိလပ်မြေကွန်ရစ်တွေကနေမြေကြီးပေါ်ကို သက်ရောက်စေပါတယ်

💁Steel Structure
ဝန်အားတွေကို Steel Member တွေကတစ်ဆင့် မြေကြီးပေါ် သက်ရောက်စေပါတယ်။

👉Reinforced Cement Concrete Structure

ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ ကြီးမားပါတယ်။

💁Steel Structure

ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ R.C ထက် သေးငယ်ပါတယ်။

👉Reinforced Cement Concrete Structure

ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည်ကတော့ နည်းပါတယ်။

💁Steel Structure
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည် အားသာပါတယ်။

👉Reinforced Cement Concrete Structure

Tensile strength က Steel Structure နဲ့ ယှဥ်ရင် နည်းပါတယ်။

💁Steel Structure
Tensile strength အ​နေဖြင့် RC တွေထက် အားသာချက်ရှိနေပါတယ်။

👉Reinforced Cement Concrete Structure
လုပ်သားလိုအပ်ချက် ပိုပြီးများပါတယ်။ intensive ဖြစ်တာပေါ့ခင်ဗျ

💁Steel Structure
လုပ်သားလိုအပ်မှုနည်းပြီး အလုပ်ရုံတစ်ခုတည်းမှာပဲ ကြိုတင် ထုတ်လုပ်ရေး ဆောင်ရွက်နိုင်မှု အားသာပါတယ်။

👉Reinforced Cement Concrete Structure
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုကြာတတ်ပါတယ်။

💁Steel Structure
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုမြန်ဆန်မှု ရှိပါတယ်။

👉Reinforced Cement Concrete Structure
သံချေးတက်ခြင်းအတွက်စိတ်ပူစရာမလိုအပ်ပါဘူး။သို့သော်လည်း လုပ်ငန်းဆာင်ရွက်စဥ် ဂရုစိုက်မှု အားနည်းခဲ့လျှင် ပြန်လည်ပြုပြင်မှုအတွက် မူလတည်ဆောက်ခြင်း ကုန်ကျစရိတ်ထက်ပင် ပိုနေတတ်ပါသေးတယ်။

💁Steel Structure
Steel structure ကတော့ သေချာပါတယ် အချိန်တစ်ခုကြာရင် သံချေးတက်မှာပါ။
(ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်။)

👉Reinforced Cement Concrete Structure
ပြန်လည်ပြုပြင်မှုအတွက် ကုန်ကျစရိတ်ပိုတယ်။
ပြုပြင်မှုအတွက်လည်း ခက်ခဲတယ်။

💁Steel Structure
ပြန်လည်ပြုပြင်မှု ကုန်ကျစရိတ် သက်သာတယ်။
ပြုပြင်မှုအတွက်လည်း လွယ်ကူပါတယ်။

👉Reinforced Cement Concrete Structure
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရပေမဲ့ တည်ဆောက်မှု နည်းပညာ အရမ်းကြီး ဆုံးဖြတ်ရ
မခက်ခဲပါ။

💁Steel Structure
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရသလို တည်ဆောက်မှု နည်းပညာဟာလည်း အရမ်းအရေးကြီးပါတယ်။

👉Reinforced Cement Concrete Structure
ဆောက်လုပ်မှုအတွက် ကျွမ်းကျင်လုပ်သားအပြင်
မကျွမ်းကျင်သူများလည်း ပေါများစွာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

💁Steel Structure
ကျွမ်းကျင်လုပ်သားများသာ အဓိက ဦးစားပေး ဆောင်ရွက်ခြင်းပြုလုပ်ရန် အလေးပေးပါတယ်။

👉Reinforced Cement Concrete Structure
ဆောက်လုပ်မှုဟာ ရိုးရှင်းပေမဲ့ မပေါ့ဆသင့်ပါ။

💁Steel Structure
တည်ဆောက်မှုလုပ်ငန်းဟာ ကြီးမား လေးလံတဲ့ အရာတွေကြောင့် သယ်ဆောင်ရန်၊ အသုံးပြုရန်ခက်ခဲခြင်း ပြဿနာများ ကြုံတွေ့နိုင်စေပါတယ်။

👉Reinforced Cement Concrete Structure
အလေးချိန်အားဖြင့် ပိုမိုလေးလံပါတယ်။
(Whole Building)

💁Steel Structure
အလေးချိန်အားဖြင့် နည်းပါတယ်။

👉Reinforced Cement Concrete Structure
မီးလောင်ဒဏ်ကို ပိုမိုကြာရှည်အောင် ခုခံထားနိုင်စွမ်းရှိပါတယ်။

💁Steel Structure
မီးလောင်မှုအား ခံနိုင်ရည်အလွန် နည်းပါတယ်။

👉Reinforced Cement Concrete Structure
ဆောက်လုပ်နေစဥ်အတွင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းများအား ဂရုစိုက်ကြည့်ရှုရန် အချိန်နဲ့အမျှ အရေးကြီးနေပါတယ်။

💁Steel Structure
ဆောက်လုပ်နေစဥ်အတွင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းများမှအပ အချိန်နဲ့အမျှ ​ဂရုစိုက်နေရန် မလိုအပ်ပေ။

👉Reinforced Cement Concrete Structure
အရည်အသွေးထိန်းရတာခက်ပါတယ်။
(Curing of Conc;)

💁Steel Structure
အရည်အသွေးထိန်းရတာ ပိုကောင်းပါတယ်။

👉Reinforced Cement Concrete Structure
ကျောက်ပုံးကျောက်ခွက်အတွက် လိုအပ်ချက်နှင့် လုပ်အား အလွယ်တကူရရှိနိုင်တဲ့ နေရာမျိုးတွေမှာ ကုန်ကျမှု သက်သာစေပါတယ်။

💁Steel Structure
တကယ်တမ်းကောင်းကောင်းလိုချင်ရင် ကုန်ကျမှုစရိတ် ပိုများပါတယ်။
ဥပမာ
သံချေးတက်ခြင်းကာကွယ်ရန် မီးလောင်ဒဏ်ခံခြင်းအတွက် ထပ်ဆောင်း ကုန်ကျစရိတ်တွေဖြစ်ပါတယ်။

👉Reinforced Cement Concrete Structure
ကျွတ်ဆတ်ခြင်းကြောင့် ရုတ်တရက်
ပြိုကျမှုဖြစ်ခဲ့သော် အလွန် အန္တရာယ်များပါတယ်။

💁Steel Structure
နန်းဆွဲခံနိုင်ခြင်းကြောင့် ရုတ်တရက် ပြိုကျခြင်းခက်ခဲပါတယ်။

ဟုတ်ကဲ့ပါ ။ အခု ‌‌ ပြောပြပေးခဲ့တဲ့ အ‌ကြောင်းအရာလေးတွေက မိတ်ဆွေတို့ အတွက် အိမ်ဆောက်ရာမှာ တွေးနေကြတဲ့ Reinforced Cement Concrete Structure က ပိုကောင်းလာ ၊ Steel Structure က ပိုကောင်းလားဆိုတာ ကွဲကွဲပြားပြား သိရှိသွားပြီလို ထင်ပါတယ် ။ လူကြီးမင်းတို့ရဲ့ အိမ်မက်ထဲက နေချင်စဖွယ်အိမ်လေးတွေကိုလဲ ကျွန်တော်များ LOYAL Professional Engineering Group မှ ကျွမ်းကျင် Engineers များမှ တာ၀န်ယူဆောက်လုပ်ပေးနေပါကြောင်း ထပ်ဆောင်း ပြောပြပါရစေခင်ဗျာ ....

From the First Step .... Toward Success

ပထမဆုံးခြေလှမ်းမှသည် ...အောင်မြင်ခြင်းဆီသို့

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pinlon Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00