Yoon.Precious Y
နှလုံးသားနဲ့ စိုက်ပျိူးထားတဲ့ ရသရောင်စုံပန်းခင်းလေးပါ.... Believe your inner power and be strong.
21/05/2026
တချိူ့က "မိုးရာသီမှာ မိုးရွာတာ မဆန်းပါဘူး"လို့ သဘောထားတတ်တယ်။ တချို့ကတော့ "ဒီမိုးကလည်း ထီးမပါမှ ရွာပြန်ပြီရယ်"လို့ ညည်းညူတတ်တယ်။ ဒါတွေဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အတွေးနဲ့ ရှုမြင်ပုံပါပဲ။ သူ့စိတ်နဲ့ သူ၊ သူ့အခြေအနေနဲ့ သူပါပဲ။
လူသားတိုင်း လောကဓံနဲ့ မကင်းကြသလို လူကိုလူချင်း ကွဲပြားစေတာကလည်း သူတို့ ဘဝကို သူတို့ ဘယ်လို ပဲ့ကိုင်မောင်းနှင်နေသလဲဆိုတဲ့ Mindset တွေနဲ့ Habit တွေပါပဲ။
ကိုယ့်စိတ်ဓာတ်၊ ခံယူချက်နဲ့ အလေ့အကျင့်တွေပေါ် မူတည်ပြီး ကိုယ့်Brand တွေရဲ့တန်ဖိုးဟာ ကွာခြားလာကြရပါတယ်။
ဒီစာအုပ်လေးမှာ...
• ကိုယ်စီရှင်သန်နေထိုင်ကြတဲ့ဘဝရဲ့တန်ဖိုးတွေ အဓိပ္ပာယ်ရှိစေဖို့၊
• နေ့ရက်တိုင်း၊ ဖြစ်စဉ်တိုင်းမှာ ပူလောင်ရခြင်း၊ မောပန်းရခြင်းတွေ ပါးလျသထက် လျော့ပါးလာစေဖို့ရာ
ဘယ်လို Attitude (စိတ်နေစိတ်ထား)နဲ့ လက်ခံကြမလဲ၊ ရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတာတွေ...
အောင်မြင်ပျော်ရွှင် အေးချမ်းတဲ့ Smart Life လေး ပိုင်ဆိုင်နိုင်အောင် ကိုယ့်စိတ်နဲ့ ကိုယ်ကို ဘယ်လို positive mindset တွေနဲ့ ပြင်ဆင်လေ့ကျင့်နေထိုင်ကြမလဲဆိုတာတွေကို sharing is caring ဆိုတဲ့အတိုင်း ချစ်ခင်စွာ မျှဝေပေးထားပါတယ်။
မတူကွဲပြားခြင်းတွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖြစ်စေ၊ သူတစ်ပါးကို ဖြစ်စေ နှိုင်းယှဥ် ဝေဖန်ခြင်း ဆိုတဲ့ Negative vibe တွေကို ဘယ်လိုရှောင်ရှားကြမလဲဆိုတာ အရေးကြီးတယ် မဟုတ်လား။
ကိုယ့်ရဲ့ စိတ်အား၊ ကိုယ်အား၊ ဉာဏ်အားရှိသမျှကို အကျိုးရှိစွာ အသုံးချနိုင်ရင် မျှော်လင့်ခြင်းကင်းတဲ့ ပေးဆပ်ခြင်းမှာ ကျေနပ်စွာ မွေ့ပျော်တတ်လာမှာပါ။
ဖြစ်ပေါ်လာမယ့်...
ကြုံတွေ့လာရမယ့် ကိစ္စတွေတိုင်းမှာ မိုးရာသီမှာ မိုးရွာတာ သဘာဝ ပါလေလို့ သဘောထားနိုင်ခဲ့ရင်၊ မိုးများရွာခဲ့ရင်ဆိုတာကို ကြိုတွေးပြီး ထီးကလေးဆောင်ထားနိုင်ခဲ့ကြမယ်ဆိုရင် ဟန်မပျက် လိုရာခရီးဆက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဒါကြောင့်...
အရာရာတိုင်းအပေါ် မှာ Just go with the flow ဆိုတဲ့ စိတ်ကလေးထားပြီး ဘယ်လိုမျိုး အလိုက်သင့်လေး စီးမြောသွားနိုင်မလဲ ဆိုတာကိုတော့ ဒီစာအုပ်လေးထဲမှာသာ ဆက်လက်ခံစားကြည့်ပါနော်။
စာအုပ်အညွှန်းလေးတွေ ဖတ်ချင်ရင် ဒီ Linkလေး နှိပ်ပါနော်။
https://www.facebook.com/share/p/16uTRsw92e/
စာအုပ်မှာချင်ရင် Page messenger မှာ မှာလို့ ရပါတယ်ရှင်
ဝေးရဲတဲ့သတ္တိမှ မရှိပဲ အချစ်ရယ်...
မင်းပဲ နိုင်ပါတယ်...
#ယွန်း Y
15/05/2026
စိတ်ဖိစီးမှုဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ရင်ဆိုင်ကျော်လွှားတတ် အောင် သင်ယူထားရမှာ ကိုယ့် တာဝန်ပါ။
စိတ်ဖိစီးမှုတွေဟာ အလုပ်ခွင်ဖိအား၊ ကျန်းမာ ရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေး၊
ပညာရေးလိုအပ်ချက်တွေကနေစလို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေအထိ ပုံစံအမျိုးမျိုးနဲ့ ဘဝထဲကို ဝင်ရောက်လာတတ်ပါတယ်။
မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်ရတဲ့ စိတ်ဖိစီးမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ကတော့ ကျွန်မတို့အပေါ်မှာပဲ မူတည်ပါတယ်။ သတိရှိရှိ နေထိုင်ခြင်း၊ အချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လုံလောက်စွာ အနားယူခြင်း စတဲ့ ကျန်းမာစေမယ့် နည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် လည်း စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲ မခံရတော့ဘဲ စနစ်တကျ တုံ့ပြန်နိုင်လာနိုင်ပါလိမ့်မယ်။
ဒါ့အပြင် အတွေးလွန်ခြင်းနဲ့ စိတ်ဖိစီးခြင်းတွေကို လျှော့ချပစ်နိုင်ဖို့ ဂျပန်လူမျိုးတို့ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းကောင်းလေးတစ်ခုကတော့ Ikebana ပဲ ဖြစ်ပါတယ်။
🔹️Ikebana (အိခဲဘာနာ) -
~~ ရိုးရှင်းသောအနုပညာမှတစ်ဆင့်
သတိပဋ္ဌာန်ပွားများခြင်း ~~
Ikebana { အိခဲဘာနာ} ဆိုတာ ပန်းအလှပြင်တဲ့ ဂျပန်ရိုးရာအနုပညာ ဖြစ်ပါတယ်။
ရိုးရှင်းပေမဲ့ ဖန်တီးမှုအားကောင်းတဲ့ ဒီလုပ်ဆောင်ချက်ဟာ အာရုံစူးစိုက်မှုအပြည့်ထားဖို့နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။
ပန်းတစ်ပွင့်ချင်းစီကို ကိုင်တွယ်တာ၊ နေရာချတာတွေမှာ ဖြည်းဖြည်းချင်း အာရုံစိုက်လုပ်ဆောင်တာဟာ စိတ်ကို ငြိမ်သက်စေပါတယ်။ ဒီသဘောတရားကို လက်ဖက်ရည်ဖျော်တာ၊ ဒိုင်ယာရီရေးတာ ဒါမှမဟုတ် ဟင်းချက်တာ စတဲ့ တခြားသော ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေမှာလည်း အသုံးချနိုင်ပါတယ်။
ဒီလို သတိရှိရှိ လုပ်ဆောင်တဲ့ လုပ်ရပ်တွေ၊
အလေ့အကျင့်တွေက သင့်အတွေးတွေကို စုစည်းပေးပြီး အတွေးလွန်ဖို့ နေရာမကျန်တော့အောင် စွမ်းဆောင်ပေးပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ဂျပန်ရိုးရာနည်းလမ်းဟာ ချက်ချင်းလက်ငင်း ရောဂါ ပျောက်ကင်းစေမယ့် နတ်ဆေးဝါးတွေ မဟုတ်ပါဘူး။ အတွေးလွန်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ လျော့ကျသွားအောင်၊ ထပ် ဖြစ်မလာတော့အောင် အချိန်ယူ တည်ဆောက် ပြုပြင် လေ့ကျင့်ရမယ့် အလေ့အကျင့်တွေ ကိုယ့်ဆီမှာ အမြစ်တွယ်လာအောင် လေ့ကျင့်မွေးမြူရမယ့် Habit တွေ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။
#ယွန်း Y
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon