Cherry Han App

Cherry Han App

Share

ခရီးသွားလာခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ခြင်း များအတွက် ပြီးပြည့်စုံသော Mobile Application တစ်ခု

13/12/2022

#လူငယ်တွေကို
#သိစေချင်တဲ့အချက်_၉_ချက် 🥰
လူငယ်တိုင်းဖတ်စေချင်တယ်---?

(၁) ကျန်းမာရေး ဂရုစိုက်ပါ။
တော်တော်များများ မေ့နေတတ်ကြလို့ ထိပ္ဆုံးက
တင်ထားတာပါ။တကယ်တော့ ဘဝမွာ ဘာပဲဖြစ်ချင်ဖြစ်ချင်၊ ဘယ်လိုအလုပ်တွေပဲ လုပ်ချင်လုပ်ချင်၊ အရေးကြီးဆုံး အခြေခံလိုအပ်ချက်ဟာ ကျန်းမာရေးပါပဲ။မကျန်းမာရင် ဘာမှ လုပ်မရပါဘူး။အဲဒီအပြင် လူက ကျန်းမာနေရင် ကိုယ့်ရဲ့ Performance ကလည်း သိသိသာသာ တက်လာပါတယ်။ဒါကို အားလုံးလည်း သိပြီးသားပါ။လက်တွေ့ မလုပ်ဖြစ်ကြတာပဲ ရှိပါတယ်။ဒါကြောင့် တစ်ချက်လေး စဉ်းစားကြည့်ပါ။ ကိုယ့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Lifestyle တစ္ခု ရှိနေလားလို့။

(၂) အကောင်းမြင်စိတ်ရယ်၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့ရယ်
ဒီနေ့ခေတ်ကို တစ်လုံးတည်းနဲ့ ဖော်ပြပါဆို Uncertainty မသေချာခြင်းပါပဲ။ဘဝဆိုတာ နဂိုကတည်းကမှ ထင်မှတ်မထားတာတွေနဲ့ ပြည့်နှက်နေရတဲ့ ကြားထဲကို နည်းပညာ တိုးတက်ခြင်းနဲ့ အပြိုင်အဆိုင် များလာခြင်းတွေက ထပ်ပေါင်းလိုက်တဲ့အခါ ဘာဆို ဘာမှမသေချာတော့ပါဘူး။အရင်တုန်းက ဘွဲ့တစ်ခု ရထားရင်၊ ပညာတစ္ခု တတ်ထားရင် ဘဝက သေချာပါတယ်။ဒီနေ့ခေတ်ကျ နောက် ၁၀ နှစ်နေရင် ဘာဖြစ်နေမယ် ဘယ်သူမွ မသိပါဘူး။ဒီအတွက် အခု သင်ထားတာတွေ မသေချာတော့ဘူး။အမြင်တွေ မသေချာတော့ဘူး။လုပ်ငန်းတွေ မသေချာတော့ဘူး။ ဒီအတွက် နှစ်ခု လိုအပ်လာပါတယ်။
တစ္ခုက ဖြစ်လာသမျှ ပြဿနာတိုင်းကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့။တစ်နည်းအားဖြင့် ပြောရရင် Adversity Quotient (AQ) မြင့်ဖို့။
မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး ထီးမယူဘဲ အိမ္က ထြက္လာတာဟာ အကောင်းမြင်တာ မဟုတ်ဘူး။ အဲဒါ ပေါ့တာပါ။သေရင်လည်း ဒါတွေက ခ်န္ထားခဲ့ရတာပဲ ဆိုပြီး မကြိုးစားဘဲ နေတာဟာလည်း အကောင်းမြင်တာ မဟုတ္ဘူး။အဲဒါ ပျင်းတာပါ။ အကောင်းမြင်စိတ်ဆိုတာကတော့ ကိုယ်အကောင်းဆုံး လုပ်ပါရက်နဲ့ မျှော်လင့်မထားတဲ့ အခြေအနေတွေကြောင့် ရှုံးနိမ့်မှုတွေ၊ အဆင်မပြေမှုတွေ ကြုံရတဲ့အခါ ရှေ့ဆက်နိုင်တဲ့ အစွမ်းသတ္တိကို ခေါ်တာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ပြောင်းလဲလာတဲ့ အခြေအနေတိုင်းနဲ့ လိုက်လျောညီထွေ နေတတ်ဖို့ပါ။ Flexibility လို့ ခေါ်ပါတယ်။ခေတ်ကို ဘာဖြစ်လာမလဲ မှန်းဆလို့
မရပါဘူး။အပြောင်းအလဲကိုလည်း တားဆီးလို့ မရဘူး။ကိုယ့်ကိုယ်ကိုယ် အဲဒီအပြောင်းအလဲနဲ့ မြန်မြန်ဆန်ဆန် အံဝင်အောင်ပဲ လုပ်ရပါလိမ့်မယ်။
အဲဒီ AQ နဲ့ Flexibility ဟာ လာမယ့်နှစ်တွေအတွက် အလိုအပ်ဆုံး အရည်အချင်းတွေ ဖြစ်လာတော့မှာပါ။

(၃) အစားထိုးရခက်သူ ဖြစ်ပါစေ။
နည်းပညာတွေ တိုးတက်လာတော့ အခြေခံလုပ်သားတွေ အလုပ်ပြုတ်ကုန်တယ်။နည်းပညာတွေဟာ လူတွေရဲ့ နေရာကို ပိုလို့ ပိုလို့ အစားထိုး ဝင်ရောက်လာတော့မယ်။ဥပမာတစ်ခု ပေးပါရစေ။Chat bot ဆိုတဲ့ နည်းပညာနဲ့ လူအယောက် ထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း မက်ဆေ့ပို့လို့ ရလာတဲ့ခေတ်မှာ ကိုယ္က အဲဒီလို မက်ဆေ့ကတဆင့် Customer နဲ့ စကားပြောတာလောက်ပဲ လုပ်တတ်နေမယ်ဆို သေချာပေါက် အလုပ်ပြုတ်တော့မှာပါ။
အဲဒီအတွက် တစ်နေရာရာမှာ အထူးပြုတဲ့ Specialized knowledge ရှိဖို့ လိုအပ်လာတယ်။ မဟုတ်ရင် ဒီခေတ်မှာ အလုပ်ရဖို့ မသေချာတော့ဘူး။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။
ငါဟာ ဘယ်လောက်အစားထိုးရ ခက်တဲ့လူလဲလို့။ သိပ်လွယ်နေတယ် ဆိုရင်တော့ သေချာတယ်၊ အနာဂတ်မှာ ပြဿနာတွေ ရှိလာပါလိမ့်မယ်။

(၄) ကိုယ့်ပုစ္ဆာ ကိုယ်ဖြေပါ။
ရုပ်မလှတဲ့သူက မင်းသားဖြစ်ဖို့ ခက်တယ်။
အသံမကောင်းတဲ့သူက အဆိုတော်ဖြစ်ဖို့ ခက်တယ်။
မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ဆိုတဲ့ ဂျင်းတွေမိပြီး အချိန်မကုန်စေချင်ဘူး။လောကမှာ မဖြစ်နိုင်တာတွေ အများကြီးရှိတယ်။ဒီတော့ ကိုယ့်ဘ၀ ကိုယ်သိ၊ ကိုယ့် အားသာချက် ကိုယ်သိ၊ ကိုယ်ဖြစ်ချင်တာ ကိုယ်သိဖို့ လိုတယ်။
ဘဝဆိုတာ စာမေးပွဲတစ်ခု ဆိုရင် အဲဒီစာမေးပွဲမှာ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာကိုပဲ ဖြေရတယ်။သူများပုစ္ဆာ ဝင်ဖြေချင်လို့ မရသလို၊ သူ့ပုစ္ဆာက လွယ်တယ်၊
ငါ့ပုစ္ဆာက ခက်တယ် အော်နေလို့လည်း မရဘူးဆိုတာကို သိထားပေးပါ။

(၅) ပိုက်ဆံရှာပါ။
ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ ရှိပေမယ့် ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေရသူတွေ၊ အဆင်မပြေ ဖြစ်နေကြတဲ့ အိမ်ထောင်တွေ၊ သာယာမှုတွေပျောက်ဆုံးနေတဲ့ မိသားစုတွေက ပိုများပါတယ်။ သေရင်လည်း ထားခဲ့ရတာပါပဲ၊ သို့သော် ရှင်နေတုန်းမှာတော့ ငွေက လိုအပ်ပါတယ်။
ရိုးသားမှုကို တန်ဖိုးထားလား။ငွေရှိဖို့ လိုတယျ။ မိသားစုကို ချစ်လား။ငွေရှိဖို့ လိုတယ် ။ အိမ်ထောင်ရေး အဆင်ပြေချင်လား။ငွေရှိဖို့လိုတယ်။ မိဘကို ဆေးကုပေးချင်လား။ငွေရှိဖို့ လိုတယ်။ ဘာပဲလုပ်ချင် လုပ်ချင် အခြေခံအနေနဲ့ ငွေရှိဖို့လိုပါတယ်။ဒါကြောင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့နည်းနဲ့ ငွေကို ကြိုးစားရှာပါ။အသုံးအဖြုန်းလျှော့ပါ။ စုပါ။

(၆) ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပါ။
ရုပ်ဝတ္ထုကိုးကွယ်မှုတွေ သိပ်များလာတဲ့ ဒီနေ့ခေတ်မှာ လူတွေက ပိုက်ဆံချမ်းသာရင် ပြီးရော၊ နာမည်ကြီးရင် ပြီးရော၊ အောင်မြင်ရင် ပြီးရော ဘာမဆို လုပ်မယ် ဆိုတာမျိုး ဖြစ်လာတယ်။ အဲ့လိုလူတွေကြားထဲမှာ မယိမ်းမယိုင်နဲ့ ရပ်တည်နိုင်ဖို့ဆိုရင် ကိုယ် ဘာကို တန်ဖိုးထားတာလဲ သိဖို့ လိုတယ်။ အဲဒီအတိုင်း ခိုင်ခိုင်မာမာ နေနိုင်ဖို့ လိုပါတယ်။

(၇) ဦးနှောက်အလေးချိန် ပိုပိုစီးလာစေဖို့
ခေတ်ကြီးက အမြဲပြောင်းလဲနေတယ်။တောင်းဆိုမှု အသစ်တွေ လုပ်နေတယ်။တစ်ဖက်မှာကျတော့လည်း အလုပ်တွေ များလွန်းတဲ့အခါ လေ့လာသင်ယူဖို့တွေ အချိန်မပေးနိုင် ဖြစ်ကုန်ကြတယ်။ လူဟာ မနက်ထက် ညမှာ ဦးနှောက်က အလေးချိန် ပိုစီးနေရမယ် ဆိုတဲ့ စကားလိုပဲ၊ ညအိပ်ရာဝင်ခါနီးတိုင်း စဉ်းစားကြည့်ပါ။ငါ ဒီနေ့ ဘာများ လေ့လာသင်ယူခဲ့ရသလဲ။တစ်ခုခု အသစ်သိလိုက်ရတယ် ဆိုမှ အိပ်ပါ။

(၈) ပိုပေးရတဲ့သူ ကိုယ်ဖြစ်ပါစေ
ပရဟိတ ဆိုတာ ဘဝတစ်ခုလုံး မြှုပ်နှံပြီး လုပ်နိုင်တော့မှ ဖြစ်တာ မဟုတ်ပါဘူး။လမ်းသွားရင်း လမ်းမသိလို့ လာမေးသူကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်တာ၊ ဘတ်စ်ကားပေါ်ကို ကိုယ်ဝန်ဆောင်တစ်ယောက်၊ အဘိုး အဘွားတစ်ယောက် တက်လာတဲ့အခါ ထိုင်ခုံနေရာ ဖယ်ပေးလိုက်တာ၊ ကိုယ့်အိမ်ရှေ့က မြေကွက်လပ်လေးမှာ ကားမရပ်ရ အစား ကားရပ်လိုလျှင် ဖုန်းနံပါတ် ချန်ထားခဲ့ပေးပါ ဆိုပြီး ရေးထားလိုက်တာတွေဟာလည်း ပရဟိတပါပဲ။
ကျွန်တော်တို့တွေဟာ ကိုယ့်လမ်းကိုယ်သွားနေကြတုန်း တစ်ယောက်နဲ့တစ်ယောက် လမ်းဆုံမှာ အခိုက်အတန့်သဘော တွေ့ကြဆုံကြတာပါ။အဲ့လို ဆုံတုန်းမှာ သူ့ကို ဘယ်လိုလေးများ အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲ ဆိုတဲ့ စိတ်အခံလေးနဲ့ ဆက်ဆံနိုင်မယ်ဆို အကောင်းဆုံးပါပဲ။ကိုယ့်ဘဝလေးလည်း အေးချမ်းပါတယ်။ဘယ်လိုခွဲခွာမှုအတွက်မဆို နောင်တ ရစရာလည်း မရှိတော့ဘူးပေါ့။
တကယ်တော့ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ဟာ အပေးနဲ့အယူ ယှဉ်လာတိုင်း ကိုယ့်ဘက်က ပေးလိုက်ရတာကို ကျေနပ်ပျော်ရွှင်နေတတ်တဲ့ စိတ်ပဲ ဖြစ်ပါတယ်။

(၉) ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်
အောင်မြင်လာရင် မနာလို ဖြစ်ကြမယ်။ ရှုံးနိမ့်ရင်လည်း လှောင်ပြောင်ကဲ့ရဲ့ကြမယ်။ ကိုယ် သေချာမသိလည်း သွားပုပ်လေလွင့် ပြောကြမယ်။ဆိုရှယ်မီဒီယာ ပေါ်လာတော့ ပိုဆိုးတယ်။ အားလုံးက ဒီအပေါ်မှာ မြင်နေရတဲ့ အပေါ်ယံအချက်တွေနဲ့ပဲ မှတ်ချက်တွေ ပေးနေ၊ ဝေဖန်နေ၊ ဆဲဆိုနေကြတာ။ပြောရရင် ဒါ လူ့သဘာဝပဲ။ ဒါကြောင့် အဲ့လို ပတ်ဝန်းကျင်က လူတွေရဲ့ အပြုအမူတွေပေါ် မူတည်ပြီး ကိုယ့်ရဲ့ ခံစားချက်တွေ အတက်အကျ ဖြစ်နေသရွေ့ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ်။

Credit
( လူငယ်အတွက်လမ်းညွှန် )
လေးစားစွာပေးပါသည်"။

24/10/2022

🪔 ဟိန္ဒူဘာသာဝင်တိုင်း ၏ နေ့ထူးနေ့မြတ်ဖြစ်တဲ့
🪔 " ဒီပါဝလီ " 🪔 နေ့မှာ
ကောင်းမှုကုသိုလ်တွေခြုံလွှမ်းပြီး အေးချမ်းပျော်ရွှင်ပါစေလို့
🌸 ချယ်ရီဟန် 🌸 မိသားစု မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏

08/10/2022

🌸 ခရီးသွားမိတ်ဆွေများအားလုံး ကျန်းမာ ချမ်းသာ ဘေးကင်းစွာဖြင့် လိုရာအရပ်ကို စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ရောက်ရှိကြပါစေ🙏🙏🙏

ပိတ်ရက်တွေတိုင်း မင်မင်ကတော့ ခရီးမသွားရပါဘူး

ဒါပေမယ့် . . .
🌸 ချယ်ရီဟန်ကို ယုံကြည်စွာ ဆက်သွယ်ပြီး
ခရီးသွားရန် လိုအပ်သည့်
🚌ကားလက်မှတ်၊
✈️လေယာဉ်လက်မှတ်များ
စုံစမ်းမေးမြန်း ဝယ်ယူသူတိုင်း ကို ရရှိစေအောင် ကြိုးစားဆောင်ရွက်ပေးခဲ့နိုင်ပါတယ်

🌸ခရီးသွားဖို့ အဆင်ပြေပြီး လိုရာအရပ်ကို ရောက်ရှိ ပျော်ရွှင်နေကြမယ့် 🌸ချယ်ရီဟန်၏ customer များကို မြင်ယောင်ပြီး စိတ်ချမ်းမြေ့ ကြည်းနူးပီတိဖြစ်ရတဲ့ အရသာကို အမြဲခံစားရပါတယ်

ပိတ်ရက်တွေ၊ အခါကြီးရက်ကြီးတွေအတွက် လက်မှတ်လေးတွေ ကြိုတင်ဝယ်ယူပေးကြပါနော်၊ ဝယ်ယူပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်နော်

ပိတ်ရက်မှာအားလုံးလိုရာခရီးအတွက်
သည်းခံပြီး လိုက်ပါစီးနှင်းပေးကြပါလို့လည်း
မေတ္တာရပ်ခံပါတယ်နော်

❤️ဘယ်မှ မရောက်တဲ့ မင်မင်ရဲ့ ဘဝ
🌝လမင်းကြီးကို အတူတူကြည့်ရင်း တွေ့ဆုံကြမယ်နော်( မိုးမအုံ့နေရင်ပေါ့🥰)


#မိဘ
#အိမ်ပြန်ချိန်

12/07/2022

Want your business to be the top-listed Transport Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 1203, GF , Myin Taw Tar Road, (3) Man Pyay, Thaketa Township
Yangon
11231,11232