Aviedo
We try to give our best service
Page လေးကျန်းမာရေးအခြေအနေမကောင်းလို့လိုအပ်တာလေးတွေ ပြင်ဆင်နေရတဲ့အတွက် post တွေမတင်ဖြစ်တာပါနော့၊
ပြင်ဆင်ပြီးသွားရင် အရင်လို အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့ ပြန်လာခဲ့ပါ့မယ် 😘😘😘😘
31/03/2024
🇪🇺သိထားသင့်တဲ့ ဥရောပ Visa (Schengen Visa) များအကြောင်း
🇪🇺Schengen နိုင်ငံများသို့အလည်အပါတ် Short Term Stay (15 Days) သွားရောက်ဖို့ရှိလာတဲ့အခါ ခရီးသည်တွေရဲ့ စိတ်ထဲမှာ စဉ်းစားမိတဲ့ မေးခွန်းတစ်ချို့ရှိနိုင်ပါတယ်
🏠ဘယ်သံရုံးတွေမှာ အဓိကဗီဇာဝင်ရမလဲ🤔
🏠Schengen visa ရှိတာနဲ့နိုင်ငံအကုန်သွားလို့ရမှာလား🤔
🏠မြန်မာနိုင်ငံမှာမရှိတဲ့ သံရုံးဆိုရင်ရော ဘယ်က လျှောက်ရမလဲ စတဲ့ မေးခွန်းတွေကို ဧည့်သည်တော်များအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်🥰
👉ဥရောပနိုင်ငံတွေကို သွားရောက်မယ်ဆိုရင် တစ်နိုင်ငံချင်းစီအလိုက် ဗီဇာလျှောက်ထားစရာမလိုပဲ ဥရောပ နိုင်ငံအများစုကိုလည်ပတ်နိုင်တဲ့ Schengen ဗီဇာအမျိုးအစား တစ်မျိုးကိုပဲ လျှောက်ထားလိုက်ရင်ရပါပြီ...
👉Schengen ဗီဇာ ဆိုတာ ဥရောပတိုက်မှာ ရှိတဲ့ (၂၇) နိုင်ငံ Schengen Agreement စာချုပ်လက်မှတ် ထိုးထားသော (The World’s Largest Visa Free Zone) လို့သတ်မှတ်ထားပြီး ဥရောပနိုင်ငံတွေကို လည်ပတ်နိုင်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်.
👉ပထမဆုံး မိမိရောက်ရှိတဲ့ နိုင်ငံမှာပဲ ဗီဇာစစ်ဆေးပြီးတော့ အခြားတစ်နိုင်ငံ နှင့် နောက်တစ်နိုင်ငံသွားတဲ့အခါမျိုးမှာတော့ ကား သို့မဟုတ် ရထားနဲ့ ပုံမှန် ဖြတ်သန်းသွားလာရုံပဲဖြစ်ပါတယ် . မိမိစဝင်မယ့်နိုင်ငံနဲ့ နေမယ့်ရက် ပေါ်မူတည်ပြီး သံရုံး ရွေးချယ်လျှောက်ထားရတာ ဖြစ်ပါတယ်.
👉ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံရုံးမှာဆိုရင် France, Switzerland, Czech Republic, Portugal, Spain, Latvia စတဲ့ နိုင်ငံတွေ အဓိကသွားရောက်မယ်ဆိုရင် လျှောက်ထားရမှာ ဖြစ်ပါတယ်.
👉ရန်ကုန် အီတလီသံရုံးမှာတော့ Italy, Malta တွေကို အဓိကသွားမယ်ဆိုရင် လျှောက်ထားရမှာ ဖြစ်ပါတယ်.
👉Yangon VFS Center မှာတော့ Germany, Austria, Belgium, Denmark, Finland, Greece, Hungary, Iceland, Luxembourg စတဲ့ နိူင်ငံတွေကို သွားရောက်မယ်ဆိုရင် လျှောက်ထားရမှာ ဖြစ်ပါတယ်.
👉Poland နိုင်ငံကိုတော့ Bangkok မှာ ရှိတဲ့ Poland သံရုံးမှာ သွားရောက် လျှောက်ထားရမှာပါ.
👉Schengen ဗီဇာလျှောက်ထားသူတိုင်းဟာ လူကိုယ်တိုင် သံရုံးတွေကို လိုက်ပါလျှောက်ထားရမှာ ဖြစ်ပြီးတော့ စာရွက်စာတမ်းစုံလင်မှုပေါ်မူတည်ပြီး အနည်းဆုံး နှစ်ပတ် - သုံးပတ်အတွင်းဗီဇာ ရရှိမှာဖြစ်ပါတယ်.
🇪🇺Schengen ဗီဇာ လျှောက်မယ်ဆို မဖြစ်မနေ Travel health insurance လည်းလိုအပ်ပါတယ်. သွားမယ့်ရက် စုစုပေါင်းနဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုတွေရှိပါတယ်
Credit :
29/03/2024
မောနင်းခ 😘😘😘😘
ထိုင်းနိုင်ငံသို့သွားရောက်မည့် ဧည့်သည်တော်များအတွက် ကျနော်တို့ Aviedo မှ VIP pass ဝန်ဆောင်မှုအားဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်ဗျ 📣📣📣📣
VIP Pass ဆိုတာဘာလဲ?
VIP Pass ဆိုတာကတော့ သက်ကြီးရွယ်အိုများ စောင့်ဆိုင်းရတာ စိတ်မရှည်သူများအတွက် ပေးတဲ့ service ဖြစ်ပါတယ်၊
Vip Pass မှာပါဝင်တာတွေကတော့
▶ လေဆိပ် Immigration counter မှာစောင့်ဆိုင်းစရာမလိုခြင်း
▶ အထုပ်အပိုးများအား ကိုယ်တိုင်ရွေးချယ်စရာမလိုခြင်း
▶ ဧည့်ကြိုဝန်ဆောင်မှုများ အပြည့်အဝ ရရှိနိုင်ခြင်း အစရှိသဖြင့် ပါဝင်ပါတယ်...... 🔔🔔🔔🔔🔔
ကဲ မိတ်ဆွေများလည်း အချိန်မကုန်ပဲ လူသက်သာစေသော Vip Pass service များအား ဝယ်ယူလိုပါက Aviedo ရဲ့ page cb သို့မဟုတ် 09456232330 သို့ဆက်သွယ်ရယူလိုပါကြောင်း အသိပေး ကြေငြာအပ်ပါတယ် 📍📍📍📍📍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Banyar Dala Road
Yangon
095
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 13:00 |