The Classy Missy

The Classy Missy

Share

Let me be your daily Shopping!

Photos from 𝗩𝗹𝗼𝗴 𝗯𝘆 𝗚𝗮𝗹𝗲's post 28/07/2022

❄️❄️JM mask တွေထဲမှာ မင်မင်အကြိုက်ဆုံး mask သူကလေ ချက်ချင်းအသားကို moisture အပြည့်ပေးပြီးကို အသားလေးကို ကြည်တက်သွားစေတာ။မနက်ဖြန် အပြင်သွားမှာတို့ ကိုယ့် skin ကိုထိန်းချင်တဲ့ ‌မင့်ဘေဘီလေးတွေtry ကြည့်နော်။Essenseကလည်း အများကြီးပါတာမို့ တကယ်သုံးပျာ်တယ်✨✨

💵1sheet -1500ပါရှင့်

📎 instock itemမလို ဒီနေ့မှာ နောက်နေ့ချက်ချင်းရမှာပါရှင့်
📎 100% Authentic ဖြစ်တာမလို စိတ်ချပေးနော်
📎 အက်ဒမင်လိုအချောလေး ဖြစ်ချင်ရင် page chat box ကနေ လာရောက်မှာယူနိုင်ပါတယ်ရှင့်

22/07/2022

💙💙မင်မင့်လို eyecream ဝယ်ရမှာအလွန့်အလွန်နှမြောသောသူများအတွက်✔️ဝယ်ပြီးရင်လည်းမသုံးဖြစ်ပဲရောက်ရောက်ပေါက်ပေါက်ဖြစ်တတ်တဲ့ဆရာမကြီးများအတွက်✔️ငွေဈေးတွေတက်နေချိန်မှာBudget saveလည်းဖြစ်စေတဲ့ Knowledge Sharing လေးပါရှင့်☀️☀️

ဒီအချိန် Skincare တွေဝယ်စုမယ့်အစား တကယ်လုပ်ရမှာက — လုပ်သင့်လုပ်ထိုက်တာကိုပုံမှန်လုပ်ရင်းနဲ့၊ ခြွေတာတတ်တဲ့အလေ့အကျင့်ကို မွေးမြူဖို့ပါပဲ။ ဝယ်စုတာက တကယ့် root cause ကို ပြေလည်စေမှာမဟုတ်တာကို စိတ်ထဲထည့်ထားစေချင်ပါတယ်။

ဒါကြောင့် ခု ဒီကြားထဲ ခြွေတာကြဖို့ မလိုတာတွေမသုံးဖို့၊ အပိုမကုန်ဖို့ Tips လေးတွေ နေ့စဉ် OR ရက်ခြား ရေးပေးသွားပါမယ်။ ဟဲ။

ဒီနေ့က တခါမှမရေးဖူးသေးသော Eye Cream အကြောင်း ပါ။

◾ ယေဘုယျအားဖြင့် Eye Cream သီးသန့် သုံးဖို့မလိုပါဘူး။

◾ မျက်နှာလိမ်း moisturizer ကိုပဲ မျက်လုံး area မှာလိမ်းလို့ရပါတယ်။

◾ ဒါပေမယ့် ကိုယ်လိမ်းတဲ့ Moisturizer က မျက်လုံးနားလိမ်းရင်စပ်တာ၊ BHA/ Retinol/ Retinoid လို အသားနုရင် irritation ဖြစ်စေတတ်တဲ့ active ingredients ပါတာ ဆိုရင်တော့ eye area အတွက် cream/ gel/ essence သီးသန့်သုံးပေးနိုင်ပါတယ်။

◾ တခါတရံ BHA/ AHA/ Retinol/ Retinoid/ Benzoyl Peroxide ပစ္စည်းတွေသုံးလို့ မျက်လုံးတဝိုက်ဧရိယာကို မထိစေချင်ရင် eye cream ကို အရင်ကြိုလိမ်းထားနိုင်ပါတယ်။ ပြီးမှ irritating steps တွေကိုသုံးပေးပါ။

◾ တချို့ Face SPF တွေက မျက်လုံးစပ်စေတယ် ဆိုရင် eye area အတွက် SPF ပါတဲ့ eye cream လိုမျိုးဝယ်သုံးနိုင်ပါတယ်။

သာမန်အစိုဓါတ်လိုချင်ရုံနဲ့တော့ eye cream တွေ ဈေးကြီးပေးပြီး ဝယ်ပါနဲ့ဟာ။ မျက်ကွင်းတွေညိုနေတာ ညဘက် Drama တွေအကြည့်များလို့ဆိုရင်လည်း Brightening eye cream အရင် ပြေးဝယ်မယ့်အစား အိပ်ချိန်မှန်အောင်လုပ်ကြည့်။ အဲ့ဒါပိုကောင်းတယ်။ 😛



⚠️ Warning : Idea ယူသုံးတာ၊ Content ခေါင်းစဉ်ခိုးတာ၊ လေယူလေသိမ်း/ tone of voice တွေတူနေတာနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ ပြောလည်းမပြောပါဘူး။ ဒါပေမယ့် Copy paste တော့မလုပ်ကြပါနဲ့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11411

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00