Project O2
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Project O2, Charitable organisation, Yangon.
29/03/2025
ကျွန်တော်တို့ Project O2 မှာ လူနာများအတွက် အခမဲ့ 📞Tele-consulting လုပ်လို့ရနိုင်ပါပြီဗျ 📲
အတွေ့အကြုံရှိတဲ့ ဆရာဝန်များက 👩🏼⚕️🧑🏼⚕️အခမဲ့ ကူညီဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
💁🏻♂️Tele-consluting ဘာလို့လိုအပ်လဲ?
📞Tele-consulting လုပ်ပြီးလျှင် လူနာအတွက် အထိရောက်ဆုံးသော ကုသမှုတွေကို ပေးနိုင်ပါတယ်။
ဆေးရုံတက်ခွင့်မရလို့ အိမ်မှာပဲ ကုသနေစဉ်မှာလဲ လိုအပ်တဲ့ဆေးဝါးနဲ့ ဆရာဝန်ရဲ့ စောင့်ရှောက်အကြံပေးမှုက လိုအပ်ပါတယ်။
🙆🏼♀️တန်ဖိုးရှိလှတဲ့ အသက်တွေ မလိုအပ်ပဲမဆုံးရှုံးရအောင် ရောဂါခံစားနေရတဲ့လူနာများအတွက် Tele-consluting လုပ်ဖို့ လိုအပ်ပါတယ်။👋🏻
📞Tele-consulting လုပ်ချင်တယ်ဆိုရင်တော့
✍🏻လူနာရဲ့ နာမည်
✍🏻အသက်
✍🏻လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေ တို့ကို
Page chatbox သို့ ပို့ပေးပြီး ကျန်းမာရေးအကူအညီရယူနိုင်ပါတယ်။
အချက်အလက်များပို့ပေးပြီးတာနဲ့ ဆရာဝန်များက ဖုန်းဖြင့်ဖြစ်စေ၊ messenger မှဖြစ်စေ သိလိုသည်များကို ဖြေဆိုဆွေးနွေးအကြံပေးပြီး အထိရောက်ဆုံးသော ကုသမှုများ ပေးမှာဖြစ်ပါတယ်။
🔔အရေးပေါ်ကျန်းမာရေးအကူအညီလိုအပ်တယ်ဆိုရင်တော့ Page messenger မှာ အရေးပေါ်လိုအပ်ကြောင်း ဆက်သွယ်ရမယ့်ဖုန်းနံပါတ် ပို့ပေးပြီးတာနဲ့ ဆရာဝန်များက ဖုန်းဆက်ကုသပေးပါလိမ့်မယ် ခင်ဗျာ
💪🏻ကျွန်တော်တို့ အားလုံး ကပ်ဆိုးကြီးကို အကောင်းဆုံးကုသမှုရယူပြီး တိုက်ထုတ်ကြရအောင်✊🏻
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Yangon