Premier Learning Centre

Premier Learning Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Premier Learning Centre, Education, Yangon.

26/02/2025

အခြေခံ အက္ခရာ သင်္ချာ စာသင်ခန်း (Basic Algebra Course)

ပူပြင်းတဲ့ နွေရာသီမှာ သင်္ချာစွမ်းရည်တွေ မြှင့်တင်လိုက်ပါ!

ကျောင်းသား/သူတို့ရဲ့ အက္ခရာ သင်္ချာ (Algebra) အခြေခံကို ခိုင်မာစွာ တည်ဆောက်ပေးမယ့် နွေရာသီ အထူး သင်တန်း ကို ဖွင့်လှစ်တော့မှာပါ။ ဒီသင်တန်းဟာ မူလတန်း အဆင့်ကနေ အလယ်တန်း အဆင့်ထိ ကျောင်းသား/သူတွေအတွက် ရည်ရွယ်ပြီး၊ သင်္ချာဘာသာရပ်ကို ပိုမို နားလည်လွယ်ကူစေဖို့ ရည်ရွယ်ပါတယ်။
________________________________________
သင်တန်းအကြောင်း
• သင်တန်းကာလ: ၂ လခွဲ (မတ်လ၊ ဧပြီလ နှင့် မေလ)
• သင်တန်းကာလး မတ်လ ၁၅ ရက်မှ မေလ ၂၅ ရက် အထိ
• သင်ကြားမည့်အချိန်: တစ်ပတ်လျှင် ၂ ရက် (စနေ ၊ တနင်္ဂနွေ)
သင်တန်းချိန် း နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ
• သင်ကြားမည့်ပုံစံ: အွန်လိုင်း
• သင်တန်းကြေး: ၁၀၀,၀၀၀ ကျပ် (သင်ကြားရာတွင် လိုအပ်မည့် သင်ခန်းစာ စာရွက်ဖိုင်များကို အွန်လိုင်းမှပို့ပေးပါမည် ၊ သင်တန်းကို ၈၀% တက် ပါက သင်တန်းပြီးဆုံးကြောင်း e-certificates ပေးပါမည်။)
________________________________________
သင်တန်းတွင် သင်ကြားပေးမည့်အကြောင်းအရာများ
1. Variables နှင့် Expressions
-Variables (ကိန်းရှင်) နှင့် Constants (ကိန်းသေ) များကို နားလည်ခြင်း။
-Algebraic Expressions များကို ဖန်တီးခြင်းနှင့် ရှင်းလင်းခြင်း။
2. Equations နှင့် Inequalities
-တစ်ဆင့်ပါညီမျှခြင်းများ (One-Step Equations) ကို ဖြေရှင်းနည်း။
-နှစ်ဆင့်ပါညီမျှခြင်းများ (Two-Step Equations) ကို ဖြေရှင်းနည်း။
-Inequalities (ညီမျှခြင်းမဟုတ်သော ဖော်မြူလာများ) ကို နားလည်ခြင်း။
3. Graphing Linear Equations
-Coordinate Plane (ကိုဩဒိနိတ် ) ပေါ်တွင် ဂရပ်ဆွဲခြင်း။
-Linear Equations (ညီမျှခြင်းများ) ကို ဂရပ်ဖ်ဆွဲခြင်း။
4. Real-World Applications
-လက်တွေ့ဘဝတွင် Algebra ကို အသုံးချနည်းများ။
-စိတ်ဝင်စားဖွယ် ပြဿနာများကို ဖြေရှင်းခြင်း။
________________________________________
သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
• အက္ခရာ သင်္ချာ၏ အခြေခံများကို ခိုင်မာစွာ တည်ဆောက်နိုင်မည်။
• ကျောင်းသား/သူများ၏ သင်္ချာစွမ်းရည်ကို မြှင့်တင်ပေးမည်။
• လက်တွေ့ဘဝတွင် သင်္ချာကို အသုံးချနိုင်စွမ်း ရရှိမည်။
• အတန်းတွင်း စာမေးပွဲများအတွက် ပြင်ဆင်နိုင်မည်။
________________________________________
သင်တန်းဆရာ
• အတွေ့အကြုံ: ၂၀ နှစ်ကျော် သင်္ချာသင်ကြားရေး အတွေ့အကြုံရှိသူများ။
________________________________________
စစာရင်းသွင်းရန်
အထူးကြိုဆိုပါသည်!
ဒီနွေရာသီမှာ သင်္ချာစွမ်းရည်တွေ မြှင့်တင်ပြီး အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံကို တည်ဆောက်လိုက်ပါ။ အခမဲ့ စမ်းသပ်သင်ခန်းစာ (Free Trial Class) တကြိမ်ကို စာရင်းပေးသွင်းပြီး စမ်းသပ်နိုင်ပါပြီ။
သင်တန်းနေရာ ကန့်သတ်ချက်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းပါ။

28/01/2025

Happy Chinese New Year!(Year of Snake)
# Premier Learning Centre

31/12/2024

🌴Hello! !🌴

🤔မိမိတို့၏ သားသမီးလေးတွေကို Math အားနည်းနေလို့ အားမရဖြစ်နေလား။

critical thinking တွေးခေါ် ရန် နှေးနေလို့ တိုးတက်စေချင်သလား။

International school curriculum က Math ကို အားဖြည့်တက်စေချင်သလား။

လာ မဲ့နှစ် ဝင်ခွင့် စာမေးပွဲ ဖြေဖို့ပဲ တက်စေချင်တာလား။ Math ကို တစ်ဆင့်ချင်းဆီ အမှတ်ပေး စည်းမျဉ်းနဲ့ကိုက်ညီစွာ ဖြေတတ်ဖို့ နွေရာသီကာလမှာ လေ့လာစေချင်သလား။

📢 Premier Learning Centre ကနေ Cambridge Primary Mathematics (Academic Skill) ကို Grade 1-8 ထိ နွေရာသီကာလ အကျိုးရှိရှိကုန်ဆုံးဖို့ အတန်းသစ်လေး‌တွေဖွင့်လှစ်လိုက်ပြီနော်။

💻 Online class ဖြစ်သည့်အတွက် မိမိရှေ့တွင်ပင် ကလေးများ၏ သင်ယူတက်မြောက်မှုများကို မျက်ဝါးထင်ထင် တွေ့ရှိမှာဖြစ်ပါတယ်။

📅သင်တန်းကာလ သုံးလ ( March, April, May) ကြာမြင့်မည်ဖြစ်ပြီး တစ်ပတ်လျှင် တစ်နာရီခွဲ နှစ်ရက် တက်ရောက်ရမှာပါ။

☎️ သင်တန်းတက်ရောက်လိုပါက ဖုန်း 09 986741494/ 09795300843 or cb မှ တစ်ဆင့် ဆက်သွယ်စုံစမ်း ကြိုတင် အပ်နှံနိုင်ပါတယ်ရှင့်။

💵💰 သင်တန်းကြေး အပြီးအစီး တသိန်းခွဲကျပ်ဖြစ်ပါတယ်ရှင့်။
January လအတွင်း စာရင်းသွင်း အပ်နှံပါက 10% Early Bird Discount ရရှိမှာပဲဖြစ်ပါတယ်။

အတန်း တတန်းလျှင် သင်တန်းသား အနည်းဆုံး ၅ ယောက် အများဆုံး ၁၀ ယောက်အထိသာ လက်ခံသွားမှာဖြစ်ပါတယ်ရှင့်။

Early Bird Discount ရရှိဖို့အမြန်လေးသာ ဟယ်လို လိုက်တော့နော်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00