Voice of Rangoon

Voice of Rangoon

Share

လွတ်လပ်၍ ဘက်မလိုက်သော သတင်းဌာန

12/04/2025

ငလျင်ကြောင့် စစ်ကိုင်း - မန္တလေး ကမ်းနားလမ်း ပျက်စီးနေမှု အခြေအနေ

19/03/2022

☔မုန်တိုင်းဘယ်ကိုဝင်မလဲ☔

ယခုအချိန်အခါရဲ့ သတင်းစီးဆင်းမှုအရ မိဘပြည်သူအများစုအနေဖြင့် မုန်တိုင်းသတင်းသိသူနည်းနေသေး၍ ထပ်မံတင်ပြလိုက်ပါသည်။ ယခုဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ ၂၀ ရက်နေ့၊ မနက်ဖြန်တွင် မုန်တိာင်းငယ်အဖြစ်အားကောင်းလာနိုင်ပြီး၊ ၂၁ ရက်နေ့တွင် ဆိုင်ကလုန်မုန်တိုင်းအဆင့်သို့ အားကောင်းလာဖွယ်ရှိနေပါသည်။ အဆိုပါမုန်တိုင်းဝင်မည့်လမ်းကြောင်းကို အသုံးများသည့် ECMWF မော်ဒယ်လ်နှင့် GFS မော်ဒယ်နှစ်မျိုးရဲ့ ခန့်မှန်းချက်ပုံတွေကို တင်ပေးလိုက်ပါသည်။ ပထမမော်ဒယ်လ်အရ ရခိုင်မြောက်ပိုင်း၊ စစ်တွေမြို့ဝန်းကျင်ဝင်ရောက်နိုင်ပြီး၊ ဒုတိယမော်ဒယ်လ်အရ ရခိုင်အလယ်ပိုင်း၊ သံတွဲမြို့ဝန်းကျင်မှာ ဝင်ရောက်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အဆိုပါမုန်တိုင်းဟာ မြန်မာပြည်ကို ဝင်ရောက်ဖို့ ရာခိုင်နှုန်းအလွန်များပါသည်။ သို့ဖြစ်ပါ၍ ယခုကတည်းက ပြင်ဆင်ထားသင့်ပါသည်။ မုန်တိုင်းဝင်ခြင်းကို အကြောက်မလွန်စေချင်ပါ။ အဓိက ပြင်ဆင်ရမည်က ဝင်မည့် ရခိုင်ပြည်နယ်နှင့် အောက်က ဧရာဝတီကမ်းရိုးတန်းဒေသများပါ။ လေတိုင်နှုန်းမြင့်ပြီး လှိုင်းကြီးနိုင်၍ မတ်လ ၂၁ ရက်ကစပြီး ပင်လယ်ထဲခရီးမထွက်သင့်ပါ။ နောက်ထပ်သတိထားရမှာက မုန်တိုင်းဘယ်လမ်းကြောင်းကဝင်ဝင် မွန်ကရင်တနင်္သာရီက မိုးကြီးနိုင်ပါသည်။ ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထူးဂရုပြုစေချင်ပါသည်။

မိုးရွာသွန်းမှုအနေနဲ့ကတော့ မတ်လ ၂၂၊ ၂၃၊ ၂၄ ရက်များတွင်
✓ ပထမလမ်းကြောင်းအတိုင်းဝင်လျှင်ရခိုင်မြောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမိုးများရနိုင်ပါသည်။

✓ဒုတိယလမ်းကြောင်းကဝင်လျှင် ရခိုင်ပြည်နယ်အလယ်ပိုင်း၊ မကွေးတိုင်းအလယ်ပိုင်းနှင့်တောင်ပိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် မိုးများရနိုင်ပါသည်။

မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းကတော့ ဘယ်ကဝင်ဝင် မိုးအနည်းငယ်မှ အသင့်အတင့် ရွာဖို့များပါသည်။
ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်ကတော့ မိုးအပြင်လေပြင်းနှင့် လှိုင်းကြီးတာတွေပါရှိလာနိုင်၍ ဂရုစိုက်သွားလာသင့်ပါသည်။
မွန်ကရင်တနင်္သာရီ မိုးကြီးနိုင်တာကို သတိပြုကြပါ။

[လမ်းကြောင်းအပြောင်းအလဲများထပ်ရှိနိုင်၍ Update တွေ ထပ်အသိပေးပါမည်။ နားစွင့်ပြီးနေကြပါခင်ဗျာ။]

မုန်တိုင်းသတင်းသည်လည်း အရေးကြီး၍ မိမ်အသိမိတ်ဆွေ၊ ဆွေမျိုးများ သိနိုင်စေရန် အချင်းပချင်း သတင်းစကားပါးပေးကြပါ။ မင်္ဂလာညနေခင်းပါ ခင်ဗျာ။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon