Phyu Lone
Let’s Grow Up….Together!
25/05/2024
ဆီးချိုရောဂါ ဘာကြောင့်ဖြစ်လဲ?
အကောင်းဆုံး ကာကွယ်ဆေးက ဘာလဲ?
****
(စာရှည်ပါတယ် ၊ အဆုံးထိ ဖတ်မယ်ဆိုရင် ပေးရတဲ့ အချိန်ထက် ပိုတန်တဲ့ အနှစ်တွေကိုရပါလိမ့်မယ်။ )
ဆီးချိုရောဂါဆိုတာနဲ့ အချိုစားများတာကြောင့်လို့ ထင်ကြပါတယ် ။ မှန်သင့်သလောက်မှန်ပေမယ့် အပြည့်အ၀ မမှန်သေးပါဘူး။
ဆီးချိုရောဂါရဲ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ `` ကျောက်ကပ်ပျက်တာ ၊ မျက်စိကွယ်တာ၊ နှလုံးရောဂါတွေပါဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာဖြစ်ရင်လည်း ပျောက်ဖို့ကြာတာမျိုးတွေလဲ ကြုံရပါလိမ့်မယ် ။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။
ဆီးချိုကိစ္စမပြောခင်မှာ စားသုံးလိုက်တဲ့ အစာတွေက ဘယ်လိုဖြစ်ပြီး အသုံးချလို့ရတဲ့ စွမ်းအင်ဖြစ်သွားလဲ ဆိုတာ အရင်သိထားရပါမယ်။
ကျနော်တို့စားသုံးလိုက်တဲ့ အစားအစာ တစ်နည်းအားဖြင့် ကစီဓာတ်ပေါကြွယ်၀သော အစားသောက်တွေကို စားလိုက်ရင် အစာအိမ်ကနေတစ်ဆင့် အစာချေဖျက်ပြီး glucose သို့မဟုတ် အချိုဓာတ်တွေအဖြစ် သွေးကြောထဲကို ပို့ဆောင်ပေးပါတယ်။ အဲ့သွေးကြောတွေထဲကနေမှ တစ်ဆင့် ကြွက်သားဆီကို ရောက်ပြီး ထို (Glucose)အချိုဓာတ်တွေကို စွမ်းအင်အဖြစ် ပြန်လည် အသုံးချပါတယ် ။ ဒါက ရိုးရှင်းပါတယ်။ ကားတစ်စီးမောင်းနှင်နိုင်ဖို့ ဆီကန်ထဲကို ဆီအရင်ဖြည့်ရမယ် ဆီတွေကို သူ့လမ်းကြောင်းကနေ တစ်ဆင့်(သွေးကြောနဲ့ဆင်တူ) အင်ဂျင်(ကြွက်သားနှင့်ဆင်တူ)ဆီကို ပို့ပေးပြီးတော့ စွမ်းအင်အဖြစ် အသုံးချတယ် ၊ ဒီသဘောပါပဲ။
ခန္ဓာကိုယ်ထဲမှာနဲ့ မတူတာကတော့ သွေးကြောထဲက အချိုဓာတ်တွေကို စွမ်းအင်အဖြစ်အသုံးချနိုင်ဖို့ ကြွက်သားထဲကို အလိုလို မ၀င်နိုင်ပါဘူး။ insulin hormone ကတွန်းပို့ပေးရပါတယ်။
insulin hormone ကသူ့အလုပ်သူ မလုပ်တော့ပဲ ကြွက်သားထဲကိုအချိုဓာတ် တွေမပို့နိုင်တော့တာကို insulin resistance ဖြစ်တယ်လို့ ခေါ်ပါတယ်။
insulin resistance ဖြစ်တဲ့အခါ ကြွက်သားထဲကို အချိုမရောက်တဲ့အတွက် အသုံးပြုစရာစွမ်းအင်လဲ မရှိတာကြောင့် အစားစားနေပေမယ့် အားမရှိပဲ အားပျက်သလို ဖြစ်နေပါလိမ့်မယ်။ ဒါ့အပြင် အချိုဓာတ်တွေက ကြွက်သားထဲ မ၀င်နိုင်တော့ သွေးကြောထဲမှာပဲ ပိတ်မိနေပါတယ်။ သွေးထဲမှာ အချိုတွေ များနေတဲ့အတွက် သွေးချိုရောဂါက စပါပြီ။ သွေးထဲမှာ အချိုဓာတ်တွေများလာတော့ ဆီးအဖြစ် ပြန်စွန့်ထုတ်ရပါတယ် ။ ဒါကြောင့် ဆီးချိုရောဂါဖြစ်လာပါတယ်။
အလွယ်ပြောရရင် ဆီးချိုသွေးချိုဘာလို့ဖြစ်လဲဆိုတော့ Insulin resistance ကြောင့်ဖြစ်ပါတယ်။
insulin resistance ဘာကြောင့် ဖြစ်လဲ ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ဗိုက်ပတ်လည်မှာအဆီများသူ တွေနဲ့ အ၀လွန်နေသူတွေမှာ insulin resistance ဖြစ်နိုင်ချေ အရမ်းများပါတယ်။
အ၀လွန်နေတဲ့ သူတိုင်းက insulin resistance မဖြစ်သေးသလို ပိန်တဲ့ သူတွေကလည်း insulin resistance ဖြစ်နိုင်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ချေ ရှိပါသေးတယ်။
တကယ်လို့ သင်က အ၀လွန်နေသူသို့မဟုတ် ခါးနဲ့ ဗိုက် ပတ်၀န်းကျင်မှာ အဆီများနေတဲ့အပြင် မျိုးရိုးထဲမှာ ဆီးချိုရောဂါသည်ရှိရင် သင်လည်းဆီးချို ဖြစ်နိုင်ချေ များနေတဲ့ အတွက် ဆီးချိုစစ်ကိုစစ်ကြည့်သင့်ပါတယ်။
အစာစားပြီးပြီးချင်း လမ်းလျှောက်ခြင်း နှင့် အလေးမလေ့ကျင့်ခန်း လုပ်ခြင်းတို့က ဆီးချိုရောဂါ ဖြစ်နိုင်ချေကို အများကြီး လျှော့ကျစေပါတယ်။
လေ့လာမှု တစ်ခုမှာ ပါ၀င်သူတွေကို လက်ရှိကိုယ်အလေးချိန်ထက် 10% ဝိတ်ချခိုင်းလိုက်တဲ့အခါ ပါ၀င်သူတွေရဲ့ 90% က အမှတ်၂ ဆီးချိုရောဂါ သက်သာပျောက်ကင်းသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရဲ့ အကောင်းဆုံးကာကွယ်ဆေးက လမ်းလျှောက်ခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းပဲ ဖြစ်တာမို့ အပျင်းမကြီးကြဖို့ သတိပေးလိုက်ပါရစေခဗျာ။
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အစမှာကျနော်ပြောခဲ့သလို ဖတ်ရတာ တန်တယ်လို့ ထင်ရင် Share သွားပေးပါဦးခဗျာ။
Copy ယူမယ်ဆိုရင် Crd အပြည့်အ၀ပေးဖို့အတွက်မေတ္တာရပ်ခံအပ်ပါတယ်။
CRD
Fit With-Min Thant
(Fat loss specailist)
#ဆီးချိုရောဂါ
03/01/2024
မဂ်လာပါ ရှင် ။ လူကြီးမင်း တို့ ရဲ့ စီးပွားရေး ကို တစ်ဖက်တစ်လမ်း က နေ
အထောက်အကူပြု ကူညီဖို့ Phyu Lone ကို သတိရလိုက်ပါ ။
များပြားလှသော လူကြီးမင်းတို့ ရဲ့ Customer များ ကို ဂရု စိုက် ဖို့ အတွက်
စိတ်ရှည်ရှည် နဲ့ Customer မေးသမျှ ကို ဖြေ ဖို့ အတွက်
မအားလပ်နေတဲ့ အချိန် တွေ တခြား စီးပွားရေး တွေ ကို အာရုံစိုက်နိုင်ဖို့
အတွက် Phyu Lone က အမြဲ အဆင့်သင့် ရှိပေးမှာပါ ။
Page Messenger Reply နဲ့ Comment Reply အတွက်
Customer Service အတွေ့အကြုံများ စွာ ရှိတဲ့သူ တွေ က
ဆောင်ရွက်ပေးမှာ ဖြစ် လို့ယုံကြည်နိုင်မှာ ဖြစ်ပါတယ် ။
Page Management , Page Boost Service အပြင် များစွာ သော
Digital Platform Service များ ကို ဆောင်ရွက်ပေးမှာ
Phyu Lone ပါ ။
Contact :
[email protected]
09751709480
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
North Okkalapa
Yangon
11031