AYAR AYE Engineering Group

AYAR AYE Engineering Group

Share

AYAR Engineering Air-Con

21/09/2024

တစ်နေ့မှာ ခရုငယ်တစ်ကောင်ဟာ
မြေပြင်မှာ တွားသွားနေတယ်။

ဒါကို လိပ်တစ်ကောင်က တွေ့တော့
"ငါ့ကျောပေါ်တက်ပါ၊ ငါခရီးကြုံ ပို့မယ်" လို့ဆိုတယ်။

လိပ်ကျောပေါ် ခရုငယ်တက်သွားတော့
တီကောင်တစ်ကောင် ရှိနေပါတယ်။

တီကောင်က " သေချာထိုင်နော်
သူသွားတာ တော်တော်မြန်တယ် "လို့ပြောတယ်။

ဒီဟာသကို ကြားခါစက
လိပ်ရဲ့ လေးစားဖွယ်သဘောထား
တီကောင်ရဲ့ အထင်ကြီး အားကျပုံနဲ့
ခရုငယ်ရဲ့ ကျေးဇူးတရားပြည့်ဝနေတဲ့ မျက်ဝန်းကို
ကြှနျုပျ မြင်ယောင်ခဲ့မိတယ်။

ဒါကို ဟာသတစ်ပုဒ်လို သဘောထားပြီး
တွေ့သူတိုင်းကို ပြောပြခဲ့ပါတယ်။

တစ်ချို့က
"လိပ်က သူ့ဟာနဲ့သူတောင် အင်အားမရှိ
သွားတာလည်း နှေးတာတောင်
တစ်ခြားသူကို ကူချင်သေးတယ်" လို့
ဝေဖန်အပြစ်တင်တယ်။

တစ်ချို့ကလည်း တီကောင်ကို
"အမြင်မကျယ်တဲ့ တွင်းထဲက ဖားသူငယ်အဖြစ်"
ခိုင်းနှိုင်းတယ်။

တစ်ချို့ကလည်း ခရုငယ်ကို
"ကိုယ့်ဘာသာမလျှောက်ဘူး။
အမြန်လိုတော့ အနှေးတွေ့ပြီလေ"လို့ အပြစ်ဖို့တယ်။

ဟာသတစ်ပုဒ်က
ဒီလိုအငြင်းပွားလိမ့်မယ်လို့
ကြှနျုပျ တွေးထင်မထားခဲ့မိဘူး။

ဒါပေမယ့် လူတစ်ယောက်ရဲ့ ပြောစကားက
ကြှနျုပျရငျကို လှုပ်ခါသွားခဲ့တယ်။

သူပြောတာက
"လိပ်က နှေးတယ် ဒါပေမယ့်
တီကောင်နဲ့ ခရုငယ်ရဲ့အမြင်မှာ သူကမြန်တယ်။
ကိုယ့်လောက်မစွမ်းသူကို ကူညီတာ
အကူအညီလိုတဲ့သူကို ကူညီတာဟာ
ဘယ်လောက်ပဲ ကူညီနိုင်တာဖြစ်ဖြစ် ချစ်စရာပါ"

ဒီစကားလေးတစ်ခွန်းက
လူကို လှုပ်နှိုးသွားစေပြီးတော့
ပုံပြင်ရဲ့ တကယျ့အဓိပ်ပါယျကို နားလည်သွားခဲ့ပါတယ်။

'တတ်စွမ်းသလောက် ကူညီတယ်။
ကိုယ်ထက် ခွန်အားနည်းသူကို ကူညီတယ်။
လက်တစ်ဖက် အကူအညီလိုသူကို
လက်တစ်ဖက် ကမ်းတယ်။
ကူညီမှုက နည်းများမဆို
အကူအညီလိုသူကို ကူညီတာဟာ
မွန်မြတ်ခြင်းတစ်ပါးပါ'

ဖယောင်းတိုင်ငယ်လေးရဲ့ အလင်းက
ဘယ်အထိ ဝေးဝေးလင်းနိုင်မလဲ၊
ဒါပေမယ့် သူ့အနီးဝန်းကျင်က
အမှောင်ကိုတော့ ခွင်းနိုင်ပါတယ်။

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


စကားဝါလမ်း
Yangon
ZIP