Cymbidium

Cymbidium

Share

ဒီဇိုင်းလှပပြီး စျေးနှုန်းချိုသာသေ

22/07/2023

မင်မင်တို့ Pageလေးကို (22-7-2023)မှစ၍ တရားဝင်ပိတ်လိုက်ပါပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားပါတယ်ရှင် 🙏🙏🙏

😘😘😘မှာယူအားပေးခဲ့ကြသော တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🥰🥰🥰
crd

28/01/2023

" လူငယ်တိုင်းဖတ်သင့်တဲ့ အချက် (၁၅) ချက် "

၁။မလိမ်ပါနဲ့

လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။
ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊
မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။လှည့်စား၊သစ္စာမဖောက်ပါနဲ့

အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။

၃။မမုန်းပါနဲ့

ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။
ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။စိတ်မပူပါနဲ့

ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။
အကောင်းမြင်တတ်အောင် ကြိုးစားပါ။
လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၆။အမြင့်ဆုံးမှန်းပါ

ခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။
အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

၇။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ

ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။
ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။
အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။

၈။ရိုးစင်းစွာ ရှင်သန်ပါ

တန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။
ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။
ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။
ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၉။များများပေးကမ်းပါ

ဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။
ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၁၀။အမြဲတမ်းပြုံးပါ

ဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၁။လက်မလျှော့နဲ့

ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။
စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။
ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၂။လက်လွှတ်တတ်ပါ။

ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။

၁၃။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ

လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကို
နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ
နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။

၁၄။ဝေဖန်ခြင်းကို လက်ခံတတ်ပါ

တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။
သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။

၁၅။အချိန်ကို နေရာပေးပါ၊၊

မစောင့်ပါနဲ့

အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။
ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။
တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်

မေတ္တာဖြစ်ပြန်လည်မျှဝေပါသည်။

25/01/2023

မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာ
အသက်. ၃၀ ထိ လှနေရင်
အရင်ဘဝရဲ့ အကျိုးဆက်တွေ
ငယ်ရွယ်နုပျိုမှုတွေကြောင့် ပါတဲ့

အသက် ၃၀ နောက်ပိုင်း မှာ တော့
သူမရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝ ပတ်ဝန်းကျင်နဲ့.
သူမရဲ့ ခံယူချက်စိတ်ထားကြောင့်
ထင်ဟပ်လာတဲ့ရုပ်ရည်ပါ

ဒါကြောင့် မိန်းမတစ်ယောက် ဟာ
အသက်. ၃၀ ကျော် ၃၅. နှစ်
နောက်ပိုင်းမှာတောင် လှနေသေးရင်
သူမရဲ့ အတွင်းစိတ်လေးကြောင့်ပါ

အသက် ၄၀ နှင့် ၅၀ ကြား
အဲဒီချိန်မှာတောင် လှနေသေးတယ်ဆိုရင် တကယ် ကို လှပသူလေးပါ

ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
ကြုံလာရတဲ့ အရာတွေအပေါ်
သူမရဲ့ ဘယ်လို စိတ်နဲ့
တုံ့ပြန်လက်ခံမယ်ဆိုတာ
သူမရဲ့ရွေးချယ်မှု့နဲ့ ရလဒ်ကြောင့်
ထင်ဟပ်လာတဲ့ ရလဒ် ဟာ
သူမရဲ့မျက်နှာမှာ ရှာဖွေတွေ့နိုင်လို့ပါပဲ

အခက်ခဲတွေ ရှုံးနှိမ့် နာကျင်
စိန်ခေါ်မှုတွေ များစွာကြုံရတဲ့
မိန်းမ တစ်ယောက် ဟာ
သူမမျက်နှာမှာ အပြုံးပန်းဆင်တာ
တွေ့မြင်နေ ရသေးတယ်ဆိုရင်တော့
သူမ ရဲ့စိတ်ဓါတ်ကြောင့် ပါပဲ

အခက်ခဲတွေကို လက်မြှောက်
အရှုံးမပေးဘူး ဆိုတဲ့ရွေးချယ်မှုကြောင့်
လှပတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ
လှပစွာနေနိုင် တွေ့နိုင် ရတာဟာ
မဆန်းတဲ့ အရာဖြစ်ပေမယ့်

ခက်ခဲပင်ပန်းတဲ့ ပတ်ဝန်းကျင်မှာ
လှပစွာတွေ့မြင်တွေ့ နေနိုင်ရတာဟာ
အတွင်းစိတ် ကြံ့ခိုင်ခြင်းရဲ့
အကျိုးဆက် ဖြစ်သလို
မိန်းမတစ်ယောက်ရဲ့ အားမာန် အပြည့် နဲ့
တကယ့် စစ်မှန် တဲ့ အလှတရားပါပဲ

မတူညီတဲ့ ကုသိုလ်ကံတရားတွေနဲ့
မညီမျှတဲ့ ဘဝ အကျိုးပေး တွေကို
ကျေနပ်စွာလက်ခံနိုင်ကြပြီး
ကြံ့ခိုင်တဲ့ အမျိုးသမီး အ ဖြစ်
အလှစစ် ကို ဖေါ်ဆောင် နိုင်ကြပါစေ။

ဖတ်မိရတဲ့စာလေးတွေပေါ့
မျှဝေခြင်းပါ

01/01/2023

🙏🙏🙏

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


North Okkalapa
Yangon