MHR Management -Japan

MHR Management -Japan

Share

ဂျပန် နိုင်ငံတွင် tokutei visa ဖြင့် အလုပ်ရှာပေးပါတယ်ရှင့်

19/06/2026

Tokutei ယောကျ်ားလေးခေါ်စာအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် အလုပ်ခေါ်စာလေးရောက်ရှိထားပါတယ်ရှင့်👷🏢

**မင်မင်တို့နောက်အပါတ်ရုံးပိတ်ထားမှာဖြစ်တဲ့အတွက် viber ကတဆင့်အရင်လာပြောပေးထားပါနော်**

#ဆောက်လုပ်ရေး

12/06/2026

皆さん、こんにちは!😊

📢 ဂျပန်စာကို ကြိုးစားလေ့လာနေပြီး ဂျပန်နိုင်ငံမှာ အနာဂတ်တစ်ခု တည်ဆောက်ချင်တဲ့ လူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ် 🇯🇵✨

ဒီ Program လေးကတော့…

✅ ဂျပန်နိုင်ငံမှာ ရေရှည် Career တစ်ခု တည်ဆောက်ချင်သူ
✅ မိမိရဲ့ အနာဂတ်အသက်မွေးဝမ်းကျောင်းကို စဉ်းစားရွေးချယ်နေသူ
✅ ပညာရေးကို အလေးထားပြီး ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ချင်သူ

တို့အတွက် အထူးသင့်တော်တဲ့ Program လေးဖြစ်ပါတယ်။

🦷 Dental Hygienist (歯科衛生士) Program

Dental Hygienist ဆိုတာ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး…

🔹 သွားဆရာဝန်များကို ကူညီပေးခြင်း
🔹 သွားကျောက်ဖယ်ရှားခြင်း
🔹 သွားနှင့်ခံတွင်းကျန်းမာရေးပညာပေးခြင်း
🔹 သွားရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း

စသည့် တာဝန်များကို ထမ်းဆောင်ရသော Medical Profession တစ်ခု ဖြစ်ပါတယ်။

📚 ဂျပန်အစိုးရအသိအမှတ်ပြု Dental Hygienist ဖြစ်ရန်

1️⃣ ဂျပန်နိုင်ငံရှိ သွားဘက်ဆိုင်ရာ အထူးပြုကျောင်းတွင် ၃ နှစ် ပညာသင်ကြားရမည်

2️⃣ 歯科衛生士国家試験 (နိုင်ငံတော်လိုင်စင်စာမေးပွဲ) ကို အောင်မြင်ရမည်

3️⃣ JLPT N2 အနည်းဆုံး ရှိရမည်

💡 ဆေးဘက်ဆိုင်ရာ Kanji နှင့် ဝေါဟာရများကို သင်ယူရမည်ဖြစ်သောကြောင့် N2 Level လိုအပ်ပါသည်။

🎯 ကျောင်းပြီးဆုံးပြီးနောက် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

💰 နှစ်စဉ်ဝင်ငွေ ယန်း ၄၀၀ သောင်းဝန်းကျင်နှင့် အထက် ရရှိနိုင်သော အလုပ်အကိုင်များ

🏥 အစိုးရအသိအမှတ်ပြု လိုင်စင်ရ ကျွမ်းကျင်ပညာရှင်အဖြစ် ရပ်တည်နိုင်ခြင်း

📈 အလုပ်အကိုင်အခွင့်အလမ်းများ ပေါများခြင်း

✨ 医療 (Medical) အမျိုးအစား ဗီဇာဖြင့် ရေရှည်တည်ငြိမ်စွာ နေထိုင်လုပ်ကိုင်နိုင်ခြင်း

🇯🇵 ဂျပန်နိုင်ငံ၏ Medical Sector တွင် ရေရှည် Career တစ်ခု တည်ဆောက်နိုင်ခြင်း

✨ Career Path အနေဖြင့် 介護福祉士 Program နှင့် ဆင်တူသော လမ်းကြောင်းတစ်ခုဟုလည်း ပြောနိုင်ပါသည်။

📚 မိမိဘက်မှ လိုအပ်သည်မှာ…

ဂျပန်စာနှင့် ပညာရေးကို အာရုံစိုက်ကြိုးစားသင်ယူပြီး လိုင်စင်ရရှိသည်အထိ ဆက်လက်ကြိုးစားရန်သာ ဖြစ်ပါတယ်။

💰 လစာနှင့် Career အခွင့်အလမ်းများမှာလည်း အထက်တွင် ဖော်ပြထားသည့်အတိုင်း အလားအလာကောင်းများစွာ ရှိနေပါသည်။

ဂျပန်နိုင်ငံမှာ ကိုယ့်ရဲ့အနာဂတ်ကို ပိုမိုခိုင်မာစွာ တည်ဆောက်ချင်သူများအတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်လို့ စိတ်ဝင်စားသူများ မြန်မြန်လေး စာရင်းပေးထားဖို့ အကြံပြုလိုပါတယ် 😊

📩 Program အကြောင်း အသေးစိတ် သိရှိလိုပါက CB မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#ဂျပန်မှာအနာဂတ်သစ်တစ်ခုပုံဖော်ကြမယ်✨


#歯科衛生士

01/06/2026

Kaigo ပြည်တွင်းအလုပ်ခေါ်စာလေးပါရှင့်🎌🎌

အသေးစိတ်သိရှိလိုပါက page messenger တွင်လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

Photos from MHR Management -Japan's post 29/05/2026

မနေ့ကပြုလုပ်ကျင်းပခဲ့တဲ့ အင်တာဗျူးရလဒ်လေးထွက်လာပါပြီရှင့်😍
 Tokutei စားသောက်ကုန်ထုတ်အင်တာဗျူးအောင်သွားတဲ့
ညီမလေးမဇွန်ပွင့်ဖြူနဲ့ မနှင်းသဇင် おめでとうございます🎉🎈
ဂျပန်ကိုအမြန်ဆုံးရောက်ရှိပြီး Fujiတောင်ရဲ့အလှနဲ့ShiZuOkaခရိုင်ရဲ့အလှပတရားတွေကို အမြန်ဆုံးကြည့်ရှုနိုင်ပါစေလို့ MHR Management မှဆုတောင်းပေးလိုက်ပါတယ်ရှင့်🥰🎌🫶 #စားသောက်ကုန်ထုတ်

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


29 Ward, North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00