HTOO Real Estate Agent

HTOO Real Estate Agent

Share

Real Estate Agent

Photos from HTOO Real Estate Agent's post 05/06/2023

#သိထားသင့်တယ်_မိမိအကောင့်ထဲ_ထားတချိန်ကျအသုံးဝင်လာမှာပါ။

- ဂရံ
- ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)
နမူနာပုံတွေပါ

Credit Photo

23/05/2023

အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် သတိထားဖို့ ⚠⚠⚠
အိမ်ခြံမြေလောကမှာ မကြာခဏကြုံတွေ့ရတဲ့ ပြသနာလေးတွေ ရှိပါတယ်။ ဒါ့ကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင် ဒီအချက်တွေ သေချာစစ်ဖို့ လိုပါတယ်။
✅စာရွက်စာတမ်းစစ်မှန်ဖို့
✅အရှုပ်အရှင်းကင်းဖို့
✅စာချုပ်စာတမ်းပြည့်စုံဖို့
✅လက်ရောက်ရဖို....လိုအပ်ပါတယ်
၁။ အတုအရမ်းပေါတဲ့ကာလကြီးမှာ အစစ်အမှန်ရဖို့ အရေးကြီးဆုံး💯
❓ ဘယ်လိုစစ်ရမလဲ ❓
❓ ဘယ်သူတွေကအတုအစစ်ခွဲနိုင်သလဲ ❓
⚖👧 အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ခြံမြေကျွမ်းကျင်သူ၊ ရှေ့နေ တို့က စစ်ဆေးပေးနိုင်ပါတယ်။ ဒါတင်မပြီးသေးပါဘူး။ သက်ဆိုင်ရာရုံးမှာ အချက်အလက်မှန်မမှန်၊ ကန့်ကွက်ထားတာရှိမရှိ ကို မဖြစ်မနေ သေချာစစ်ဆေးပါ။☑
၂။ 📰လူမှုရေးအရှုပ်အရှင်းကို သတင်းစာကြော်ငြာထည့်ခြင်းဖြင့် ရှာဖွေပါ📰
ဒီခေတ်မှာ အများစုက သတင်းစာမဖတ်ပေမယ့် ပြဿနာဖြစ်ခဲ့ရင် လူသိရှင်ကြား ကြော်ငြာထည့်ပြီး ဝယ်တာကို သက်သေပြတာပါ။ ဒါ့အပြင် အနီးပတ်ဝန်းကျင်ကိုလည်းကောင်း ၊ဆယ်အိမ်ခေါင်းကိုလည်းကောင်း ဆက်လက် စုံစမ်းနိုင်ပါတယ်။
၃။ ရောင်းသူလက်ထဲက စာချုပ်စာတမ်းတွေ ဆက်စပ်မှု ပြည့်စုံသလား ဆိုတာ အရေးပါပါတယ်🟢
ထိုနည်းတူ ကိုယ့်ဖက်က စပြီးချုပ်ရမဲ့ စရံပေးစာချုပ်မှသည် နောက်ဆုံးငွေချေ စာချုပ်အထိ လိုအပ်တာတွေအားလုံး ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဉပမာ ဂရန်မြေကိုဝယ်ပြီဆိုရင် ဝယ်သူအမည်ပေါက်သည့်အထိ အချိန် တနှစ်ဝန်းကျင် ကြာသလို လုပ်ရမဲ့ လုပ်ဆောင်မှုတွေက များတာကြောင့် ငွေမ‌ကြေခင်မှာ လိုအပ်တာတွေကို စာချုပ်မှာ ထည့်ရေးရပါတယ်။ ငွေကြေပြီးမှ လိုတာပြောရင်၊ လုပ်ပေးခိုင်းရင် ခက်ခဲပါတယ်။🤗🤗
၄။‌ ငွေကြေတာနဲ့ ဝယ်ယူထားတဲ့အိမ်ခြံမြေကိုပါ လက်ရောက်ယူထားဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီနောက်မှာ 👇
♻️ မြေလွတ်ဆိုရင် ခြံခတ်ထားမယ်🏡
♻️ ပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးဖို့ အပ်ထားမယ်🙏
♻️ ရပ်ကွက်ရုံးမှာ အရောင်းအဝယ်မှတ်တမ်းတင်မယ်📑
စသည်ဖြင့် လုပ်နိုင်တာအားလုံးကို လုပ်ထားဖို့ လိုပါတယ်။ ငွေကြေးကုန်ကျမှာ အနည်းအကျဥ်းရှိပေမဲ့ လုပ်ကို လုပ်ဆောင်ရမှာပါ။
♻️ နောက်တခုက ဥပဒေအရ ပိုင်ဆိုင်ဖို့ အမည်ပြောင်းထားပါ။👍
မိမိမြေကို သူတပါးကျုးကျော်ပြီးမှ ဖြေရှင်းရင် အဲဒီစရိတ်ထက် ပိုကုန်ပြီး အဆင့်မသင့်ရင် လက်လွတ်ဆုံးရှုံးရနိုင်ပါတယ်🤦‍♂️😭................................................

Credit
HTOO Real Estate
09 426355543

12/11/2022

မင်္ဂလာပါရှင်👩

👉👉👉12ရပ်ကွက် ပုဂံမိန်းလမ်းမကြီးအနီး စျေးအနီး အောင်သစွာလမ်းမကျောကပ်တွင် မြေသီးသန့်ရောင်းရန်ရှိပါသည်

🍀🍀🍀စျေးနှုန်း --- သိန်း490(ညှိနှိုင်း)
🍀🍀🍀မြေကွက်အကျယ် --- ပေ20×60
🍀🍀🍀ပိုင်ဆိုင်မှု --- ပါမစ်မြေ
😊😊😊အိုးအိမ် စည်ပင်စိတ်ကြိုက် ဧ်ဆေးနိုင်ပါသည်

ဆက်သွယ်ရန်
Ma Htoo
09426355543

11/11/2022

မြေကွက် ပေ 40 x 60 မှ ပေ 20 မြေကို ဂရမ်ရအောင် ဘယ်လိုလျှောက်ရမလဲ?

ပေ ၂၀ မြေကို ဂရန်ပေါက်အောင် ဘယ်လိုလုပ်ရမလဲ
ကျွန်မတို့က ရပ်ကွက်ထဲက ဂရန်ရထားတဲ့
ပေ (၄၀*၆၀) မြေကွက်မှာ ပေ ၂၀ ကို
လွန်ခဲ့တဲ့(၂) နှစ်လောက်ကတည်းက ဝယ်ပြီး နေထိုင်တာပါ။
ဂရန်ကိုတော့ မူလ ပိုင်ရှင်ကယူထားပါတယ်
ဝယ်ထားတဲ့ ကိုယ့်မြေကို ဂရန်အမည်ပေါက်အောင်
ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို သိလိုပါတယ်။

မြေဆိုတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစွည်းကို အရောင်းအဝယ်ပြုလုပ်တဲ့အခါမှာစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဝယ်ယူရပါတယ်

မှတ်ပုံတင်ထားတဲ့စာချုပ်ရှိထားရင်တော့ သက်ဆိုင်တဲ့
ဂရန်ထုတ်ပေးတဲ့ ဌာန မှာဆောင်ရွက်လို့ရပါတယ်

အကယ်၍များ အရပ်စာချုပ်ဖြင့်ဝယ်ယူထားတယ်ဆိုရင်တော့ ဒီစာချုပ်ကို မှတ်ပုံတင်စာချုပ် ဖြစ်ဖို့ ပြန်လည်ချုပ်ဆိုရပါမယ်

ဝယ်ထားတာကလည်း လွန်ခဲ့တဲ့ (၂ )နှစ်လောက် ကတည်းကဖြစ်တဲ့အတွက် စာချုပ်စာတမ်း ဥပဒေ မှာတော့ စာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း (၁၂၀) အတွင်း မှတ်ပုံတင်ဖို့ လျှောက်ထားရပါတယ်

အခုဟာက (၂ )နှစ်လောက်ရှိနေပြီဆိူတော့ မှတ်ပုံတင်စာချုပ် ချုပ်ပေးဖို့ လျှောက်ထားတဲ့အခါမှာစာချုပ်စာတမ်းရုံးက ငြင်းပယ်တာတို့ ၊ ဒဏ်ကြေးတိူ့ သတ်မှတ်မှာပါ.

အကယ်၍ ကိုယ့်ကိုရောင်းသူ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် ရောင်းသူကိုပြန်လည်ခေါ်ယူပြီး
မှတ်ပုံတင်စာချုပ် ချုပ်ဆိူခိုင်းရပါမယ်

မှတ်ပုံတင်စာချုပ်ရှိလာတဲ့အခါကျမှသာ စည်ပင်သာယာရေးကော်မတီကို မှတ်ပုံတင်စာချုပ်နဲ့ ပူးတွဲပြီး ဦးပိုင် ခွဲစိတ်ပေးဖို့နဲ့ ဂရန်ကို ခွဲစိတ်ထုတ်ပေးဖို့ လျှောက်ထားရပါမယ်

ဌာန ရဲ့လုပ်ထုံး လုပ်နည်း များအရ လုပ်ပေးပိုင်ခွင့်ရှိသလို လျှောက်ထားသူအနေနဲ့လည်း ရပိုင်ခွင့်ရှိပါတယ်.
ဌာနရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ပေ (၂၀.)/
စ​တုရန်းပေ ၁၂၀၀ ထက်လျော့နည်းရင်တော့လုပ်ပေးပိုင်ခွင့်မရှိပါဘူး

အခုဟာက ပေ ၂၀ ကွက်တိရှိနေတာဖြစ်တဲ့အတွက်
လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင်တော့
ကိုယ့်အမည်ပေါက်ဖြစ်ဖို့ရာ လွယ်ကူပါလိမ့်မယ်။
ပြန်လည်ကူးယူဖော်ပြပါသည်။
Crd

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon