Medi-Life
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Medi-Life, Medical and health, Yangon.
24/04/2023
သွေးပေါင်ကျဆေး(ခံယူချက်အမှား)
သွေးတိုးရင် သွေးပေါင်ကျဆေး သောက်မယ် ၊ သွေးပေါင်ကျဆေး သောက်ရင် သွေးတိုးရောဂါ ပျောက်မယ် (သွေးတိုးလူနာများက ဒီလို ခံယူကြပါတယ်)
အထက်ဖော်ပြပါ ဇယားကွက်ထဲက စာသား(စကား) အတိုင်း လူအများစု ယုံကြည်ကြပါတယ်၊ ခံယူချက် အမှား ဖြစ်ပါတယ်။
သွေးတိုးရောဂါဆိုတာ ပျောက်ကင်းအောင် ကုလို့ မရပါဘူး။ သွေးတိုးတာ သက်သာအောင်၊ ပိုဆိုးမသွားအောင်၊ လေမဖြတ်အောင်၊ နှလုံးသွေးကြော မပိတ်အောင်၊ မျက်စိမကွယ်အောင် သွေးပေါင်ကျဆေး သောက်ခြင်း၊ အစားအသောက် ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်း၊ တို့နဲ့ ပိုမဆိုးအောင် ထိန်းထားပြီး သွေးတိုးရောဂါရှိပေမယ့် ဘဝသက်တမ်းအပြည့်အဝ နေထိုင်နိုင်အောင် ဆင်ခြင်နေထိုင်ရတဲ့ ရောဂါ ဖြစ်ပါတယ်။
ရောဂါအကြောင်း၊ ဆေးအကြောင်း နည်းသည်မဆို များသည်မလို လေ့လာထားဖို့ လိုအပ်ပါတယ်။
ဆေးတွေရဲ့ အာနိသင်သက်ရောက်ပုံ၊ ဘေးထွက်ဆိုးကျိုး စတာတွေလည်း တခုနဲ့ တခု ၊ တအုပ်စုနဲ့ တအုပ်စု မတူကြပါဘူး။
ဥပမာ ဆိုရင် -
ACEIs သွေးကျဆေးတွေဆိုရင် ချောင်းဆိုးစေတယ်၊ ခြေထောက်ရောင်စေတယ်၊ သွေးတွင်းပိုတက်ဆီယမ် များစေတယ်။
ARBs သွေးကျဆေးတွေဆိုရင် ချောင်းမဆိုးစေပါဘူး၊ Losartan သွေူကျဆေးဆိုရင် ကင်ဆာဖြစ်စေတဲ့ ဓါတ်ပေါင်းပါဝင်တာကြောင့် အမေရိကန်နိုင်ငံမှာ အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ တချို့နိုင်ငံများမှာတော့ ဆက်လက်အသုံးပြုဆဲ ဖြစ်ပါတယ်။
Beta blockers သွေးကျဆေးတွေဆိုရင် ပန်းနာရင်ကြပ်ထစေပါတယ်၊ လူနုံးစေတယ်၊ တချို့မှာ နှလုံးအမောဖောက်ခြင်းကို ပိုဆိုးစေတယ်။ သွေးတွင်းထရိုင်ဂလစ်စရိုက်အဆီများစေပြီး HDL ကောင်းတဲ့အဆီ နည်းစေတယ်။
CCBs သွေးကျဆေးတွေဆိုရင် ဆေးသောက်ခါစမှာ မိုက်ခနဲ ခေါင်းမူးတတ်တယ်၊ သွေးပေါင်ထိုးကျတတ်တယ်။ ခြေထောက်ရောင်စေတယ်၊ ခြေမျက်စိရောင်စေတယ်၊ မျက်နှာမှာ ရှိန်းတိန်းဖိန်းတိန်း ခံစားရစေပါတယ်။
ဆီးဆေးများ
ဆီးဆေးလို့ ဆိုရင် လူများစုကတော့ ဆီးရွှင်ဆေး၊သွေးပေါင်ကျဆေး ဆိုတာ သိကြပါတယ်။ တချို့ကျတော့ ဆီးရွှင်ဆေး၊ ဆီးချိုဆေး နဲ့ ဆီးပိုးသတ်ဆေး တွေကို ရောထွေးနေတတ်ပါတယ်။
တကယ်တော့ 'ဆီး' ဆိုတဲ့ စကားလုံးပဲ တူတာပါ၊ ဆေး ၃ မျိုးက အသုံးပြုပုံတွေ မတူညီကြပါဘူး။
ဆီးဆေး၊ ဆီးရွှင်ဆေး ဆိုတာ ဆီးများများသွားစေတဲ့ ဆေး ဖြစ်ပြီး သွေးပေါင်ကျစေတဲ့ အတွက် သွေးပေါင်ကျဆေးထဲမှာ ထည့်သွင်း ဖော်ပြတာ ဖြစ်ပါတယ်။
တကယ်တော့ ဆီးသွားစေခြင်း ဖြင့် သွေးပေါင်ကျဆေး တာ ဖြစ်လို့ သွေးပေါင်ကျဆေး ထဲတွင် ပါဝင်သော ဆီးဆေး လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီးဆေးလို့ မှတ်မိတယ်ဆိုလဲ ရပါတယ်။
ဆီးချိုဆေး ဆိုတာ ဆီးချိုရောဂါဝေဒနာရှင်များ သောက်သုံးရတဲ့ဆေး ဖြစ်ပါတယ်။ ဆီးချိုဆေးများကို စာအုပ်ရဲ့ တနေရာမှာ တခန်းသက်သက် ဖော်ပြထားပါတယ်။
ဆီးပိုးသတ်ဆေး ဆိုတာ ဆီးလမ်းကြောင်း ပိုးဝင်တာ အတွက် ပေးတဲ့ ဘက်တီးရီးယားပိုးသတ်ဆေးကို ခေါ်တာ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းဆိုတာမှာ ဆီးပြွန် ၊ ဆီးအိမ်၊ ဆီးပို့ပြွန်၊ ကျောက်ကပ် စတာတွေ အားလုံး ပါဝင်ပါတယ်။ ဒီလမ်းကြောင်းတလျှောက် ပိုးဝင်တာကို ဆီးပိုးဝင်တယ်လို့ ခေါ်ပါတယ်။
ဆီးဆေးတွေမှာလည်း အုပ်စုများစွာ ရှိပြီး ဆိုင်ရာဘေးထွက်ဆိုးကျိုးတွေလဲ မတူကြပါဘူး။
Thiazides ဆီးဆေးတွေက ဂေါက်ရောဂါပိုဆိုးစေတယ်၊ သကြားဓါတ်ခံနိုင်ရည်နည်းလို့ ဆီးချိုလူနာများမှာ မသုံးစွဲသင့်ပါ။
Loop diuretics တွေက သွေးတွင်းပိုတက်ဆီယမ် နည်းစေတယ်။ (ဒါကြောင့် Frusemide ပေးတဲ့အခါ Potassium (ပိုတက်ဆီယမ်) ပါ ပေးလေ့ရှိပါတယ်) ကြာရှည်သုံးစွဲရင် နားကန်းတဲ့အထိ ဖြစ်စေနိုင်တယ်။
ဒီလောက်ဆိုရင် ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး အနည်း နဲ့ အများ ရှိကြတာ သိသာပြီ ဖြစ်ပါတယ်။ သွေးပေါင်ကျဆေးဆိုတာ မိမိနှစ်သက်ရာကို နံကြားထောက် ရွေးချယ်သောက်သုံးလို့ မရပါဘူး။ ကျွမ်းကျင်သူ ဆရာဝန်၊ ဆေးဝါးပညာရှင် တို့နဲ့ တိုင်ပင်ပြီးမှ ရေရှည်သောက်သုံးရမှာ ဖြစ်ပါတယ်။
လူတိုင်း အချစ်နဲ့ မကင်းသလို ဆေးတိုင်း အပြစ်နဲ့ မကင်းကြပါ (ဒီစာကြောင်းက ဆေးဝါးစာအုပ်တအုပ်မှ ကူးယူဖော်ပြတာ ဖြစ်ပါတယ်၊ ရေးသားသူအား Credit ပေးပါတယ်) ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon