Knowledge World
လောကရဲ့ မတည်မြဲမှုတွေကနေ တည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့ အာမခံနဲ့ ရှေ့ကိုဆက်ကြစို့။
11/09/2021
Supportive Person
Right Personထက် Supportive personရဖို့က
ပိုခက်တယ်ဗျ
Supportive personဆိုလို့
Gucciတို့ LVတို့ ဝယ်ပေးနိုင်တဲ့
လူမျိုးကို ဆိုလိုတာမဟုတ်ဘူးနော်
အဓိက Emotional Supportပေါ့
သေးသေးမွှားမွှားလေးကအစ
ကြီးကြီးကျယ်ကျယ် ကိစ္စတွေအထိ
ကိုယ်နှုတ်က ပြောစရာမလိုပဲ
Supportiveဖြစ်နေတဲ့သူမျိုးပေါ့
သူငယ်ချင်းရေ ငါဒီအလုပ်လေးစမ်းကြည့်ချင်တယ်ဟယ်လို့ ဆိုလာရင် အကောင်းအဆိုးခွဲခြားပြတယ်
ပြီးရင် ဒီအလုပ်နင်နဲ့တော့ကိုက်တယ်
အောင်မြင်တာ မအောင်မြင်တာထက်
နင်အကောင်းဆုံးလုပ်နိုင်မယ်လို့တော့
ငါကထင်တယ် ချသာချကွာသူငယ်ချင်းရာဆိုပြီး
ပြောတတ်တဲ့ သူငယ်ချင်းမျိုး
အဖေ သမီးကတော့ သီချင်းလေး
တစ်ပုဒ်လောက်လုပ်ကြည့်ချင်တယ်
အေး ကောင်းသားငါ့သမီးရ
ငါ့သမီးက သီချင်းလည်းဆိုတတ်နေတော့
အဆင်ပြေမှာပါ
စမ်းကြည့်ကွာ အဖေ့သမီးပဲ
မလုပ်နိုင်စရာ အကြောင်းတော့မရှိပါဘူး
ကျောင်းစာကိုလည်း မလစ်ဟင်းစေနဲ့ပေါ့
အဲ့လို အဖေမျိုး
ငါ့သားက ရွေးချယ်လာတဲ့သူကို
အမေက လက်ခံနိုင်အောင်ကြိုးစားမယ်
ငါ့သားကောင်လေးခေါ်လာရင် အမေ့သားမက်ပေါ့
ငါ့သားကကောင်မလေး ခေါ်လာရင်
အမေ့ချွေးမပေါ့ ငါ့သားရဲ့ရွေးချယ်မှုတိုင်းက
ငါ့သားရဲ့ လွတ်လပ်ခွင့်ပဲ
ဒါမျိုး အမေ
ရှင်မနက် အလုပ်အင်တာဗျူးသွားရမှာမလား
ဒါဆို အင်္ကျီအဖြူလေးကျွန်မ
မီးပူတိုက်ပေးထားမယ်
မနက်ကျအဲ့တာလေးဝတ်သွား
ဒီညကို စောစောအိပ်
မနက် နောက်မကျအောင်
ကျွန်မ အိပ်ယာနှိုးပေးမယ်
ဒါမျိုး ဇနီး
ကိုယ်က မီးဖွင့်အိပ်ရတာ ကြိုက်ပေမယ့်
မိန်းမက မီးဖွင့်ထားရင်
အိပ်မပျော်တတ်လို့ ညတိုင်း
အလိုက်တသိ မီးထပိတ်ပေးတတ်တဲ့
ယောကျာ်းမျိုး
မွေးခန်းထဲမှာ မိန်းမကနာလို့
အော်ဟစ်ငိုယိုနေချိန် လက်ကလေး
တင်းတင်း ဆုပ်ကိုင်ထားပေးပြီး
သူရှိနေတယ် ဘာမှအားမငယ်နဲ့ဆိုပြီး
emotional supportပေးတတ်တဲ့ယောကျာ်းမျိုး
(အစိုးရဆေးရုံတွေကတော့ ယောကျာ်းကိုမွေးခန်းထဲအဝင်မခံပါဘူး)
ဒါတွေအကုန်လုံးက နေ့တဓူဝဖြစ်စဥ်တွေမှာ
အသေးအမွှားလို့ ထင်ရပေမယ့်
ဒီလို ကိုယ့်အတွက် Supportive personတစ်ယောက်
ရထားရင်ကိုဖြင့် ဘဝမှာ တော်တော်လေးကို
နေပျော်စရာကောင်းနေပါပြီ
ကိုယ်ဘာလုပ်လုပ် အနောက်ကနေ
အမြဲတမ်း ပံ့ပိုးပေးနေမယ့်လူတစ်ယောက်ရှိနေခြင်းက
ကံကောင်းခြင်းတွေထဲက တစ်မျိုးပါ
အများကြီးမဟုတ်ဘူး
ကိုယ်လုပ်ချင်တာလေးတွေ
ကိုယ်လုပ်ရမယ့်အရာလေးတွေ
ကိုယ်စိတ်ကူးလေးတွေကို
ဘေးကနေ အမြဲအားပေးနေတဲ့
နောက်ကွယ်ကနေ အမြဲစိတ်ဓာတ်ခွန်အား
ပေးနေတဲ့ သူမျိုးပေါ့
နောက်ဆုံးကွာ စစ်ထွက်တိုက်ရမယ်ဆိုရင်တောင်
ရေဘူးနဲ့ဖိနပ်ကို အပါထည့်ပေးမယ့်
သူမျိုးတွေပေါ့
သူတို့က ကိုယ့်အတွက်
ငွေကြေးအထောက်အပံ့ Physically supportတွေ
ပေးနိုင်ချင်မှ ပေးနိုင်ပေမယ့်
ကိုယ်ဘာလုပ်လုပ် နင်ကသောက်သုံးမကျဘူး
ဒီအလုပ်နဲ့နင်နဲ့ကဘာဆိုင်လို့လဲ
လုပ်မနေစမ်းပါနဲ့ အပိုတွေပါ
လုပ်လည်း ဘာမှအောင်မြင်လာမှာမဟုတ်ဘူးဆိုပြီး
ကိုယ့်ကို အမြဲဆွဲချနေတတ်တဲ့သူတွေ
ကိုယ်က အကြံဥာဏ်လေးတောင်းတဲ့အခါ
သူသိ သူတတ် သူတို့လုပ်တာပဲအမှန်
သူတို့လုပ်တာပဲအကောင်းလို့ထင်တဲ့
လူတွေထက်တော့ အများကြီးသာပါတယ်
လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရင်supportingထက်
စိတ်ပိုင်းဆိုင်ရာ Supportingကပိုလိုအပ်ပါတယ်
စိတ်ကဆောင်နေရင် ကျွန်တော်တို့က နိုင်ငံကျော်လည်း
ဖြစ်နိုင်သလို ကမ္ဘာကျော်လည်းဖြစ်သွားနိုင်ပါတယ်
ဒါကြောင့် Emotional support/
Mental Supportက လူတိုင်းအတွက်လိုအပ်ပါတယ်
ဒီလိုတွေ လုပ်ပေးတတ်တဲ့
Supportive personမျိုး
ကိုယ့်ဘေးနားမှာ ရှိနေရင်တန်ဖိုးထားပါ
ဒါမျိုးက ငွေနဲ့ပေးဝယ်လို့မရသလို
ဘယ်ဆိုင်မှာမှလည်း တင်မရောင်းပါဘူး
ဘဝမှာ Supportive Personတစ်ယောက်ရထားပြီဆိုရင် သင်ဟာ ကံအကောင်းဆုံးလူသားပါပဲ
crd #
(Min's Beauty Book)🖤
17/08/2021
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အမျိုးအစား(Types) (၉ )မျိုးဖြင့် ပြုလုပ်ပေးလျှက်ရှိပါတယ်။
၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား
၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား
၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား
၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား
၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေးသည့်စာအုပ်အမျိုးစား
၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုးအစား
၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား
အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်
၁ / အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.
၂ / အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.
၃/ အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။
၄/ပန်းရောင်
ယာယီနိုင်ငံကူးလက်မှတ်...
"နိုင်ငံကူးလက်မှတ် Passport အကြောင်း"
PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)
"မှတ်ချက်"
PD ပတ်စပို့သည် အပြာရောင်၊ PO ပတ်စပို့မှာ အစိမ်းရောင်ဖြစ်။
30/07/2021
မိမိအချိန်ကို မရောင်းပါနဲ့
================
တစ်ခါက သော့ ဖွင့်/ပြင် တဲ့သူတစ်ယောက်ရှိတယ်
လူတွေ အပြင်သွားလို့
အိမ်ထဲသော့ကျန်ခဲ့ပြီး
ဖွင့်မရတဲ့အခါကျရင်
ဖွင့်ပေးတာ။
သော့ပျက် ရင်လဲ ပြင်တယ်ပေါ့
သူစလုပ်တုန်းက
သော့ တစ်ခါဖွင့် ရင်
၅ သောင်း ယူတယ်
သော့တစ်ခု ဖွင့် ဖို့အချိန် က မိနစ် ၉၀၊ ၁၀၀ လောက်ကြာတာပေါ့
တစ်ခါ ဖွင့် ပေးနိုင်ရင် ၅ သောင်းရတယ်။
လုပ်ရင်းလုပ်ရင်းနဲ့
အချိန်ကြာလာလို့သူ ကျွမ်းကျင်သွားတဲ့အခါ ကျတော့
သော့တစ်ခါဖွင့်ဖို့ကို မိနစ် ၉၀ လောက် အချိန် မယူတော့ဘူး
၁၀ မိနစ်ဆိုရပြီ။
တစ်ခါဖွင့်ရင် လဲ ၅ သောင်းပဲ။
ဒါပေမဲ့ ပြဿနာက ဘယ်လိုလဲဆိုတော့
Customer တွေက မိနစ် ၉၀ လောက် အချိန်ယူ
ဖွင့်တုန်းက ကျတော့ ၅သောင်းပေးရမှာ
မနှမျောဘူး
အခု ၁၀ မိနစ် နဲ့လဲ ဖွင့်ရော
ဟိုလှည့်ဒီ လှည့်နဲ့ခနလေး
လုပ်ပြီး ၅ သောင်းတောင်းတာ မများဘူးလား
ဆိုတာမျိုးတွေ ဖြစ်လာတယ်။
အဲ့အခါ သူက ပြောတယ်
ကျနော်က အချိန် နဲ့Charge လုပ်တာမဟုတ်ဘူး
ကျွမ်းကျင်မှု ကို Charge လုပ်တာပါ လို့ ဆိုပြီး
အဲ့တော့ဆိုလိုတာက
ကျွန်တော်တို အချိန်ကိုရောင်းပြီး
လုပ်ငန်းခွင်ထဲ စ၀င်ကြတာတော့မှန်ပါတယ်
ဒါပေမဲ့ အမြဲတမ်းကြီးတော့မဖြစ်စေချင်ပါဘူး
အနာဂတ် မှာ ကိုယ့်ရဲ့
အချိန်ထက်
ကိုယ့်ကျွမ်းကျင်မှု
ကိုယ့် အတွေ့အကြုံတွေ နဲ့သာ
ကိုယ့် တန်ဖိုးကို တည်ဆောက်ပါ
အဓိကက အချိန်အများကြီးသုံးပြီး ငွေ နဲနဲလေးရတာနဲ့
အချိန်နဲနဲလေးသုံးပြီး ငွေ အများကြီးရတယ်ဆိုတဲ့ Sense လေးကိုရစေချင်တာပါ။
တစ်ချို့အလုပ်တွေက တစ်နာရီကို ၅၀၀ ပဲ ရမယ်
တစ်ချို့အလုပ်တွေက တစ်နာရီကို ၁၀၀၀၀ ရပါမယ်
တစ်ချို အလုပ်တွေက ကျတော့မိနစ်ပိုင်းလေးနဲ့သိန်း နဲ့ချီ၀င်တာမျိုးလဲ ဖြစ်နိုင်ပါတယ်။
တန်ဖိုးရှိတဲ့အလုပ်တွေကို လုပ်ရင်းနဲ့သာ တန် ဖိုးရှိတဲ့ အချိန်ကို ကုန်ဆုံးမယ်ဆိုရင်
ကိုယ့်ဘ၀ လဲတန်ဖိုးရှိလာပါလိမ့်မယ်။
ဒါ့ကြောင့် အချိန်ကို တန်ဖိုးရှိရှိ စီမံခန့်ခွဲတတ်ဖို့လိုပါလိမ့်မယ်။
Credit to Grab your success
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon