SUN Business Network Myanmar

SUN Business Network Myanmar

Share

The SUN Business Network in Myanmar is a unique platform for businesses to contribute to scaling up access to healthy food and improving nutrition in Myanmar.

Photos from Myanmar Innovative Life Sciences's post 21/11/2025

SBN Myanmar မှ Myanmar Food System Forum 2025 တွင် co-organizer အဖြစ် ပါဝင်ခဲ့ပြီး၊ Forum တွင် SBN Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် “Nourishment Over Uncertainty: Resilient and Innovative Food Systems for Hope (NOURISH)” စီမံကိန်း ပရောဂျက်အားလည်း အောင်မြင်စွာ မိတ်ဆက်ခဲ့ပါတယ်.

It is our privilege to contribute as a co-organizer of the Myanmar Food System Forum 2025. During the event, the network officially launched its NOURISH intervention, ‘Nourishment Over Uncertainty: Resilient and Innovative Food Systems for Hope.’

Photos from BETV Business's post 13/09/2025

အာဟာရ သိပ်သည်းပြည့်ဝသော စားသောက်ကုန်ထုတ် SME လုပ်ငန်းများအား စွမ်းဆောင်ရည်မြှင့်တင်ရာတွင် အားဖြည့် ပံ့ပိုးပေးရန် SUN Business Network Myanmar နှင့် foodpanda Myanmar တို့ လက်မှတ်ရေးထိုး

ရန်ကုန်၊ စက်တင်ဘာ ၉၊ ၂၀၂၅

29/08/2025

𝙎𝙝𝙤𝙬𝙘𝙖𝙨𝙚 𝙮𝙤𝙪𝙧 𝙉𝙪𝙩𝙧𝙞-𝙙𝙚𝙣𝙨𝙚 𝙥𝙧𝙤𝙙𝙪𝙘𝙩𝙨 𝙣𝙤𝙬!

[English below]

🥑🥕🍎🌽 စားသောက်ကုန်လုပ်ငန်း SMEs တွေအတွက် လာမယ့်စက်တင်ဘာလ ၁၈ ရက်နေ့မှာ SUN Business Network က ကျင်းပပြုလုပ်မယ့် “Bridging Business and Nutri Link-up Eventမှာ သင်တို့ရဲ့ အာဟာရပြည့်ဝ ထုတ်ကုန်တွေ ပါဝင်ပြသချိတ်ဆက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီချိတ်ဆက်ပွဲဟာ World Food Programme (WFP) နဲ့ SUN Business Network (SBN) Myanmar တို့ ဦးဆောင်အကောင်အထည်ဖော်နေတဲ့ SBN PowerBiz ပရိုဂရမ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။

🤝🤝ဒီအခမ်းအနားမှာဆိုရင် စားသောက်ကုန်လုပ်ငန်း SMEs တွေအနေနဲ့ မိမိတို့ရဲ့ အာဟာရသိပ်သည်းပြည့်ဝတဲ့ စားသောက်ကုန်တွေကို ပါဝင်ပြသရင်း လုပ်ငန်းအတွက် အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လုပ်ငန်းတူ၊နယ်ပယ်တူ စွန့်ဦးတီထွင်သူလုပ်ငန်းရှင်တွေနဲ့ အချိတ်အဆက်ကောင်းများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

👏👏ဒါ့အပြင် သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျွမ်းကျင်ဆရာ၊ဆရာမတွေရဲ့ အာဟာရပိုင်းဆိုင်ရာ High-level Panel ဆွေးနွေးမှုစကားဝိုင်း၊ မိတ်ဖက်ပါတနာတွေ၊ Service Provider တွေနဲ့ ဝန်ဆောင်မှု ချိတ်ဆက်ရေးအစီအစဥ်တွေအပြင် တခြား စိတ်ဝင်စားဖွယ်ရာ အစီအစဉ်ပေါင်းများစွာလည်း ပါဝင်ပါတယ်။

💡💡အထူးအစီအစဥ်အနေနဲ့ စားသောက်ကုန်လုပ်ငန်း SMEs တွေရဲ့ လုပ်ငန်းချဲ့ထွင်ရေး နဲ့ စျေးကွက်ထိုးဖောက်ရေး၊ နည်းပညာမြှင့်တင်ရေး နဲ့ တခြား လုပ်ငန်းလိုအပ်ချက်အသီးသီးကို ဖြေရှင်းကူညီနိုင်မယ့် နယ်ပယ်စုံမှ ဝန်ဆောင်မှုပေးသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းတစ်ခုလည်း ရှိနေမှာပါ။


📑📑 ဒါ့အပြင် ဝန်ဆောင်မှုအမျိုးအစားစုံကို စုစည်းဖော်ပြထားတဲ့ “Bridging Business လမ်းညွှန်စာအုပ်” ကိုလည်း ဝေမျှ‌ပေးသွားမှာဖြစ်လို့ မိမိတို့ချိတ်ဆက်စုံစမ်းလိုတဲ့ ဝန်ဆောင်သူတွေနဲ့ ပွဲမှာ တစ်ခါတည်း အခမဲ့ ချိတ်ဆက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

✍️✍️ စားသောက်ကုန်လုပ်ငန်းပြသခြင်းအစီအစဉ်မှာ အခမဲ့ ပါဝင်ပြသဖို့ နေရာအကန့်အသတ်ရှိတာကြောင့် အခုပဲ စာရင်းပေးသွင်းထားဖို့ တိုက်တွန်းပါရစေ။

ပွဲအစီအစဉ်အသေးစိတ်
📅နေ့ရက် - စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၅
⌛အချိန် - မနက် ၉ နာရီ မှ ညနေ ၅ နာရီအထိ။
📍နေရာ - အင်ကြင်းခန်းမ၊ Rose Garden ဟိုတယ်၊ အမှတ်-၁၇၁ အထက်ပန်းဆိုးတန်းလမ်းမကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်။

🔗လျှောက်လွှာတင်ရန်- https://forms.gle/Kn4aDKVxiZFiJsdD9

[ပါဝင်ပြသနိုင်မည့် လုပ်ငန်းများကို စိစစ်ရွေးချယ်ကာ ပြန်လည်အကြောင်းကြားသွားပါမည်။ ကြိုတင်စီစဥ်နိုင်ရေးအတွက် စက်တင်ဘာလ ၇ ရက်မတိုင်မီ စာရင်းပေးသွင်းထားနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ ]

မြန်မာနိုင်ငံရဲ့ အာဟာရပြဿနာတွေကို အဖြေရှာဖို့ ကြိုးပမ်းလျက်ရှိတဲ့ စားသောက်ကု န်SME တွေအတွက် အခွင့်အလမ်းနဲ့ အချိတ်အဆက်ကောင်းတွေ ဖန်တီးကြပါစို့။

Calling All Food SMEs!

🥑🥕🍎🌽 Join us at the “Bridging Business and Nutri Link-up Event” on 18 September , the final milestone of the SBN PowerBiz program, organized by the World Food Programme (WFP) and SUN Business Network (SBN) Myanmar.

🤝🤝 This event is an exceptional opportunity to showcase your nutri-dense food products, connect with investors, international organizations, and industry peers, and explore collaborations that can help your business grow.

👏👏 We will bring together service providers, potential investors, and international organizations, offering you the chance to exhibit your food business at the Product Exhibition and unlock valuable new opportunities.

💡💡 As a special highlight of the event, you’ll have the chance to connect directly with service providers from diverse industries who can support your business growth whether by helping you reach new markets, upgrade your technology, or address other important needs.

📑📑 You’ll also receive a comprehensive Business Guidebook featuring a wide range of services, and you can meet with any providers that interest you, free of charge and right at the event.

✍️✍️ Booth spaces are limited. Register by September 7 for priority consideration. Selected businesses will be notified.

Event Details

📅Date: Thursday, September 18, 2025
⌛Time: 9:00 AM – 5:00 PM
📍Venue: Ingyinn Ballroom, Rose Garden Hotel, No. 171 Upper Pansodan Rd, Mingalar Taung Nyunt Township, Yangon.
🔗Register Now - https://forms.gle/Kn4aDKVxiZFiJsdD9

Let’s create opportunities and build connections for food SMEs dedicated to improving nutrition in Myanmar.

17/02/2025

📢 Deadline Extended! Apply by 23rd February!

လျှောက်ထားရက်အကန့်အသတ်ကြောင့် လျှောက်လွှာ အချိန်မီပြင်ဆင်ရန်အတွက် ပြင်ဆင်ချိန်ရက်တိုး တောင်းဆိုထားသော စိတ်ပါဝင်စားသူ SME လုပ်ငန်းများ၏ တောင်းဆိုချက်အရ SBN PowerBiz: Building Business for Local Nutri-Dense Solutions program ၏ လျှောက်လွှာပိတ်ရက်အား တစ်ပတ် တိတိ ထပ်မံတိုးမြှင့်လိုက်ပါပြီ။

📅 လျှောက်လွှာပိတ်ရက်အသစ်မှာ ဖေဖော်ဝါရီလ (၂၃) ရက် (တနင်္ဂနွေနေ့) ဖြစ်ပါတယ်။

ဒီပရိုဂရမ်ဟာဆိုရင် စားသောက်ကုန်နယ်ပယ်မှ အသေးစား၊ အလတ်စားလုပ်ငန်းများအတွက်

✅စီးပွားရေးချဲ့ထွင်ခြင်းနှင့် ထုတ်ကုန်သစ်ထုတ်လုပ်ခြင်းများမှာ ကျွမ်းကျင်သူများ၏ သင်တန်းပို့ချမှု၊
✅အာဟာရပြည့်ဝသိပ်သည်းသော ထုတ်ကုန်သစ်ဖန်တီးရာမှာ တစ်ဦးချင်းအနီးကပ်လမ်းညွှန်မှုနှင့် နည်းပညာအထောက်အပံ့များ၊
✅ Bridging Business and Nutri Link-Up Event မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလားအလာရှိတဲ့ စီးပွားရေးမိတ်ဖက်တွေနဲ့ ချိတ်ဆက်နိုင်မဲ့ အခွင့်အရေး
✅ ဆန်ကာတင်ပါဝင်သူများနဲ့ နောက်ဆုံးရွေးချယ်ခံရသူများအတွက် ဆုကြေးငွေနဲ့ နည်းပညာပံ့ပိုးမှု၊ စျေးကွက်ချိတ်ဆက်မှုနဲ့ ဘဏ္ဍာရေးအခွင့်အလမ်းအမျိုးမျိုးတို့ ရရှိနိုင်မှာ ဖြစ်ပါတယ်ရှင်။

စိတ်ပါဝင်စားသူများအတွက် အချိန်မီလျှောက်ထားနိုင်ရန် အသေးစိတ်အချက်အလက်များကို [https://www.facebook.com/share/p/19kzGsG6Pj/] မှာ ဖတ်ရှုဝေမျှနိုင်သလို [https://shorturl.at/J2pml] မှာလဲ Download ဆွဲရယူနိုင်ပါတယ်။

✅ လျှောက်လွှာလင့်ခ် - https://forms.gle/ATdKCxXPkrgbmCTj7 ကနေ

✅ နောက်ဆုံးလျှောက်ထားရမယ့်ရက် - 23rd February, 2025 (Sunday)

______

“အာဟာရပြည့်ဝသိပ်သည်းတဲ့ အစားအစာဆိုတာကတော့ ဗိုက်တာမင်နဲ့ သတ္တုဓါတ်တွေအပါအဝင် အခြားအနုအာဟာရဓါတ်တွေ ပါဝင်တဲ့ (ဒါမှမဟုတ်) အထူးထည့်သွင်းထုတ်လုပ်ထားတဲ့ အားဖြည့်အစားအစာတွေ ဖြစ်ပါတယ်။ ”

ဥပမာအနေနဲ့ ပြည်တွင်းက ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတဲ့ အားဖြည့် ဆန်ပြုတ်၊ ဘီစကစ်၊ ခေါက်ဆွဲ၊ စွပ်ပြုတ်/ကြက်ပေါင်းရည်နဲ့ အာဟာရဖြည့်စွက်စာများ ဖြစ်နိုင်သလို အခြားစားသောက်ကုန် ပုံစံအမျိုးအမျိုးအနေနဲ့လည်း ဖန်တီးထုတ်လုပ်နိုင်ပါတယ်။

[English]

📢 Deadline Extended! Apply by 23rd February!

"In response to high demand and multiple requests for additional document preparation time, we are pleased to announce a 1-week extension for the SBN PowerBiz: Building Business for Local Nutri-Dense Solutions program!

📅 New Deadline: 23rd February 2025

This is a great opportunity for food SMEs looking to:
✅ Enhance their business and product development skills through expert-led training
✅ Receive one-on-one mentoring and technical support for nutrient-dense food production
✅ Participate in the Bridging Business and Nutri Link-Up Event gaining networking opportunities with international agencies and potential partners.
✅ Win award prizes and various sponsorships such as technical support, market linkage and financial access for finalists and winners.

Don’t miss this chance to grow your business while contributing to Myanmar’s nutrition solutions!

Detailed program information can be viewed here [https://www.facebook.com/share/p/19kzGsG6Pj/] or download here [https://shorturl.at/J2pml].

✅ Apply Here: [Insert Application Link]
✅ Extended Deadline: 23rd February, 2025 (Sunday)
______

“Nutrient-dense food refers to a variety of consumable food in which vitamins, minerals, and other micronutrients are naturally rich and or have been added nutrients for better nutritional value.”

Nutrient-dense food can be in the form of porridge, cookies, noodles, soups, cereals and or other types of nutritious food products using locally sourced ingredients.

11/02/2025

အပိုင်း - ၂
SBN PowerBiz ပရိုဂရမ်ကို လျှောက်ထားတဲ့အခါ ဘယ်လိုအချက်တွေသိထားဖို့လိုမလဲ၊ ဘာတွေလိုအပ်မလဲ❓

ယခုပရိုဂရမ်ကနေပြီး စားသောက်ကုန်လုပ်ငန်းတွေကို အာဟာရပြည့်ဝသိပ်သည်းတဲ့ ထုတ်ကုန်သစ်တွေ စျေးကွက်ဆီတင်သွင်းနိုင်ဖို့ ရည်ရွယ်တာဖြစ်လို့ ပါဝင်တဲ့လုပ်ငန်းတွေအတွက် ပြည်တွင်း အာဟာရပြည့်ဝ အရင်းအမြစ်တွေကို အသုံးပြုပြီး ထုတ်ကုန်သစ်တွေကို ထုတ်လုပ်နိုင်စေမယ့်အပြင် လိုအပ်တဲ့ စီးပွားရေးဆိုင်ရာကျွမ်းကျင်မှု၊ ထုတ်လုပ်မှုနည်းပညာ ပံ့ပိုးကူညီမှုနဲ့အတူ ဆုကြေးငွေတွေလည်းချီးမြင့်သွားမှာပါ။

💡“အာဟာရပြည့်ဝသိပ်သည်းတဲ့ အစားအစာဆိုတာကတော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပါအဝင် အခြားအဏုအာဟာရဓါတ်တွေ ပါဝင်တဲ့ (ဒါမှမဟုတ်) အထူးထည့်သွင်းထုတ်လုပ်ထားတဲ့ အားဖြည့်အစားအစာတွေ ဖြစ်ပါတယ်။”

💡ပါဝင်နိုင်မည့် ထုတ်ကုန်များအနေဖြင့် ဥပမာ - ပြည်တွင်းက ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတဲ့ အားဖြည့် ဆန်ပြုတ်၊ ဘီစကစ်၊ ခေါက်ဆွဲ၊ စွပ်ပြုတ်/ကြက်ပေါင်းရည်နဲ့ အာဟာရဖြည့်စွက်စာများ ဖြစ်နိုင်သလို အခြားစားသောက်ကုန် ပုံစံအမျိုးအမျိုးအနေနဲ့လည်း ဖန်တီးထုတ်လုပ်နိုင်ပါတယ်။

✅ ပရိုဂရမ် လျှောက်ထားရန် လိုအပ်ချက် အသေးစိတ်အား comment box တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လိုအပ်ချက်တွေ ကိုက်ညီလို့ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အာဟာရဆိုင်ရာ စိန်ခေါ်မှုတွေကို တတပ်တအားပါဝင် ဖြေရှင်းဖို့ အဆင်သင့်ပဲဆိုရင်တော့

🔰 SME Call for Application လျှောက်လွှာတင်ရန် - https://forms.gle/ATdKCxXPkrgbmCTj7 ကနေ

🔰 နောက်ဆုံးလျှောက်ထားရမည့်ရက် - 16th February, 2025 (Sunday) မတိုင်မီ အချိန်မီလျှောက်ထားလိုက်ပါနော်။

ပရိုဂရမ် အသေးစိတ်‌အချက်အလက်တွေကို ဒီလင့်ခ် [https://shorturl.at/J2pml]ကနေလည်း ဒေါင်းလုတ်ဆွဲ ရယူနိုင်ပါတယ်။

[English]

Ready to create impact with nutritious food? Check the eligibility now ❓

This program aims to empower medium-sized food businesses in Myanmar by enhancing their business and product development skills. Participants will create affordable, nutrient-dense products using locally sourced ingredients, with the opportunity to win awarded prizes.

💡“Nutrient-dense food refers to a variety of consumable food in which vitamins, minerals, and other micronutrients are naturally rich and or have been added nutrients for better nutritional value.”

💡 Nutrient-dense food can be in the form of porridge, cookies, noodles, soups, cereals and or other types of nutritious food products using locally sourced ingredients.

✅ You can check in its comment box for ‘Who Can Apply’. See the Program Benefits and full details in the video! Don’t miss out and apply now.

🔰 SME Call for Application Form: https://forms.gle/ATdKCxXPkrgbmCTj7

🔰 Application Deadline: 16th February, 2025 (Sunday)Download the Detailed Program Information Deck here [https://shorturl.at/J2pml].

Photos from SUN Business Network Myanmar's post 25/01/2025

အာဟာရပြည့်ဝထုတ်ကုန်သစ်တွေ ဆန်းသစ်ဖန်တီးချင်တဲ့ စားသောက်ကုန်လုပ်ငန်းရှင်များအတွက်
SBN PowerBiz Program Launch – A Successful Beginning!

ပြီးခဲ့တဲ့ ဇန်နဝါနရီလ ၂၂ ရက်မှာ SUN Business Network Myanmar နဲ့ World Food Programme တို့က ကမကထပြုကာ SBN PowerBiz: Building Business for Local Nutri-Dense Solutions ပရိုဂရမ်မိတ်ဆက်ပွဲနဲ့ စားသောက်ကုန်ပြပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါတယ်။🎉

ဒီအခမ်းအနားကနေတဆင့် SMEs တွေ အတွက် အာဟာရပြည့်ဝသိပ်သည်းတဲ့ စားသောက်ကုန် ထုတ်လုပ်ရေး ဗဟုသုတတွေ ဆွေးနွေးဝေမျှခြင်း၊ ပါဝင်လုပ်ငန်းတွေကို ထောက်ပံ့ပေးနိုင်မယ့် Sponsorships နဲ့ Partnerships အခွင့်အလမ်းတွေ တင်ပြခြင်းတွေအပြင် လုပ်ငန်းပေါင်း (၄၀)ကျော်ကနေ ဆန်းသစ်တီထွင်တဲ့ အာဟာရပြည့်စားသောက်ကုန်တွေကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ကြပါတယ်။

ဒါ့အပြင် စားသောက်ကုန်ထုတ်လုပ်ငန်းနယ်ပယ်က ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နယ်ပယ်တူ လုပ်ငန်းရှင်တွေချင်း ထိထိရောက်ရောက်ချိတ်ဆက်နိုင်တဲ့ အခွင့်အရေးတခုလည်း ဖြစ်ခဲ့ပါတယ်။ ပွဲအခမ်းအနားရဲ့ အမှတ်တရဓာတ်ပုံတွေကို အားလုံးနဲ့အတူ ပြန်လည်ဝေမျှရင်း ပရိုဂရမ်လျှောက်လွှာတွေအား မကြာခင် စတင်ခေါ်ယူတော့မည် ဖြစ်ကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်ရှင်.

အာဟာရပြည့်ဝ ကျန်းမာတဲ့ အနာဂတ်တစ်ခု ဖန်တီးနိုင်ဖို့ ဆက်လက် ပူးပေါင်းလှုပ်ရှားကြပါစို့။🌱

[English]

On January 22, the SUN Business Network Myanmar and the World Food Programme successfully hosted the SBN PowerBiz: Building Business for Local Nutri-Dense Solutions program Launch and Product Exhibition. 🎉

The event provided an engaging platform to discuss and share knowledge on nutrient-dense food production for SMEs, presented sponsorship and partnership opportunities to support participating businesses, and showcased innovative nutritious food products from over 40 SMEs.

Excellent opportunities to connect with experts, investors, and entrepreneurs from the food manufacturing industry are also offered.

✅ We are pleased to announce that program’s SME call for Application (CFA) will be coming soon!!

Together, let’s continue to work towards a healthier, more sustainable future. 🌱

Stay tuned for more updates!

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00