Hanny Thrift Store

Hanny Thrift Store

Share

လှပြီးဈေးတန်တဲ့ second clothes သန့်သန့်လေးများ
ရောင်းချပေးသွားမှာပါ

05/09/2021

eco save လည်းဖြစ် ရွေးတတ်ရင် ရွေးတတ်သလို
brand တွေပါရနိုင်မယ့် pre love အထည်လေးတွေ
ခုနောက်ပိုင်း ဒါကြောင့် ရေပန်းစားလာတာပါ 💙

Rich kid မဟုတ်သော သူများထံသို့
တကယ်လို့ သင်က Rich kid မဟုတ်ဘူး
ဆိုရင် သည်စာကို ဖတ်စေချင်တယ်ကွယ်
Branded နောက်လိုက်ခြင်း
Branded တွေဆိုတာ ချမ်းသာသောသူများ
အတွက် သီးသန့်ထုတ်ထားတယ်လို့ ပြောရင်
စိတ်မဆိုးပါနဲ့။ ထွက်သမျှ brandကို လိုက်
ဝယ်နေရင် ကိုယ်တို့လို rich kid မဟုတ်တဲ့
လူတွေထမင်းတောင် ငတ်မယ့် ကိန်းရှိ။
Rich kid မဟုတ်တဲ့ ကိုယ်တို့ကbrand
တွေထက်ဝမ်းရေးက
ပိုအရေးကြီးတယ် မဟုတ်လား။

ဆံပင်အရောင် အမြဲဆိုးခြင်း
ဆံပင်အရောင် တစ်ခါတလေ ဆိုးတာက
ဘာမှ မဖြစ်ပေမယ့် မကြာခဏဆိုသလို
ဆံပင်ဆိုးလိုက် ၊ဖြောင့်လိုက်၊ ကောက်လိုက်
လုပ်နေရင် အဆင်မပြေလှပါဘူး။ အရောင်စုံ
အောင် ခြယ်ထားတဲ့ ကိုယ့်ဆံပင်တွေကို
သေချာ hair care လုပ်ပေးရပါတယ်။
အဲလို hair care လုပ်ဖို့ဆိုရင် ပိုက်ဆံအများ
ကြီး ကုန်ပါတယ်။ကိုယ့်ဆံပင်ကို
treatment ကောင်းကောင်းမလုပ်နိုင်ရင်
ဆံပင်တွေက ပျက်စီးသွားပါလိမ့်မယ်။
ဒါကြောင့် ပိုဂရုစိုက်ပါ။

ပိုက်ဆံ သုံးဖြုန်းခြင်း
သူများတွေ သုံးဖြုန်းတိုင်း ကိုယ်
လိုက်မသုံးဖြုန်းပါနဲ့။ ကိုယ်ရှာနိုင်တာထက်
အများကြီး လျော့သုံးပါ။သုံးဖြုန်းလိုက်ရင်
တစ်ခုခုလိုတဲ့အခါ အင်မတန်မှ ခက်ခဲတယ်။

အကြွေးမယူပါနဲ့
အကြွေးမယူပါနဲ့။ တတ်နိုင်သမျှ အကြွေး
မရှိစေနဲ့။အကြွေးမရှိတာ အကောင်းဆုံးပါ။

Need or Want ကိုခွဲခြားပြီးမှ ဝယ်ပါ။
လိုအပ်တာလား လိုချင်တာလား တွေးပြီးမှ
ဝယ်ပါ။မဖြစ်မနေ လိုအပ်တယ် ဝယ်မှ
ရမယ်ဆိုရင် ဝယ်သာ ဝယ်လိုက်ပါ။
လိုချင်တယ်ဆိုရင်တော့ ချင့်ချိန်ဝယ်ပါလေ။

မလိုအပ်ဘဲ အများကြီးမဝယ်ပါနဲ့လေ။
အင်္ကျီဘောင်းဘီ၊အဝတ်အစား၊အိတ်၊အလှကုန်
အစရှိသည့်ပေါ့။သုံးလို့ရသေးရင် ထပ်မဝယ်
ပါနဲ့။သူများတွေလို တန်းတူမဝတ်နိုင်လည်း
ကိုယ့်မှာ ရှိတာလေးနဲ့ လှအောင် ဝတ်ပါ။
သင်က ဘာဝတ်ဝတ်လှနေမယ်ဆိုတာ
ယုံကြည်တယ်။စိတ်ထားသာ လှအောင်နေပါ။
ရုပ်က အလိုလို လှလိမ့်မယ်။

အဆုံး ကိုယ်က brandမှ ကြိုက်တယ်ဆို
ရင် Thirft and vintage(ဘေထုပ်)
ကနေ ရှာဝယ်ပါ။ရှာဝယ်တတ်ရင် အသစ်နီးပါး
အတိုင်းရတယ်။ပိုက်ဆံလည်း သက်သာ
အဝတ်ကောင်းလည်း ရတယ်။Nuဆို
ဘေထုပ်အမြဲဝတ်တယ်။

တစ်ခါတလေ ဘဝမှာ အရမ်းကြိုးစားလည်း
ထင်သလောက် အရာမရောက်တာရှိပါ၏။
ဒါက သင့်အပြစ်မဟုတ်ပါဘူး။ တကယ့်
ဘဝရဲ့ အနှစ်သာရဆိုသည်မှာ သင်ဈေးကြီးတဲ့
အဝတ်အစားတွေဝတ်နိုင်၊ ဈေးကြီးတဲ့အစာ
စားနိုင်၊ ပိုက်ဆံကိုရေလိုသုံးနိုင်
တာကို ပြောတာမဟုတ်ဘူး။ရိုးရိုး၅၀၀၀တန်
အင်္ကျီပဲ ဝတ်နိုင်လို့ သင်ယခုပျော်ရွှင်
နေတယ်ဆိုရင် အဲတာမှ ဘဝရဲ့အနှစ်သာရပါ။
ချစ်လို့ ပြောပြတာပါလေ...။
ကိုယ်ကတော့ Rich Kid မဖြစ်ရတာကို
တစ်ခါမှ မရှက်ပါဘူးလေ...။လိုလေသေးမရှိအောင်
ထားပေးခဲ့တဲ့ မိဘတွေကို အတိုင်းမသိ
ကျေးဇူးတင်ပါတယ်..။

ချစ်ခြင်းများစွာဖြင့်,💜
နူးနူးအောင်
30th Aug,21

Photos from Hanny Thrift Store's post 19/08/2021

အက်မင်ကတော့ ဒါမျိုးလေးတွေဝတ်ရတာ သိပ်ကြိုက်တာပဲ 😍😍
ယူတို့ကော ???

source - google

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon