Teletecnica / EnerSys - Myanmar

Teletecnica / EnerSys - Myanmar

Share

အရည်အသွေးပြည့်မှီသော ဥရောပထုတ် Battery Ban

Photos from Teletecnica / EnerSys - Myanmar's post 07/09/2020

ဒီကနေ့တော့ လူကြီးမင်းတို့အတွက် UPS knowledge sharing လေး မျှဝေပေးပါရစေ...

ယနေ့ခေတ်တွင် အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်ရသည့် IT အသုံးပြုမှုအလုပ်များ များပြားလာသည် နှင့်အမျှ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လုံးဝမဖြစ်စေရမည့် Data Center များ၊ Server များ စသည့် IT လုပ်ငန်း နယ်ပယ်များမှာလည်း တဟုန်ထိုးတိုးတက်လာရာ UPS (Uninterruptable Power Supply) ၏အခန်းကဏ္ဍမှာ လည်းအလွန်အရေးပါလှပါသည်။ IT applications များလျှပ်စစ်မပြတ်တောက်ရေး၊ မီးအားမှန်ကန်စွာရရှိရေးနှင့် အခြားအနှောက်အယှက်အတားအဆီးများအား ကာကွယ်ရေးတို့အတွက် UPS ရွေးချယ်ရာတွင်လိုအပ်သော အခြေခံနည်းပညာ (၃) မျိုးအားလူကြီးမင်းတို့ ဗဟုသုတ ရစေရန် မျှဝေပေးလိုက်ပါသည်။

(1) Offline UPS (or) Standby UPS
Offline UPS သည်အရိုးရှင်းဆုံးနည်းပညာြဖစ်ပြီး ယေဘုယျအားဖြင့် အသေးစားအသုံးပြုမှုများ ဥပမာ- ကွန်ပျူတာ backup များ ၊ sensitive မဖြစ်သော လျှပ်စစ်ပစ္စည်းများ ၊ စသည်တို့တွင် အသုံးတည့်သည်။ ဤနည်းပညာတွင် နံပါတ် (၁) မီးပျက်သွားလျှင်သော်လည်းကောင်း၊ နံပါတ် (၂) မီးအားအတက်အကျဖြစ်၍ လုံလောက်သောမီးအား မရရှိလျှင်သော်လည်းကောင်း UPS သည် Normal Supply Mode မှ Battery Supply Mode သို့ ပြောင်းလဲ၍ လုပ်ဆောင်သည်။

(2) Line-interactive UPS
Line-interactive UPS သည် Offline UPS အား မီးအားထိမ်းညှိပေးသောပစ္စည်း (Voltage Regulator) တစ်ခုပို၍ တပ်ဆင်အသုံးပြုထားသောကြောင့် ယုံကြည်အားထားရမှု (Reliability) အဆင့်မြှင့်တင်ထားသော နည်း ပညာဖြစ်သည်။ ထိုသို့တပ်ဆင်ခြင်းအားဖြင့် ဤ UPS သည် မီးအားအတက်အကျ အတိုင်းအတာတစ်ခု ရှိလာလျှင် လည်း ထိန်းညှိပေး၍ မိမိတို့၏လျှပ်စစ်ပစ္စည်းများအား ဆက်လက်ထောက်ပံ့ပေးနေနိုင်သည်။ ထို့ကြောင့် မီးအားအတက်အကျ အကြိမ်ရေများသော နေရာများတွင် ဤနည်းပညာသည် အသုံးပြုရန်သင့်လျှော်ပြီး UPS သည်လည်း Normal Supply Mode မှ Battery Supply Mode သို့မကြာခဏ ပြောင်းလဲလုပ်ဆောင် ရန်မလိုအပ်သောကြောင့် Battery Bank များ၏သက်တမ်းမှာလဲ Offline Mode ထက် ပိုမိုကြာရှည်ခံမည် ဖြစ်ပါသည်။ Line-Interactive UPS များအား Small Server များ၊ Data Storage Center များနှင့် မီးအားအတက်အကျထိန်းညှိလိုသော Network Applicarions များအတွက် ရည်ရွယ်ပါသည်။

(3) Online UPS
Online UPS သည် Protection နှင့် Reliability ပိုင်းတွင် အဆင့်အမြင့်ဆုံးထောက်ပံ့ပေးသောနည်းပညာ ဖြစ်သည်။ Main Power Supply ပျက်တောက်သွားခဲ့လျှင် Normal Supply Mode မှ UPS Supply Mode အကြားပြောင်းလဲရာတွင်လည်း (0~12) millisecond အတွင်းပြောင်းလဲပေးနိုင်သောကြောင့် Sensitive ဖြစ်သော IT applications များအတွက် Backup Power Supply ရွေးချယ်ရာတွင် အထူးသင့်လျှော်သော နည်းပညာပဲဖြစ်ပါ သည်။

Photos from Teletecnica / EnerSys - Myanmar's post 24/08/2020

"Teletecnica" Made in Italy
We proudly supply Uninterruptable Power Supply(UPS) from oversea for your industrial usage as your inquiry.

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bdg. A-7, Room No. 002, Ground Floor, Shwe Kabar Housing, Mindama Road, Mayangone Tsp
Yangon
11062

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00