Sentosa
Sentosa Portable Mega Power Station First 8000 W Portable Mega Station in Myanmar!
04/04/2026
တနေကုန် ပင်ပန်းပြီး အိမ်ပြန်လာရင် အနည်းဆုံး မီးလေးတော့လာနေမှ၊ အဲကွန်းအေးအေးလေးနဲ့မှ အမောပြေရတဲ့ မင်မင်လို လူတွေရှိလား..။ ဒီလို အေးမြမှုနဲ့ အလင်းရောင်တွေကို Sentosa ကနေ လူကြီးမင်းတို့ဆီ ပို့ဆောင်ပေးခဲ့တာ အခုဆိုရင် (၃) နှစ်တောင် ရှိခဲ့ပါပြီ။
ဒါပေမဲ့ အခုအခါမှာတော့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် Sentosa ကို လာမယ့်လအနည်းငယ်အတွင်းမှာ ယာယီ/အပြီးတိုင် ရပ်နားသွားရတော့မယ်ဆိုတဲ့ သတင်းကို ဝမ်းနည်းစွာနဲ့ အသိပေးပါရစေ။
ဒါကြောင့် လက်ရှိရှိနေတဲ့ 3000 W (7 kWh) Stock အားလုံးကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
အပိုပစ္စည်း (Parts) များ လိုအပ်ပါကလည်း မေးမြန်းနိုင်ပါတယ်
မိမိတို့အသုံးပြုနေတဲ့ စက်အတွက် အပိုပစ္စည်း ဒါမှမဟုတ် တခြားအစိတ်အပိုင်းလေးတွေ သီးသန့်ဝယ်ယူချင်တယ်ဆိုရင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မင်မင်တို့ဆီမှာ Stock ရှိနေသရွေ့ ဝယ်ယူသူတိုင်းကို အဆင်ပြေအောင် ရောင်းချပေးသွားမှာပါ။
'ပလက်လေးထိုးပြီး ကြိုက်ရာသုံး၊ Sentosa ဟာ အကောင်းဆုံး'
• 3000 W 7 kWh ဈေး: ၄၉ သိန်း
• ဖုန်း: 09958632151
မင်မင်တို့ လုပ်ငန်းကို လာမယ့်လတွေအတွင်း ရပ်နားသွားရတော့မှာ ဖြစ်လို့ အရင်ရှိခဲ့တဲ့ Showroom လေးလည်း မရှိတော့ပါဘူးရှင်။ ဒါကြောင့် လူကိုယ်တိုင် လာရောက်ဝယ်ယူဖို့ အဆင်မပြေတော့တဲ့အတွက် သည်းခံပေးကြပါရန် ပန်ကြားအပ်ပါတယ်။
အဲ့ဒီအစား ဝယ်ယူသူတိုင်းအတွက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို ပေးအပ်သွားမှာပါ။ ဒီနွေရာသီအတွင်း သင့်အိမ်အရောက် ပို့ပေးဖို့ ကျွန်မတို့ အသင့်ရှိနေပါတယ်ရှင်။ နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
(၃) နှစ်တာကာလပတ်လုံး ယုံကြည်စွာ အားပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။ 🙏🏻
🔋
17/02/2026
Happy Chinese New Year from Sentosa! 🐎✨
Wishing you a year of rapid success and unstoppable energy. Stay powered up for every milestone!
新年快乐! 🧧
Sentosa မိသားစုမှ မြင်းနှစ် တရုတ်နှစ်သစ်ကူးနှုတ်ခွန်းဆက်သအပ်ပါသည်။ 🐎✨
ခွန်အားကြီးမားပြီး လျင်မြန်ဖျတ်လတ်တဲ့ မြင်းနှစ်မှာ စီးပွားလာဘ်လာဘများ အရှိန်အဟုန်ဖြင့် တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ လူကြီးမင်းတို့၏ အောင်မြင်မှုခရီးလမ်းတိုင်းမှာ စိတ်ချရတဲ့ စွမ်းအင်တွေကို Sentosa က အမြဲဖြည့်ဆည်းပေးနေမှာပါ။
ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ။ 🧧
10/08/2025
တနေကုန် ပင်ပန်းပြီး အိမ်ပြန်လာရင် အနည်းဆုံး မီးလေးတော့လာနေမှ အမောပြေရတဲ့ မင်မင်လို လူတွေရှိလား..
“အဲကွန်းနဲ့ မီးချောင်းပဲ သုံးချင်တာပါ” ဆိုသူတွေအတွက် 3000 W လေးတစ်လုံး အိမ်မှာ လိုအပ်တယ်နော်
3000 W အောက်နည်းတဲ့ ပစ္စည်း (အဲကွန်း၊ရေခဲသေတ္တာ၊ cpap machine၊ ထမင်းအိုး၊ ရေနွေးအိုး၊ မီးချောင်း၊ ကွန်ပျူတာ..) တွေ အကုန်သုံးလို့ရတဲ့
3000 W (7 kWh battery) power station လေးကို မိုးရာသီ အထူးစျေး သိန်း 45 သိန်းနဲ့ ရောင်းချပေးပါမယ် 🥳
အရေအတွက်အတွင်းသာ သည်စျေးနဲ့ ရောင်းချပေးမှာဖြစ်လို့ လက်ဦးမှုယူမှ စိတ်ချရပါမယ်နော် 🙏🏻
Ph - 09289894972, 09958632151
Sentosa
“ပလက်လေးထိုးပြီး ကြိုက်ရာသုံး၊ Sentosa ဟာ အကောင်းဆုံး”
09/07/2025
ဝါဆိုလပြည့်နေ့ အခါသမယမှာ လူသားအားလုံး သတ္တဝါအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးရန်ကင်းကွာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ် 🙏🏻
Click here to claim your Sponsored Listing.
Category
Website
Address
Royal Thiri Condo, Insein
Yangon
Opening Hours
| Monday | 10:30 - 14:00 |
| Tuesday | 10:30 - 14:00 |
| Wednesday | 10:30 - 14:00 |
| Thursday | 10:30 - 14:00 |
| Friday | 10:30 - 14:00 |
| Saturday | 10:30 - 14:00 |
| Sunday | 10:30 - 14:00 |