Myanmar Legal Empowerment Network

Myanmar Legal Empowerment Network

Share

M-LEN is a platform dedicated to promoting legal empowerment and access to justice for all in Myanmar

27/04/2026

လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်တွေမှာ အရေးအကြီးဆုံးက ဘာဖြစ်မလဲ❓
============================
အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်း (Sexual Exlpoitation and Abuse - SEA) လို အခြေအနေမျိုးတွေမှာဆိုရင် "ရှင်သန်ကျန်ရစ်သူ ဗဟိုပြု ချဉ်းကပ်နည်း (Survival-Centered Approach)" ကို မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒါဟာ အကူအညီတောင်းခံလာသူရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အမြဲတမ်း ဦးစားပေးရမယ့် အခြေခံမူဝါဒ ဖြစ်ပါတယ်။

အကူအညီပေးတဲ့အခါ အဓိက သတိပြုရမယ့် အချက်တွေကတော့ -

🔹 မေးခွန်းတွေထက် အကူအညီကိုသာ ရှေးရှုပါ
-----------------------------------------------
အကူအညီတောင်းလာတဲ့အချိန်မှာ "တိုင်ချက်ဖွင့်ပြီးပြီလား"၊ "သက်သေအခိုင်အလုံရှိလား" စသဖြင့် မေးမြန်းနေခြင်းထက် သူတို့ လက်တလော လိုအပ်နေတဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှုကို ချက်ချင်းပေးနိုင်ဖို့က အရေးကြီးဆုံးပါ။

🔹 လုံးဝ မထိခိုက်စေရေး (Do No Harm)
--------------------------
ကူညီတဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ ထိခိုက်ခံစားရသူကို စိတ်ဒဏ်ရာ အသစ်ထပ်မရစေဖို့ အထူးဂရုစိုက်ရပါမယ်။ အပြစ်တင်တဲ့ အသုံးအနှုန်းတွေ၊ လုံခြုံမှုမရှိတဲ့ မေးခွန်းတွေကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

🔹 သဘောတူညီချက်နဲ့ ရွေးချယ်ခွင့် (Informed Consent)
------------------------------------
အကူအညီပေးသူတွေဘက်က ဘာတွေပံ့ပိုးပေးနိုင်လဲဆိုတာကို ရှင်းလင်းစွာ အသိပေးပြီး၊ ထိခိုက်ခံစားရသူ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ခွင့် ပေးရပါမယ်။ သူတို့ရဲ့ သဘောတူညီချက် ရရှိမှသာ ဆက်လက် ဆောင်ရွက်သင့်ပါတယ်။

🔹 ကလေးသူငယ်များအတွက် အထူးဂရုပြုမှု
--------------------------------------------
ကလေးငယ်တွေ ပါဝင်နေပြီဆိုရင်တော့ “ကလေး၏ အကောင်းဆုံး အကျိုးစီးပွား (Best Interests of the Child)” ကို ထိပ်ဆုံးကထားပြီး သူတို့နဲ့ ကိုက်ညီတဲ့ အလုံခြုံဆုံး နည်းလမ်းတွေနဲ့ ချဉ်းကပ်ရပါမယ်။

အချုပ်အားဖြင့် ဒီချဉ်းကပ်နည်းရဲ့ အဓိက မဏ္ဍိုင် (၄) ရပ်ကတော့ -
✅ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း
✅ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးခြင်း
✅ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အလေးထားခြင်း
✅ ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး လက်လှမ်းမီတဲ့ အကူအညီတွေ ဖန်တီးပေးခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကို လိုက်နာကျင့်သုံးမှသာ ရှင်သန်ကျန်ရစ်သူတွေအတွက် တကယ်ကို ယုံကြည်စိတ်ချရတဲ့ လုံခြုံသော ပတ်ဝန်းကျင်တစ်ခု (Safe Space) ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

04/04/2026

[English Below]
📢 အကူအညီဆိုသည်မှာ အပေးအယူ မဟုတ်ပါ

ထောက်ပံ့ရေးပစ္စည်းတွေ လာဝေတဲ့နေ့က အပျော်ဆုံးဖြစ်ခဲ့တဲ့ ကျောင်းသားလေး မောင်မောင်... ဘာကြောင့် ရုတ်တရက်ကြီး မှိုင်တွေပြီး သူငယ်ချင်းတွေနဲ့ ဝေးရာကို ရှောင်ဖယ်သွားခဲ့ရတာလဲ?

လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် "ထိခိုက်နစ်နာမှုမရှိစေရေး (Do No Harm)" မူဝါဒနှင့်အညီ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းမှ ကာကွယ်ခြင်း (PSEA) သည် ကျွန်ုပ်တို့၏ အဓိက တာဝန်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အကူအညီပေးရာတွင် လုပ်ပိုင်ခွင့်နှင့် အာဏာမညီမျှမှု (Power Imbalance) ကို အလွဲသုံးစားပြုကာ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခံရပိုင်ခွင့် (Safeguarding) ချိုးဖောက်မှုများအပေါ် မည်သည့်အခါမျှ "သည်းခံခွင့်လွှတ်မည်မဟုတ်ပါ (Zero Tolerance)"။

အကူအညီပေးရေးဝန်ထမ်းနှင့် တွေ့ဆုံအပြီး မောင်မောင့်ဆီမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို Braveheart Foundation ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar Legal Empowerment Network မှ စီစဉ်တင်ဆက်ထားတဲ့ "ပန်းကလေးများ ပွင့်တော့မည်" အန်နီမေးရှင်း ဇာတ်လမ်းတိုလေးမှာ အခုပဲ ကြည့်ရှုလိုက်ပါ။

🛑 လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းမှ ကာကွယ်ခြင်း (PSEA) မူဝါဒများနှင့်အညီ ယင်းကဲ့သို့သော ကျူးလွန်မှုများကို သံသယရှိပါက လုံခြုံသော တိုင်ကြားမှုယန္တရားများမှတစ်ဆင့် မည်သည့်အဖွဲ့အစည်းကိုမဆို အချိန်မရွေး တိုင်ကြားနိုင်ပါသည်။



📢 Aid is Not an Exchange

On the day of the distribution, Maung Maung was the happiest kid in school. So why did he suddenly become so withdrawn from his friends?

In humanitarian work, in line with the "Do No Harm" principle, Protection from Sexual Exploitation and Abuse (PSEA) is our core responsibility. Therefore, we maintain a strict "Zero Tolerance" policy against anyone who exploits "Power Imbalances" during aid distribution to commit sexual exploitation and abuse against children, violating their right to "Safeguarding."

Find out what happened to Maung Maung after his interaction with an aid worker in "Little Flowers About to Bloom," a new educational animated short film presented by the Myanmar Legal Empowerment Network with the support of Braveheart Foundation.

🛑 In accordance with Protection from Sexual Exploitation and Abuse (PSEA) policies, if you suspect any violations, you can report them to ANY organization at any time through safe and confidential reporting mechanisms.

Leadership Program 2026 - Grassroots Justice Network 30/03/2026

🌍 Grassroots Justice Network Leadership Program 2026 အတွက် လျှောက်လွှာခေါ်ယူခြင်း
---------------------------------------
Grassroots Justice Network Academy မှ စီစဉ်ကျင်းပသည့် Leadership Program 2026 သို့ ပါဝင်လျှောက်ထားနိုင်ရန် စိတ်ဝင်စားသူများအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ဤ Program သည် လူထုအခြေပြုမျှတမှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ၏ ဦးဆောင်နိုင်မှု (Leadership)၊ အရည်အချင်း (Capacity) နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှု (Action-Oriented Skills) များကို မြှင့်တင်ပေးရန် ရည်ရွယ်ထားသော အွန်လိုင်းသင်တန်းအစီအစဉ်တစ်ရပ်ဖြစ်ပါသည်။

📚 Program ၏ အဓိကပါဝင်မှုများ
-----------------------------------
ပါဝင်သူများအနေဖြင့်—

Legal Empowerment နှင့် Community Justice ဆိုင်ရာ အခြေခံသဘောတရားများကို လေ့လာသင်ယူနိုင်မည်
နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် အတူ ဆွေးနွေးပွဲများ၊ Workshop များတွင် ပါဝင်နိုင်မည်
မိမိတို့၏ ရပ်ရွာအတွင်းရှိ ပြဿနာများကို ဖြေရှင်းရန် Action Plan များ ဖန်တီးနိုင်မည်
ကမ္ဘာတဝှမ်းရှိ justice practitioners များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်
Program အတွင်း အသုံးပြုနိုင်သည့် သင်ယူရေးဆိုင်ရာ resource များကို ရရှိနိုင်မည်

📅 အရေးကြီးသော အချိန်ဇယား
--------------------------------
လျှောက်လွှာနောက်ဆုံးနေ့ – ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်
ရွေးချယ်ခံရသူများ ကြေညာခြင်း – ဧပြီလ ၃၀ ရက်
Program ကာလ – မေ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ (၃ လ)

⏱️ ပါဝင်ဆောင်ရွက်ရန် လိုအပ်ချက်
--------------------------------
တစ်ပတ်လျှင် ခန့်မှန်းအားဖြင့် ၂ မှ ၄ နာရီအထိ အချိန်ပေးနိုင်ရမည်

🎯 အထူးအခွင့်အရေး
-------------------------
Program ကို အောင်မြင်စွာ ပြီးဆုံးသူများသည် မိမိတို့၏ Action Plan များကို အကောင်အထည်ဖော်ရန်
💰 USD 10,000 အထိ Action Grant ကို ဆက်လက် လျှောက်ထားနိုင်သည့် အခွင့်အရေး ရရှိနိုင်ပါသည်။

👥 လျှောက်ထားနိုင်သူများ
----------------------------
Community Paralegals
Grassroots Activists / Organizers
Civil Society Organizations (CSOs), NGOs, CBOs
Legal Empowerment ကိုဆောင်ရွက်နေသူများ
📌 မှတ်ချက် – Grassroots Justice Network ၏ Member ဖြစ်ရမည်။
🌱 နိဂုံးချုပ်
ဤ Leadership Program သည် လူထုအခြေပြုမျှတမှုလုပ်ငန်းများကို လက်တွေ့ကျကျ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အရေးပါသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး၊ မိမိ၏ လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံတကာအဆင့်သို့ ချဲ့ထွင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

ထို့အတွက်ကြောင့် ဤအခွင့်အရေးကောင်းအား M-LEN မှ ပြန်လည်ဝေမျှပေးလိုက်ပါသည်။
📩 လျှောက်ထားရန်
👉

Leadership Program 2026 - Grassroots Justice Network Applications are open for the inaugural Leadership Program, the first offering of the Grassroots Justice Network Academy. Apply by April 10, 2026.

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00