Sure Success Real Estate Services

Sure Success Real Estate Services

Share

We are serving our customers for Real Estate Sell, Buy & Rent in Yangon

13/07/2022

ဗဟန်း ရွှေတောင်ကြားထဲ

သိန်း ၁၅၀၀၀ လောက်သုံးပါမယ်။

မြေသီးသန့် အမြန်ဝယ်လက် ရှိလို့။

အကျိုးဆောင်များ တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ

အကျိုးတူ ပူးပေါင်းနိုင်ပါတယ် ခင်ဗျာ။

ဖုန်း 09954881801

18/06/2022

အိမ်ခြံမြေ အကျိုးဆောင်များ Pls...

အခင်း အခန်း။ သံပန်း ဆန်းရှိတ် ဘိုထိုင် အိမ်သာပါ။

၁သိန်းခွဲ၊ ၂သိန်း၀န်းကျင် (လချင်းပေး သို့ ၃လချုပ် တိုက်ခန်း) ငှါးချင်ပါတယ် ခင်ဗျာ။

အကျိုးဆောင်ခ လ၀က်စာဖြင့် အကျိုးဆောင်ပေးမည့်သူ ရှိရင် ဆက်သွယ်ပေးပါ ခင်ဗျာ။

ဖုန်း - 09954881801, 09977960537

02/03/2022

#ဂရန်လျှောက်နိုင်သည့်မြေ
1)လိုင်စင်မြေ
2)ပါမစ်မြေ(သို့)လိုင်စင်မိတ္တူ
3)စကွာတာမြေ

#ဂရန်သစ်လျှောက်လျှင်ဘာတွေလိုလဲ
1)နိုင်ငံသားစီစစ်ရေးကတ်ပြား
2)ပါမစ်(သို့)လိုင်စင်မြေ
3)မှတ်ပုံတင်စာချုပ်စာတမ်းး(စကွာတာမြေ)
4)နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထားရမည်။

#စီစစ်/လက်ခံခြင်း
အထောက်အထားမိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။ တင်ပြသည့်အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှုရှိပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄) ရက်မတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာနိုင်ပါသည်။
အမည်ပေါက် မဟုတ်ပါက #၁၄ရက်အတွင်း ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာနိုင်သည်။

#ဂရန်သစ်ထုတ်ပေးခြင်း
ကန့်ကွက်မှုတစုံတရာ မရှိပါက ဋ္ဌာနမှခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ်(သို့) လိုင်စင်မူရင်းကို ဋ္ဌာနသို့အပ်နှံရပါမည်။
ဋ္ဌာနမှုးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ(၁) ဦးစီဖြင့် မြေငှားစာချုပ်ပေါ်တွင်လက်မှတ်ရေးထိုး၍ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးပါသည်။

#ဒါတွေသင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ်(ဂရန်)တွင် အခွန်ရုံးမှ မြန်မာနိုင်ငံတံဆိပ်ခေါင်းအခွန်ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ်တံဆိပ်ခေါင်း သွားရောက်ကပ်ရပါမည်။ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးခံရသူအမည်ဖြင့် ၃လတစ်ကြိမ်၊ ၁နှစ် (၄)ကြိမ် စည်းကြပ်သောမြေငှားခ(မြေခွန်)ပေးဆောင်ရမည်။ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ်သက်တမ်းတိုးလျှောက်ထားရမည်။

#မြေငှားစာချုပ်(ဂရန်)ပျောက်ဆုံး/ပျက်စီးလျှင်မြေငှားဂရန်စာချုပ်မူရင်း ပျောက်ဆုံးလျှင်သော်လည်းကောင်း၊ ပျက်စီးလျှင်သော်လည်းကောင်း မြေငှားဂရန်စာချုပ်မိတ္တူ လျှောက်ထားနိုင်ပါသည်။ ထို့သို့ လျှောက်ထားလာပါက မူလအမည်ပေါက်ဖြင့်ပင်မြေငှားစာချုပ် (ဂရန်)မိတ္တူမှန် ထုတ်ပေးပါမည်။ နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ၊ပျောက်ဆုံးခြင်းကြောင့်ဖြစ်ပါက မြို့နယ်ထွေ/အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး ထောက်ခံချက်၊ ရဲစခန်းသို့တိုင်ကြားချက်၊ မှတ်ပုံတင်စာချုပ်စာတမ်း(သို့မဟုတ်)တရားရုံးစီရင်ချက်နှင့် ဒီဂရီအရလျှောက်ထားခြင်းဖြစ်လျှင် ယင်းအထောက်အထားများ၊ နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ(မူရင်း) တို့နှင့်အတူဋ္ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။

#စီစစ်ထုတ်ပေးခြင်း
-ဋ္ဌာနမှကွင်းဆင်းစစ်ဆေးခြင်း
-မြို့နယ်ထွေ/အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးများတွင် (၁၄)ရက်အတွင်း -ကန့်ကွက်နိုင်ကြောင်းကြေငြာခြင်းနှင့် သတင်းစာများတွင်သီးခြားကြေငြာခြင်းတို့ကို ပြုလုပ်ပါသည်။
-ကန့်ကွက်သူမရှိ၊ တရားရုံးအမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတရာမရှိပါက ဂရန်သစ်ထုတ်ပေးစဉ်သကဲ့သို့ပင် -သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေငှားဂရန်မိတ္တူ ထုတ်ပေးပါသည်။
-မြေငှားဂရန်စာချုပ်အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ်ခေါင်းကပ်ရန် မလိုပါ။

#မြေငှားစာချုပ်(ဂရန်) #သက်တမ်းတိုးခြင်း
-သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုးလျှောက်ထားရမည်။
-အမည်ပေါက်သူ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးစီရင်ချက်နှင့် -ဒီဂရီရထားသူကသာ လျှောက်ထားနိုင်သည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ သက်တမ်းကုန်ဂရန်နှင့် အမည်ပေါက်ပိုင်သူမဟုတ်ပါက -ပိုင်ဆိုင်မှုစာချုပ်စာတမ်း(သို့) တရားရုံးစီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာမူရင်း တို့ဖြင့်လျှောက်ထားရမည်။
-သက်တမ်းကုန်ဆုံးသောအခါ ဂရန်အားပြန်လည်အပ်နှံရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံးနေပါက သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရမည်။

#မြေငှားဂရန်စာချုပ်ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိမြေငှားစာချုပ်ကို ဂရန်ခွဲအဖြစ်ထုတ်ပေးနိုင်ပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ ပိုင်ဆိုင်မှုအထောက်အထားများနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် -မြေကွက်ခွဲ အတည်ပြုပုံစံနှင့်မြေကွက် ခွဲစိတ်တိုင်းတာသည့်မြေပုံများတင်ပြရမည်။
-အမည်ပေါက်ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာကြေငြာခြင်းမပြုဘဲ အမည်ပေါက်သူမှလျှောက်ထားခြင်းမဟုတ်ပါက -သတင်းစာတွင်(၁၄)ရက်အချိန်ပေး ကြေငြာပါသည်။
-ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး မြေကွက်အမှတ်အသစ်ဖြင့် ဂရန်ခွဲထုတ်ပေးပြီး မူလမြေငှားစာချုပ်အား ပြန်လည်သိမ်းယူမည်။
-မူလမြေငှားစာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်းဖြစ်ပါက ထို့သို့ဂရန်ခွဲထုတ်ကြောင်းကို မူလစာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။ဂရန်ခွဲထုတ်ပေးသူအမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။

#အမည်ပေါက်ပြောင်းလဲပေးခြင်း
-မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲမှတ်သားပေးပါသည်။
-ဌာနမှ သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မြေငှားဂရန်၊ -နောက်ဆုံးပေးဆောင်ထားသည့် မြေခွန်ပြေစာ၊ စာချုပ်အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက စာချုပ်သက်တမ်း၊ -တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။
-ဂရန်သစ်လျှောက်ထားစဉ်သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေပြီး စာချုပ်မူရင်း -(သို့မဟုတ်)မြေငှားဂရန်မူရင်းတွင် အမည်ပြောင်းလဲခြင်းမှတ်တမ်းရေးဖြည့်၍ ပြည်လည်ထုတ်ပေးမည်။
-ဂရန်မြေဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပါသည်။

Credit Photo – YCDC

Photos from Sure Success Real Estate Services's post 04/02/2022

အိမ်နဲ့ ခြံလေး အရောင်းဈေးကွက် တင်ပါရစေ ခင်ဗျာ။

အကျယ် 57' × 130' ၀န်းကျင်

နေရာ - ကန်ဦးကျောင်းလမ်း၊ အောင်ဆန်းရွာသစ်၊ အင်းစိန်။

မြေ - ဥယျာဉ် ခြံမြေ

ရောင်းဈေး သိန်း ၂၅၀၀ (ညှိနှိုင်း) ငွေပုံပြ တေ့တေ့ဆိုင်ဆိုင်ဆို ဈေးလျော့ပေးမည်။

အမြန်ရောင်းချင်တာမို့ ကျနော့် မိတ်ဆွေများ Share ပေးဖို့ အကူညီ တောင်းပါတယ် ခင်ဗျာ။

စိတ်၀င်စားရင် ကိုယ်တိုင် လာကြည့်လို့ ရပါတယ်။

အကျိုးဆောင် လက်ခံပါတယ်။

ဖုန်း - 09954881801

Photos from Sure Success Real Estate Services's post 20/01/2022

ကွန်ဒို အခန်း နေရာကောင်း ရောင်းရန်ရှိသည်။

ကိုယ့်မင်းကိုယ့်ချင်းလမ်း ဗဟန်း

ရန်ကုန်မြို့ရဲ့ အချက်အချာကျသော နေရာကောင်းလည်းဖြစ်သည်။

အေးချမ်းတိတ်ဆိတ်ပြီး သီးသန့်နေတတ်သူတွေအကြိုက်လည်းဖြစ်သည်။

မိမိလုံခြုံရေးအတွက် အလွန်း Safety လည်းဖြစ် Privacy လည်းဆန်ဆန် နေလိုသူများအတွက် အလွန်သင့်တော်သော နေရာဖြစ်သည်။

ကားပါကင်လည်းပါ၊ လုံးခြုံရေးဝန်ထမ်းအချိန်ပြည့်ရှိ၊ ရေ၊မီး အစုံ Condo Services အပြည့်အစုံပါ။

ကိုယ်ပိုင်မြေအောက်
ကားပါးကင်ပါရှိသည် ။

ရွှေဂုံတိုင်၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ Ground Floor။

Master room ၂ ခန်း
Single room ၁ခန်း

တစ်အိမ်လုံးပါကေး အပြည့်ခင်းထားပြီး ၊ အခန်းတိုင်းမှာ အဲကွန်းပါသည်။

ရေပူ၊ရေအေးရ။

သိန်း ၂၃၀၀

နေလို့ သိပ်ကောင်းပါတယ် ။
နောက်ခန်းဖြစ်လို့ အဲကွန်းမလိုပဲ အေးနေတာပါ ။
အသစ်စက်စက်နီးပါး ပါ
ပစ္စည်းတွေ ထားပြီး နေကိုမနေဖြစ်လို့
ရောင်းတာပါ။

ဖုန်း - 09954881801

Photos from Sure Success Real Estate Services's post 13/12/2021

စမ်းချောင်းမြို့နယ်
Times City Yangon အနီး
တိုက်ခန်းအငှား 🏢

💲 အငှားဈေးနူန်း : ၅သိန်း ( ညှိနိုင်း )
📐 ပေ (15×50) အကျယ်

✨ Cash အဆင်မပြေတဲ့သူများအနေဖြင့် Banking Transfer နှင့်လည်း လက်ခံပါသည်။

Foreigner ဖြစ်ဖြစ် Local ဖြစ်ဖြစ် ငှားရမ်းနေထိုင်လို့ရသည်။

⚜️ အခန်းအတွင်း ပါဝင်သောပစ္စည်းများ :

✅ အဲယားကွန်း (၂),
✅ အင်တာနက် Wifi,
✅ Skynet Channel,
✅ ဧည့်ခန်း,
✅ ၂ယောက်အိပ်ခန်း (၁)ခန်း,
✅ မွေ့ယာကုတင်၊ စောင်၊ ခေါင်းအုံး၊ ဖက်လုံး၊
✅ အဝတ်ဗီရို (၁)လုံး,
✅ ရေချိုးခန်း (၁)ခန်း,
✅ ဗိုလ်ထိုင်အိမ်သာ (၁)ခန်း,
✅ မီးဖိုချောင်,
✅ Microwave,
✅ ရေ ခဲ သေတ္တာ,
✅ Hot Shower,
✅ ရေပူရေအေး,
✅ အဝတ်လျှော်စက်,
✅ ချက်ချင်း တက်နေလို့ရသည်။

🏢 တည်နေရာ : တိုက်အမှတ်(၁၁)၊ (၄)လွှာ၊ ရန်ပြိုလမ်းသွယ်_ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်းနံပါများ :
09954881801, 09977960537

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 692, Kan Oo Kyaung Street, Aung San Qrt, Insein Tsp
Yangon
11012