Local Beauty
Skincare, Cosmetic, တစ်ကိုယ်ရည်သုံး ပစ္စည်း များကိုယုံကြည်စိတ်ချစွာမှာယူအားပေးနိုင်ပါတယ်
18/05/2023
Edit - Wonder Toner 2ဘူးနဲ့ etude house baking လေးတွေပဲရတော့မယ်နော် Wonder Toner အကိတ်ကြီးတွေကရှယ်တန်ပါတယ်🥺 Etude house လေးကဆားဝက်ခြံလေးတွေရှိရင်သုံးနော်💛
05/02/2023
Hot wax or Cold wax? ကိုယ်နဲ့ကိုက်ညီမယ့် wax ကို မှန်ကန်စွာရွေးချယ်လိုက်ရအောင်။ 😉
Kee’s Natural ကထုတ်ထားတဲ့ hot wax, cold wax နှစ်မျိုးထဲက ဘာသုံးရမလဲ? Hot wax သုံးနေတာကြာပြီ cold wax ကိုပြောင်းသုံးရင် အဆင်ပြေမလား? ဆိုတဲ့မေးခွန်းလေးတွေက Kee’s Natural page ရဲ့ message inbox မှာ နေ့တိုင်းဝင်နေတဲ့မေးခွန်းတွေဖြစ်လို့ ကာကာတွေအတွက် wax ရွေးချယ်နည်း tips လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။ 🥰
Kee’s Natural နဲ့ collab လုပ်ထားတဲ့ Dr.Kyaw Nayzar Thin ရဲ့ ပြောပြချက်အရဆို လူတစ်ယောက်နဲ့တစ်ယောက်က သူတို့ရဲ့ မျိုးရိုးဗီဇပေါ်မူတည်ပြီး အမွေးပေါက်နှုန်းနဲ့ အမြစ်သန်နှုန်းတွေကွာတတ်ပါတယ်။ Waxing လုပ်တာက အမွေးရဲ့ အုံထူခြင်း/ ပါးခြင်းပေါ်ပဲသက်ရောက်မှုရှိတဲ့အတွက် waxing ပုံမှန်လုပ်မယ်ဆိုရင် အမွေးအမျှင်တွေ တဖြည်းဖြည်းပါးလာနိုင်ပါတယ်။ Waxing လုပ်ရင်း အမွေးထွက်နှုန်း နှေးလာတာ၊ အမွေးအမျှင် မထွက်တော့တဲ့ထိ နည်းတာတွေဖြစ်ဖို့အတွက်ကတော့ မျိုးရိုးဗီဇပေါ်မှာမူတည်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်တူညီနိုင်မှာမဟုတ်ပါဘူး။ တချို့က လပိုင်းနဲ့ အမွေးမထွက်သလောက်နည်းပါးသွားပေမယ့် တချို့အတွက်ကတော့နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ လူတစ်ဦးတည်းမှာတောင် တစ်နေရာနဲ့တစ်နေရာရဲ့ အမွေးသန်နှုန်းတွေဟာမတူကြပါဘူးရှင်။
▫️ အမြစ်သန်တယ်ဆိုရင် အမွေးအားလုံးပါဖို့အတွက် hot wax ကို အသုံးပြုပေးရပါမယ်။
▫️ ကိုယ်က Underarm နဲ့ Bikini နေရာတွေကို
hot wax နဲ့ waxing လုပ်နေကျဆိုတော့ အမွေးပါးသွားပေမဲ့လည်း အမြစ်သန်နှုန်းကပြောင်းလဲမသွားတဲ့အတွက် hot wax ကိုပဲ ဆက်သုံးဖို့ အကြံပြုပါတယ်ရှင်။(ကိုယ်ကHot ကနေ လွယ်ကူတဲ့ Cold ကို ပြောင်းလဲသုံးစွဲကြည့်ချင်ရင်တော့ Tester လေး 40 gram ဘူးလေးတွေ အရင်စမ်းပြီး အဆင်ပြေမှ Cold Wax ကိုပြောင်းလဲတာပိုပြီးအဆင်ပြေနိုင်ပါတယ်ရှင်)
▫️ Bikini နဲ့ underarm လို အမြစ်သန်တတ်တဲ့ နေရာတွေအတွက်ကတော့ hot wax သုံးတာ အသင့်တော်ဆုံးပါပဲ။
▪️ ခြွင်းချက်အနေနဲ့ bikini နဲ့ underarm ကို တစ်ခါမှ waxing/ shaving မလုပ်ဖူးဘူး အမွေးနုနုလေးတွေပဲရှိတယ်ဆိုရင်တော့ cold wax အသုံးပြုနိုင်ပါတယ်။
▪️ ခြေထောက်နဲ့ လက်တွေအတွက်ကတော့ အမြစ်မသန်တဲ့နေရာတွေမို့ cold wax ပဲ စိတ်ချစွာ အသုံးပြုလို့ရပါတယ်နော်။
Kee တို့ရဲ့ cold wax က ဘယ်နေရာကိုပဲရောက်ရောက်၊ ဘယ်လိုအပူချိန်မျိုးမှာပဲဖြစ်ဖြစ် အလွယ်တကူနဲ့ အဆင်သင့်အသုံးပြုနိုင်အောင် ထုတ်ပေးထားတာဖြစ်တဲ့အတွက် hot wax နဲ့ ယှဉ်မယ်ဆိုရင် ကပ်အားနည်းပါတယ်။ ဒါကြောင့် cold wax ကို အမွေးပါးတဲ့သူ၊ အမြစ်မသန်တဲ့သူတွေပဲသုံးဖို့ ထပ်မံ recommend လုပ်ပါတယ်ရှင်။ 🌟
Hot wax/ cold wax ဘယ် wax ကိုပဲသုံးသုံး wax ဘူးထဲကိုရေမဝင်ဖို့နဲ့ အသုံးပြုပြီးတဲ့အခါ လေလုံအောင်ပြန်ပိတ်ဖို့တော့ သတိပြုပေးပါနော်။ ‼️
ဒီလောက်ဆိုရင်တော့ Kee’s Natural ရဲ့ကာကာလေးတွေအနေနဲ့ ကိုယ်ကဘယ် wax ကို ရွေးချယ်သင့်လဲဆိုတာ ဆုံးဖြတ်လို့ရပြီဟုတ်? 🥹
Kee’s Natural product တွေကို သုံးတဲ့အခါတစ်ခုခုသိချင်ရင်၊ အခက်အခဲတစ်စုံတစ်ရာရှိရင် page messenger မှာ စာပို့ပြီးမေးထားလို့ရပါတယ်နော်။ Page admin လေးတွေက ကူညီဖြေရှင်းပေးဖို့ အမြဲအသင့်ရှိနေပါတယ်ရှင်။
Yangon/ Mandalay cash on deli
Other cities prepaid
Click here to claim your Sponsored Listing.
Category
Website
Address
Yangon