Burmese Crypto

Burmese Crypto

Share

Crypto currency for Burmese

13/09/2022

Roll up လို့ခေါ်တဲ့ ethereum scaling solution က Matic လို side chain တွေထက် ဘာပိုကောင်းလဲ။

Roll up ဆိုတာ Ethereum ရဲ့ နှေးလွန်းတဲ့ blockchain speed ကို စျေးသက်သာပြီး မြန်အောင်လုပ်ပေးနိုင် solution ၁ခုပါ။
Ethereum က ၁စက္ကန့်ကို ၁၅ခုပဲ transaction လုပ်ပေးနိုင်တယ်။ တကယ်လို့ Blockchain ကို သုံးတဲ့သူများလာရင် Transaction 1ခု အောင်မြင်ဖို့ Gas fees dollar 100 ကျော်ပေးမှ transction ၁ခု အောင်မြင်တယ်။ ဒါကို ဖြေရှင်းဖို့ Roll up ဆိုတာပေါ်လာတယ်။ Roll up ဆိုတာက ၁နေရာထဲသွားမယ့် Transaction တွေကို Roll လုပ်ပြီး တခါတည်း ပို့ပေးတာ။
ဥပမာ တနေရာကနေ နောက် ၁နေရာကို delivery ပို့မယ် ဆိုပါစို့။ ပစ္စည်း ၁ခုချင်းစီကို ကာတစီးစီးနဲ့ ပို့မယ်အစား နေရာတူသွားမယ့် ပစ္စည်းတွေ ကား၁စီးနဲ့ တင်သွားတာ ပိုလဲမြန်တယ် စျေးလဲသက်သာတယ်။

Roll up မှာ Optimistic Roll up နဲ့ Zk roll up ( zero knowledge) ဆိုပြီး ၂မျိုးရှိတယ်။

Optimistic Roll up က နာမည်နဲ့ လိုက်အောင် အရမ်းသဘောကောင်းတဲ့ delivery company လိုမျိုး ပေါ့။ ဘာဘဲ ပို့ချင် ပို့ချင် မြန်အောင် စျေးပေါအောင်ပို့ပေးတယ်။ scam တွေ bot တွေ ပို့တဲ့ transaction လဲ မစစ်ပဲပို့တယ်။ တကယ်လို့ Transaction က တခုခုမှားနေတယ်ဆို Dispute လုပ်လို့ရပြီး အဲ့လို scam, bots trades တွေကို Ethereum network ပေါ်ပို့ပြီး ပြန်စစ်တယ်။

Zk roll up ကကျတော့ succinct non-interactive argument of knowledge လို့ခေါ်တဲ့ Cryptography SNARK နဲ့ စစ်ဆေးပြီးမှ Transaction ပို့ပေးတယ်။

Optimistic Roll up ကို Optimitic နဲ့ Arbitrum တို့လို project တွေနဲ့ သုံးလို့ရတယ်။ Optimistic coin OP က 1.2 $ ရှိတယ်။
ZK roll up ကိုတော့ Loopring က သုံးထားတယ်။ LRC coin က ၀.၃၃$ ရှိတယ်

အဲ့တော့ စျေးပေါတာ မြန်တာနဲ့ အတူတူ ဘာလို့ Matic ကိုမသုံးလဲဆိုတော့ Matic က Ethereum ရဲ့ side chain ပါ။
Optimistic တို့ Loopring တို့လို Roll up တွေက Ethereum network ထဲမှာပဲရှိပြီး Etherum ရဲ့ security system ကို အပြည့်အဝရထားတယ်။

11/09/2022

100x Gem for Next Bull market : Lido finance

Lido Finance က decentralized staking platform ပါ။
Etherum Merge ပြီးတဲ့ အချိန်မှာ Etherum ၃ပုံ ၂ပုံက Lido Finance မှာ Stake လုပ်ထားတယ်။
Etherumတင်မဟုတ်ဘဲ Dot, Kusama, Matic, Sol တို့ပါ Stake လုပ်လို့ရပြီး နောက်ထက် coin တွေ အများကြီး ထပ်ပါလာဖို့ရှိတယ်။

Ldo က October 2021 မှထွက်လာတဲ့ project ၁ခုပါ။ လက်ရှိ Ldo ကို Binance မှာ ၂$ နဲ့ဝယ်လို့ရပြီး ၂၀၂၃ Bull Market အတွက် Potential ရှိတယ်။

13/06/2022

Celsius က coin တွေ အလုံးအကျင်းနဲ့ ရောင်းလို့ withdraw လုပ်ခွင့် Banned လိုက်ပါတယ်။
လက်ရှိ user တွေ Celsius exchange ထဲက coin တွေ access မရှိတော့ပါဘူး။
Luna လက်စဉ် လိုက်မယ့် နောက်ထက် Alt coin ၁ခုပါ။

13/06/2022

Bitcoin Bear Market bottom 16400$ 🤔🤔

12/05/2022

Crypto ရဲ့ Fear & Greed Index က ၁၂ ဆိုတော့ လူတွေ crypto coin တွေဝယ်ဖို့ကိုတော်တော်လေးကြောက်နေကြပါတယ်။ ကြောက်ရတဲ့အကြောင်းအရင်းတွေထဲမှာ $LUNA ကတော့ Main reason ပေါ့နော်။
💻 Always do your own research❗️
🚫 Never trust anyone❗️

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


27 Street
Yangon