The Loom- Burma

The Loom- Burma

Share

ချစ်ခြင်းမေတ္တာရယ် ပန်းတွေရယ် အနုပညာတွေရယ်ကို The Loom-Burmaမှာ ရှာဖွေလိုက်ပါ

Photos from The Loom- Burma's post 12/05/2026

တမျိုးတထည်စီရ

ချစ်ခြင်းမေတ္တာဆိုတာ
ပန်း တွေနဲ့တူတယ်
တန်ဖိုးထားခံရတဲ့အရပ်တွေမှာ
ပိုပြီးဝေဆာပွင့်ဖူးတတ်ကြတာမျိုးပါ..။



ဆိုင်လိပ်စာ
အမှတ် (65)မြေညီ မင်းလမ်း စမ်းချောင်း
(Sprit ရွှေမန်းမှတ်တိုင်အနီး)ရန်ကုန်မြို့

Bus no 11/20/59/62/75/80/85

ph..09.261102259
တနလ်ာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်
ဆိုင်ဖွင့်ချိန် 9:30 AM -6:00PM





#ကံ့ကော်
#အင်းလေးချည်
#ပုဝါ

11/05/2026

ဒီအလုပ်လေးကို ၂၀၂၁ မင်မင် စိတ်တွေအရမ်းပင်ပန်းနေတဲ့အချိန်မှာ ချည်ထိုးရင် စိတ်ငြိမ်မှာဘဲ ဆိုတဲ့အတွေးနဲ့ onlineကဆရာမလေးတယောက်ဆီမှာ သင်တန်းတက်ခဲ့တယ် ပြီးတော့ ပန်းလေးတွေထိုးတတ်လာတော့ pageလေးထောင်ပီး တယောက်ထဲ ထိုးလိုက် ပုံလေးတွေတင်လိုက်နဲ့ စတင်ခဲ့တာ

ကိုယ်နဲ့ အကျိုးပေးတာရယ် ကိုယ့်စေတနာရယ် ကိုယ့်ကိုချစ်ပေးကြတဲ့ cusတွေရယ်ကြောင့် ခုလို ရပ်တည် နိုင်ခဲ့တာ

ခုချိန်ထိလဲ မင်မင် စိတ်ပင်ပန်းတိုင်း လုပ်တဲ့အလုပ်တွေ အကုန်လွှတ်ချပြီး ပန်းလေးတွေဘဲ ထိုင်ထိုးဖြစ်မိတယ်

အထည်လေးပြီးသွားလို့ ပန်းလေးတွေ လှနေရင် cusလေးတွေ ဝတ်လို့ လှနေတာမြင်ရင် ပီတိဖြစ်နေတာ

တခါတလေ ငါတခြားအလုပ်တခု လုပ်ဖြစ်ခဲ့ရင် ဒါလေးကို စွန့်လွှတ်လိုက်ရမလားလို့ တွေးမိခဲ့ရင် အဖြေက ခုထိ No ဖြစ်နေခဲ့တာ

သံယောဇဉ်တွေ အစွဲလန်းတွေကြီးတတ်တဲ့ မင်မင်က ဒီအလုပ်လေးအပေါ်မှာလဲ သံယောဇဉ်တွေ တွယ်နေမိပြန်တာ

ပူလောင်စရာတွေများတဲ့ လောက ကြီးထဲမှာ ပန်းတွေများများ လူတွေနည်းနည်းဆိုသလို
ပန်းလေးတွေနားရောက်တိုင်း အေးချမ်းပျော်ရွှင်ကြပါစေ🍀

အားပေးကြတဲ့ ချစ်ရသော cusတယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ပါတယ်ရှင်

ဆိုင်မှာလာရောက် ရွေးခြယ်ဝယ်ယူလိုပါက

ဆိုင်လိပ်စာ
အမှတ် (65)မြေညီ မင်းလမ်း စမ်းချောင်း
(Sprit ရွှေမန်းမှတ်တိုင်အနီး)ရန်ကုန်မြို့

Bus no 11/20/59/62/75/80/85

ph..09.261102259
တနလ်ာနေ့တိုင်း ဆိုင်ပိတ်ပါတယ်ရှင်
ဆိုင်ဖွင့်ချိန် 9:30 AM -6:00PM






#ကံ့ကော်

07/05/2026

ဒီနေ့ကတော့ Social Mediaမှာ အဲ့လို တွေဖြစ်ရတာ မကြိုက်တဲ့ မင်မင်က ပြောမှဖြစ်မှာမလို​​့ ပြောပါမယ်

The Loom- Burma က အထည်တွေကို ဘယ်သူ့ကိူ မှ orderကောက်ခွင့်မပြုပါဘူး မင်မင်တို့ဆိုင်ကအထည်တွေကို ပြည်တွင်းမှာ ရော ပြည်ပ မှာပါ ပြန်ရောင်းနေတဲ့ လက်ကား သမားတွေရှိပါတယ် အဲ့ လက်ကား မမတွေဆိုလဲ အကုန်အပြတ်ဝယ်ပြီး ပြန်ရောင်းကြတာပါ ပုံယူသုံးခွင့်မပေးထားပါဘူး

ခု ဒီAccပိုင်ရှင် ညီမက မင်မင့်ပုံနဲ့ orderကောက် ပြီး cusမှာတော့ The Loom-Burmaက ပုံကို ပြပီး တခြားမှာ သွားအပ်ပီး ပြန်ရောင်းနေတဲ့ပုံပါ

ကြိုက်သလို အရောင်းအဝယ်လုပ်ပါ ပုံတွေယူသုံးခွင့်မပြုပါဘူးလို​့ postတိူင်းရေးထားပါတယ်
နောက် ပန်းထိူးတဲ့ ညီမတွေလဲ ပန်းထိုးပြီး ငွေရှာမယ်ဆိုရင် ကိုယ်လုပ်မဲ့ အလုပ်အပေါ် ethics နဲ့ professional ကျကျ လုပ်နိုင်အောင် အရင် လုပ်ပါ ပန်းထိုး လို​့ အက်ျီပေါ် အပွင့်ဖြစ်ရင်ပီးရော ဆိုပီး ထိုးမယ်ဆိုရင်လဲ သူများပူံတွေကို ထပ်တူကူးချပြီး မထိုးပါနဲ့ ကိုယ့်ဘာသာ ပုံဆွဲတတ်အောင် အရင်လေ့ကျင့်ပါ

တခြား pageမှာ ကျမဆီကအက်ျီတွေက ပုံတူတွေကူးပီး ပန်းထိုးနေတဲ့ တချို့လဲ ကျမ မြင်ပါတယ်

ပုံတွေမြင်တာနဲ့ ထပ်တူ အတိအကျ ကူးထားတာသိပါတယ် ဘာလို့ဆို ကျမပုံတွေက ကျမ စိတ်ကူးရတိုင်းဆွဲထားတာတွေမလို့ပါ တခါနဲ့တခါတောင် ကျမစိတ်ကူးက မတူလို့ တချို့ cusတွေ ကျမကို ဒီပုံလေးထပ်လုပ်ပေးပါ ပိူက်ဆံ ဘယ်လောက် ကျကျ ပေးပါမယ်ပြောတာတောင် ကျမ orderလက်မခံပါဘူး

ကျမကို ငွေဘယ်လောက်ပေးပေး ကျမ မဆွဲချင်ရင်ထပ်မဆွဲပါဘူး တထည်ဘဲ ထွက်ထားတဲ့ designတွေ ကျမpageမှာရှိပါတယ်

ပန်းတွေ inspireယူလို့ရပါတယ် ထပ်တူကူးမချပါနဲ့

အဲ့လိုပြောလို့ နင့်ပုံတွေက တော်တော်လှနေလားမေးရင် ကျမ ဦးနှောက်ကိုအလုပ်ပေးပြီးဖန်တီးထားတာတွေမလို့ ကျမတန်ဖိုးအရမ်းထားပါတယ်

အဲ့လို ထုတ်ထားတာတွေကို ဖြစ်သလို လက်ရာတွေနဲ့ ပေါပေါလောလော ကူးချတာမျိုးကို ကျမ တကယ်စိတ်ဆိုးပါတယ် ပင်လယ်ရေတယောက်ထဲ သောက်မကုန်တာတွေ နှစ်ယောက်သောက်မကုန်တာတွေ ပြောနေတာမဟုတ်ဘူး ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်အောင် လေ့လာပြီးမှ ဝင်ငွေရှာပါ အမျိုးသမီးတွေ ဝင်ငွေရှာနိူင်ဖို့ ကျမ ကိုယ်တိူင်ပညာဒါနတွေတောင် သင်ပေးနေတာပါ

ကျမပုံတွေနဲ့ orderကောက်တဲ့သူကကောက်
ကူးတဲ့သူကလဲ အကုန်ကူးချ ပန်းတွေဖြစ်သလိုထိုးပီး cusလက်ထဲ ထည့်နေတာ ကျမတို့ နာမည်ထိခိုက်တာမလို​့ ခုလိုချပြရတာပါ

ပန်းထိုးပြီး ဝင်ငွေရှာမဲ့ အမတွေညီမတွေလဲ ကိုယ်လုပ်မဲ့ အလုပ်ကို အရင်ကျွမ်းကျင်အောင်လေ့လာပါ cusအပေါ်စေတနာ ထားပါ ကောင်းတဲ ပန်းထိုးသင်တန်းတွေအများကြီးပါ အဲ့မှာ သင်တန်းတွေ အရင်တက်ပါ ကျမကိုယ်တိုင်လဲ ခုထိ လေ့လာနေရတုန်းပါ

အရင်ရက်ထဲက ရေးဖို့ကို လုံးဝမအားလို့ pageမှာ postတောင် မဖြစ်မနေလာတင်ပီး လိုင်းဆင်းဆင်းသွားရလို့ ခုမှတင်ရတာ

ပန်းထိုးသင်ချင်တဲ့ အမတွေ ညီမတွေ ရှိရင် ခုလထဲ မင်မင်ဆိုင်မှာ Work Shop Freeအတန်းလက်တွေ့ သင်ပေးဖို့ရှိပါတယ် နောက်ရက်ကြေငြာပေးပါမယ်
အပြင်လက်တွေ့မှာ အလုပ်လုပ်လို့ရမဲ့ ပန်းတွေအကုန် မတတ်မချင်း ပညာဒါန သင်ပေးပါမယ်ဆိုင်မှာ လက်တွေ့ထိုးခိူင်းပါမယ်

စိတ်ဝင်စားတဲ့သူတွေအသေးစိပ် လာမေးလို့ရပါတယ်

အနှစ်ချုပ်ပြောရမယ်ဆိုရင် အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေ ချည်းဘဲမလို့ အကုန်လုံးကိုဝင်ငွေရစေချင်တယ်
သို့သော်ethicsရှိ​ပေး
ပါလို့ဘဲ ပြောချင်ပါတယ်...

ဒီနေ့ကတော့ စိတ်တိုတဲ့နေ့ပါရှင်

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No (65) Minlan , Sanchaung Yangon
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00