Simplexity
Simplifying Complexity
23/02/2026
SAT Prep Camp (9) အတွက် ရွေးချယ်ခံရသူများကို ထုတ်ပြန်ကြေညာခြင်း
အားလုံး ရင်ခုန်စွာစောင့်မျှော်နေကြတဲ့ SAT Prep Camp (9) မှာတက်ရောက်ခွင့်ရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့နာမည်စာရင်းပဲဖြစ်ပါတယ်ခင်ဗျာ။ လျှောက်ထားသူတွေအားလုံးဟာ ထူးချွန်ကြပေမယ့် SAT Prep Camp တွေရဲ့ထုံးစံအတိုင်း အသင့်တော်ဆုံးဖြစ်မယ့် သူတွေကိုရွေးချယ်ထားတာဖြစ်လို့ အရွေးချယ်မခံရသူများအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်ခင်ဗျာ။
SAT Preparation အတွက်သုံးနိုင်တဲ့ resources တွေအကြောင်းကိုလည်း အောက်က link မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/share/p/1ARWAwRyKY/?mibextid=wwXIfr
ကျောင်းသားတွေအတွက် လိုအပ်တဲ့ Information အကုန်လုံးကိုလည်း Email ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒီထဲမှာ နာမည်ပါဝင်ပြီး Email မရသေးတဲ့သူတွေဟာ Page ရဲ့ Chat Box ကို လာပြောဖို့ လိုပါတယ်ခင်ဗျ။
SAT Prep Camp (9) ကို February(25) ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေရဲ့ နာမည်ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။
Let's Simplify All the Complexities Together!
Simplexity
13/02/2026
SAT Prep Camp (9) ရဲ့ Application Form ပိတ်ရန် (48)နာရီသာလိုပါတော့သည်။
SAT Prep Camp (9) ရဲ့ Application Form ကို Feb (15) ရက်နေ့မှာပိတ်သိမ်းတော့မှာဖြစ်တာကြောင့် လျှောက်ထားလိုသူတွေအနေနဲ့ Application Form ကိုအချိန်မီ Submit လုပ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
SAT Prep Camp (9) အတွက်ရွေးချယ်ခံရတဲ့ကျောင်းသား၊ ကျောင်းသူတွေကိုတော့ Feb (23) ရက်နေ့ ည (9:00) နာရီမှာ Simplexity ရဲ့ page ကနေ ကြေငြာပေးသွားမှာဖြစ်ပါတယ်။
Registration နဲ့ပတ်သက်တဲ့ အသေးစိတ် Information တွေကိုအောက်က Link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/17ub5qtX1D/?mibextid=wwXIfr
Let’s Simplify all the Complexities Together!
Simplexity
01/02/2026
မေတ္တာများနဲ့ SAT Prep Camp 9 💝
ဖေဖော်ဝါရီလ (၁) ရက်နေ့ဟာဆိုရင် Simplexity ရဲ့ ခရီးစဉ်ကို စတင်ပေးခဲ့တဲ့ Founder ကိုအောင်ခန့်ပိုင်နဲ့ လက်ရှိ CEO ကိုအီသန်အောင်တို့ရဲ့ မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ 🎂အမှန်ဆို သူတို့ကို မွေးနေ့လက်ဆောင် ပြန်ပေးရမှာပေမယ့် ဆရာသမားတို့ နှစ်ဦးကတော့ ဒီလို ထူးခြားတဲ့နေ့မှာ Simplexity ရဲ့ ကျောင်းသားတွေအတွက် လက်ဆောင်ပြန်ပေးဖို့ စီစဉ်ထားပါတယ်သတဲ့ရှင်။ လက်ဆောင်လေးကတော့ အခြားမဟုတ်ပါဘူး။ ကျောင်းသားတို့ အမြဲစောင့်မျှော်နေကြတဲ့ SAT Prep Camp ပဲ ဖြစ်ပါတယ်။🎉
Why we offer SAT Camps with no charges? 📚
မြန်မာပြည်ရဲ့ လက်ရှိပညာရေးအခြေအနေမှာ SAT လိုမျိုး International Standardized Tests တွေက အရေးပါလာပေမယ့် Preparation Classes တွေရဲ့ Fees က မြင့်မားလွန်းလှပါတယ်။ ဒါ့ကြောင့် ကျောင်းသားတွေရဲ့ Financial Burden ကို လျှော့ချပေးပြီး Quality ကောင်းတဲ့ ပညာရေးကို Free ရစေချင်တာ Simplexity ရဲ့ မူလရည်ရွယ်ချက်ပါပဲ။
Instructor တို့အကြောင်း တစေ့တစောင်း 👨🏫👩🏫
ဒီတစ်ခါ Camp (9) မှာလည်း Score အမြင့်ကြီးတွေနဲ့ စောင့်ကြိုနေမယ့် Instructor (၂) ယောက်ကတော့ -
🔻English Instructor - Ko Khant Kyaw Thar
SAT English (720) နဲ့ Duolingo English Test (130) ရရှိထားသူ
🔻Maths Instructor - Ma Ingyin Phyu
SAT Maths (780) နဲ့ GED Maths (195) ရရှိထားသူ
တို့ပဲ ဖြစ်ပါတယ်။
Instructor တွေနဲ့ ပတ်သက်တဲ့ တခြား Information တွေကိုတော့ အောက်က Poster တွေမှာ ကြည့်ရှုပေးပါ။
Application Process (ဘယ်လိုလျှောက်ထားရမလဲ?) 📝
Academics, Commitment နဲ့ Student’s Need ကို အဓိကထားပြီး တက်ရောက်ခွင့်ရမယ့် ကျောင်းသားတွေကို သေချာရွေးချယ်သွားမှာပါ။
လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ်။
၁။ EnglishScore Application မှ Score Break Down Result
၂။ Application Form ထဲရှိ သင်္ချာရမှတ်
၃။ Transcript / Academic Record
၄။ Application Form မှ Essay များ
ဒီ SAT Camp ကို Apply ချင်တယ်ဆိုရင် အရင်ဆုံး Simplexity page ကို Like & Follow ပြုလုပ်ပေးပါ။ ပြီးရင်တော့ ဒီ Post ကို Public ဒါမှမဟုတ် Friends နဲ့ Share ထားတဲ့ Screenshot ကို Simplexity Messenger မှာပြပြီး Application Form တောင်းယူနိုင်ပါတယ်ရှင့်။
Due Date & Important Dates 📅
Application Due Date: Feb 15, 2026
Announcement of Selected Students: Feb 23, 2026
Class Start Date: February 25
မေတ္တာအပြည့်နဲ့ မွေးနေ့ရှင်တွေပေးတဲ့ ဒီလက်ဆောင်လေးဟာ ကျောင်းသားတွေရဲ့ ရှေ့ဆက်မယ့် အိပ်မက်တွေအတွက် အထောက်အကူတစ်ခု ဖြစ်ပါစေကြောင်း...✨
Let’s Simplify All the Complexities Together!
Simplexity
06/11/2025
SAT Prep Camp (8) အတွက် ရွေးချယ်ခံရသူများကို ထုတ်ပြန်ကြေညာခြင်း
အားလုံး ရင်ခုန်စွာစောင့်မျှော်နေကြတဲ့ SAT Prep Camp (8) မှာတက်ရောက်ခွင့်ရတဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့နာမည်စာရင်းပဲဖြစ်ပါတယ်ခင်ဗျာ။ လျှောက်ထားသူတွေအားလုံးဟာ ထူးချွန်ကြပေမယ့် SAT Prep Camp တွေရဲ့ထုံးစံအတိုင်း အသင့်တော်ဆုံးဖြစ်မယ့် သူတွေကိုရွေးချယ်ထားတာဖြစ်လို့ အရွေးချယ်မခံရသူများအနေနဲ့လည်း စိတ်ဓာတ်မကျဖို့ ပြောချင်ပါတယ်ခင်ဗျာ။
SAT Preparation အတွက်သုံးနိုင်တဲ့ resources တွေအကြောင်းကိုလည်း အောက်က link မှာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/share/p/1ARWAwRyKY/?mibextid=wwXIfr
ကျောင်းသားတွေအတွက် လိုအပ်တဲ့ Information အကုန်လုံးကိုလည်း Email ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒီထဲမှာ နာမည်ပါဝင်ပြီး Email မရသေးတဲ့သူတွေဟာ Page ရဲ့ Chat Box ကို လာပြောဖို့ လိုပါတယ်ခင်ဗျ။
SAT Prep Camp (8) ကို November (8) ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေရဲ့ နာမည်ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။
Let's Simplify All the Complexities Together!
Simplexity
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon