Teacher Emily - Learn with Me

Teacher Emily - Learn with Me

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teacher Emily - Learn with Me, Tutor/Teacher, Thaketa, Yangon.

02/04/2025

FYI

𝐃𝐢𝐬𝐚𝐬𝐭𝐞𝐫 𝐑𝐢𝐬𝐤 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐟𝐨𝐫 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥𝐬 ကို တက်ဖို့အတွက် စာရင်းပေးသူ ဆရာ/ဆရာမ အယောက် ၅၀၀ ဖြစ်သွားတဲ့အတွက် စာရင်းပိတ်လိုက်ပါပြီ။

တချို့ကို စနေနေ့၊ တချို့ကို တနင်္ဂနွေနေ့ နှစ်ရက်ခွဲပြီး စီစဉ်ပေးထားပါတယ်။ နှစ်ဖွဲ့လုံးကို Zoom Information Email ပို့ပြီးပါပြီရှင်။ All Mail, Spam Mail, Important Mail ၃ နေရာလုံး စစ်ပေးပါရှင့်။

Q & A Session နဲ့ဆိုရင် ကြေညာထားတဲ့အတိုင်း ည ၈ နာရီမပြီးနိုင်ပါဘူးတဲ့။ အဲဒါလေးကိုလည်း ပြင်ဆင်ထားစေချင်ပါတယ်။ မကြာခဏ လေ့လာခွင့်ရမယ့် Topic မျိုးမဟုတ်တဲ့အတွက် တီချယ်တို့ကို အပြီးထိ နေစေချင်ပါတယ်ရှင်။

📌 Mail Delivery Error ပြန်လာတဲ့သူတွေကို ဖုန်းနဲ့မက်ဆေ့ပို့ခိုင်းထားပါတယ်။ Registration လုပ်ထားပြီး ဘာမှမရသေးသူများ ကျောင်းနာမည်နဲ့အတူ Messenger မှာ စာပို့ပေးပါရှင့်။

========

ဘေးအန္တရာယ်လို့ပြောတဲ့အခါ ငလျင်၊ မုန်တိုင်း၊ ရေကြီး၊ မီးလောင် စသဖြင့် အမျိုးမျိုးရှိပါတယ်။ အရှေ့မှာလည်း တခြားအရာတွေ မြင်ခဲ့၊ ကြားခဲ့၊ ကြုံခဲ့ရပေမဲ့ ဒီတစ်ကြိမ်မှာတော့ အနာကျင်ဆုံးပါပဲ။

အဲဒါကြောင့် သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဖြစ်တဲ့ ဦးအောင်ကျော်စိုး (Disaster Risk Reduction (DRR) and Resilience Specialist) ကို ပညာပေး Session လေးတစ်ခု လုပ်ပေးဖို့ တောင်းဆိုပြီး စီစဉ်ထားပါတယ်။

ထူးခြားချက်ကတော့ မူကြိုဆရာ/ဆရာမတွေကိုသာ ဦးစားပေးတက်ခွင့်ပေးမှာ ဖြစ်ပါတယ်။ ကျမတို့လို မူကြိုဆရာ/ဆရာမတွေအနေနဲ့ ကျမတို့ရဲ့စောင့်ရှောက်မှုအောက်မှာရှိတဲ့ ကလေးလေးတွေကို အရေးပေါ်အခြေအနေမှာ ဘယ်လိုစောင့်ရှောက် ကာကွယ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တာတွေ၊ လိုက်နာရမှာတွေ၊ သင်ကြားထားရမှာတွေ သိထားကြဖို့ဖြစ်ပါတယ်။ ပညာပေး Session အပြီးမှာ ကျောင်းမှာကပ်ထားဖို့ လိုအပ်တဲ့ ပိုစတာတွေ၊ ပန်းဖလက်တွေကိုလည်း email ပို့ပေးမှာဖြစ်ပါတယ်။

🗓️ 5 April 2025 (Saturday)
⏰ 6:00 PM to 8:00 PM
🖥️ Zoom (Only 100 Participants)
🎟️ Free

တက်ရောက်လိုသူများက Google Form ဖြည့်ပေးပါရှင်။ မူကြိုဆရာ/ဆရာမများကိုသာ ဦးစားပေးမှာမို့ ဒါတွေဖြည့်ခိုင်းရခြင်း ဖြစ်ပါတယ်။ တစ်ကျောင်းကို ဆရာ/ဆရာမ ၂ ယောက် အများဆုံးတက်ခွင့်ရှိပါတယ်။ Founder (သို့မဟုတ်) Principal (သို့မဟုတ်) Lead/Main Teacher တစ်ယောက် မဖြစ်မနေ တက်ပေးပါရှင်။ ကျောင်းတစ်ကျောင်းကို တစ်ယောက်စာရင်းသွင်းပေးရင် ရပါတယ်။

Google Form - https://docs.google.com/forms/d/1jBOgcQbM_gOpIwoKJqASj0xhvrP34S_PpeTWFosL-D4/

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thaketa
Yangon