Prevent Plastics+

Prevent Plastics+

Share

EU-funded project with the overall objective to promote Sustainable Consumption & Production Patterns

Photos from Prevent Plastics+'s post 13/10/2025

YEAH Vol. 4 ရဲ့ ပထမ အစ

ယနေ့ အောက်တိုဘာလ 13ရက်နေ့မှာတော့
လေးကြိမ်မြောက်ပြန်လည်ရောက်ရှိလာတဲ့ Youth for Environmental Action and Hope - YEAH Programme ရဲ့ Volume 4၏ ပထမအစ ခြေလှမ်းသစ်ဖြစ်တဲ့ Orientation Event ကို ဟေရမုန် - Urban Organic Farm မှာ ပြုလုပ်ခဲ့ကြပါတယ်။
YEAH ကတော့ မြန်မာနိုင်ငံရှိ လူငယ်များအား သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ အသိပညာပေးနိုင်ရန် နဲ့ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် Thant Myanmar နဲ့ Prevent Plastics+ တို့ရဲ့ ပူးပေါင်းဆောင်ရွက် ဖော်ဆောင်တာဖြစ်ပါတယ်။
ဒီ (၄) လတာ ပရိုဂရမ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများစွာကို ကဏ္ဍပေါင်းစုံက လွှမ်းခြုံထားပြီး လူငယ်တွေမှ ကောင်းမွန်သော အပြောင်းအလဲအတွက် စိတ်အားထက်သန်စွာ ပါဝင်စေဖို့ ရည်ရွယ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေအပါ် သတိရှိစေလာဖို့သာမက ခေါင်းဆောင်မှုစွမ်းရည်ရှိ လူငယ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် YEAH မှတဆင့် မိမိဝန်းကျင်နဲ့ ကမ္ဘာမြေအတွက် ပိုမိုတောက်ပသောအနာဂတ်ကို ဖန်တီးနိုင်ဖို့ ပံ့ပိုးပေးသွားမှာပါ။
မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လူငယ် (၂၅) ဦး ပါဝင်သွားမှာဖြစ်ပြီး ဝေးဝေး၊ နီးနီး လူငယ်တိုင်း ပါဝင်နိုင်စေဖို့ ပရိုဂရမ်ရဲ့ သင်ကြားမှုပုံစံဟာ အွန်လိုင်းနဲ့ရော စာသင်ခန်းတွင်း သင်ကြားမှုနဲ့ပါ ပါဝင်သွားမှာပါ။
ယခု ပြုလုပ်ခဲ့တဲ့ Orientation Event မှာတော့
ဟေရမုန် - Urban Organic Farm မှ ဆရာ Luke မှ Mud House - ရွှံ့အိမ်လုပ်နည်းကို သေချာပြသသင်ကြားပေးခဲ့ပြီး YEAH 4 In-person delegates များမှလည်း ထိုActivityကို ပျော်ရွှင်စွာတက်ညီလက်ညီ ကြိုးကြိုးစားစား လုပ်ခဲ့ကြပါတယ်။ Onlineမှ YEAH delegatesများအနေနဲ့လည်း ကိုယ်ပိုင်တီထွင်ဖန်တီးမှုဖြင့် လက်မှု နှင့် Upcycling Craft ပစ္စည်းလေးများကို ဖန်တီးခဲ့ကြပါတယ်။
ဒါအပြင် YEAH ရဲ့ ပထမဆုံး ခေါင်းစဉ်ဖြစ်တဲ့ “How to Become an Environmentalist” ကို Thant Myanmar ရဲ့ Program Director Mr. Friedor Jeske ကနေ ပြောပြပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုများကို ဖော်ဆောင်ရာမှာ အရေးပါတဲ့ ကိုယ်တွေ့ ကိစ္စရပ်များနဲ့ အတွေ့အကြုံများစွာကို မျှဝေပေးခဲ့ပါတယ်။

Prevent Plastics+ ရဲ့ Team Leader ဖြစ်တဲ့ Mr. Daniel Mista မှလည်း ပရိုဂရမ်အကြောင်းနဲ့ ပါဝင်တဲ့ ကဏ္ဍများကို ရှင်းပြပေးခဲ့ပါတယ်။
ဒါ့အပြင် YEAH Delegates အချင်းချင်း ပိုမိုရင်းနှီးစေဖို့ မိတ်ဆက်နဲ့ ဂိမ်းအစီအစဉ်များ ပြုလုပ်ခဲ့ပါသေးတယ်။

YEAH 4 ရဲ့ Delegates လူငယ်များကလည်း သဘာဝပတ်ဝန်းကျင်အရေး တက်တက်ကြွကြွ ဆောင်ရွက်သွားဖို့ စိတ်လှုပ်ရှားနေကြပါပြီ။

Today, on October 13th, the first new step of the fourth iteration of the Youth for Environmental Action and Hope (YEAH) Programme the Orientation Event of Volume 4 was successfully held at Heramone - Urban Organic Farm.
YEAH is a collaboration between Thant Myanmar and Prevent Plastics+, designed to provide Myanmar's youth with environmental and sustainability knowledge and practical skills.
YEAH's mission is to equip the youth with the skills and knowledge to actively contribute to sustainable development. Our comprehensive curriculum covers a wide range of environmental topics, fostering a deep passion for conservation and positive change.
By nurturing environmentally conscious and empowered youth, YEAH aims to create a brighter future for Myanmar and the planet. We instill purpose and provide practical tools for young people to make a meaningful impact on environmental issues.
We're excited that the programme will commence in a hybrid style, enabling 25 youths from across Myanmar to participate.

Here's a glimpse of our orientation activities:
Instructor Luke from Heramone - Urban Organic Farm thoroughly demonstrated how to build a Mud House, and the YEAH 4 in-person delegates also worked together happily and diligently on this activity.
Online YEAH delegates also creatively made handicrafts and upcycling craft items through their own innovations.
Welcome Remark by Mr. Daniel Mista, Team Leader at Prevent Plastics+, inspiring youth to become change-makers for the environment through this programme.
The First Class: "How to Become an Environmentalist" by Mr. Friedor Jeske, Thant Myanmar, marking the beginning of our environmental leadership journey.
Stay tuned for more updates and inspirational moments as we embark on this transformative journey!
European Union in Myanmar EU SWITCH-Asia Programme

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


56, M1 Thiri Marlar Street
Yangon
11061