ARA Academy

ARA Academy

Share

ARA and FEFU

17/04/2026

✨️ ပါဠိဘာသာ "သင်္ကန္တ" နှင့် သက္ကတဘာသာ "သင်္ကြန္တ" ကနေ ဆင်းသက်လာပြီး "ကူးပြောင်းခြင်း" လို့ အဓိပ္ပာယ်ရပြီး မြန်မာလိုတော့ သင်္ကြန်လို့ ခေါ်တဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းတဲ့ အထိမ်းအမှတ်အနေနဲ့ သင်္ကြန်ပွဲတော်ကို မြန်မာပြက္ခဒိန်ရဲ့ ပထမဆုံးလဖြစ်တဲ့ တန်ခူးလမှရှေးယခင် မြန်မာဘုရင်များလက်ထက်ကတည်းက ကျင်းပခဲ့ပါတယ်။

✨️ ဒဏ္ဍာရီအရ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ အလောင်းအစားပြုရာတွင် ဗြဟ္မာမင်းရှုံးပြီး ဦးခေါင်းဖြတ်ခြင်း ခံရတဲ့အတွက် ထိုဦးခေါင်းကြီး မြေသို့ကျလျှင် မီးလောင်မည်၊ ရေထဲကျလျှင် ပင်လယ်ရေခမ်းမည် လို့ဆိုတဲ့အတွက် နတ်သမီး ၇ ဖော်က တစ်ဦးလျှင် တစ်နှစ်စီ အလှည့်ကျ ထိန်းသိမ်းဖို့တာဝန်ပေးခံရပြီး တစ်ဦးမှ တစ်ဦးသို့ အလွှဲအပြောင်းပြုလုပ်တဲ့ အချိန်ကို "သင်္ကြန်" လို့ သတ်မှတ်တယ်လို့လဲဆိုကြပါတယ်။

✨️ နေသွားလမ်းနှင့် ရာသီခွင်တို့အပေါ် မူတည်ပြီး မိဿရာသီမှ စတင်တဲ့ နေမင်းရဲ့ လှည့်ပတ်မှုလမ်းကြောင်း တစ်ပတ်ပြည့်လို့ မိန်ရာသီမှ မိဿရာသီသို့ ပြန်လည်ဝင်ရောက်တဲ့ အချိန်ကို သင်္ကြန်ကျတယ်ဆိုပြီးတော့လဲ သူရိယသိဒ္ဓန္တကျမ်းအလိုအရ သတ်မှတ်ကြပြန်ပါတယ်။

✨️ ဘယ်လိုဘဲ သတ်မှတ်သည်ဖြစ်စေ မြန်မာနိုင်ငံမှာတော့

🔸️ နှစ်ဟောင်းက အညစ်အကြေးတွေ စင်ကြယ်စေဖို့နဲ့ နှစ်သစ်မှာ အေးချမ်းစေဖို့ ရည်ရွယ်ပြီး တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းခြင်း
🔸️ ကုသိုလ်ရေးအနေနဲ့ လူကြီးမိဘများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ သတ္တဝါတွေကို ဘေးမဲ့ လွှတ်ခြင်းနှင့် (စတုဒိသာ)ကျွေးမွေးခြင်း
🔸️ ဘာသာရေးအနေနဲ့ ဘုရားကျောင်းကန်များတွင် သီဆောက်တည်ခြင်း၊ တရားဘာဝနာ ပွားများခြင်း စတာ​တွေ ပြုလုပ်ကြပါတယ်။

✨️ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို ရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီထံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ညီလာခံက “မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းကြောင်းတရားဝင် ဆုံးဖြတ်အတည်ပြုကြေညာခဲ့သည်။

✨️ ဒါကြောင့်မို့လို့ သင်္ကြန်ပွဲတော်ဆိုတာ မကောင်းမှုများ သန့်စင်သွားအောင် ရည်ရွယ်ပြီး ရေဖြန်းပက် ကြသလို နှစ်ဆန်းတစ်ရက်နေ့မှာလဲ အလှူအတန်း နှင့် ကုသိုလ်ပြုလုပ်ကြတဲ့ မြန်မာတို့အတွက်ဂုဏ်ယူစရာကောင်းတဲ့ ယဉ်ကျေးမှု့အမွေအနှစ်ဆိုင်ရာ ပွဲတော်တစ်ခုဖြစ်ပါတယ်။

11/04/2026

မြန်မာရိုးရာ အတာသင်္ကြန်ရုံးပိတ်ရက်အ​နေဖြင့် (၁၁) ရက် (၄) လ (၂၀၂၆) ခုနှစ်မှ - (၁၉) ရက် (၄) လ (၂၀၂၆) ခုနှစ် အထိ ARA Academy ၏ သင်တန်းများနှင့် ဝန်​ဆောင်မှုများ အားလုံးကို ​ခေတ္တခဏ ရပ်နားထား မည်ဖြစ်ပါကြောင်း ခင်မင်​လေးစားစွာ အသိ​ပေးအပ်ပါသည်။

19/03/2026

စာသင်​နေစဥ် အိပ်မငိုက်ရ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 20332, Sit Taung Street, Mingalar Dipa Ward, Pobba Thiri Township, Nay Pyi Taw
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00