Federal Defence Force Comrades - FDFC

Federal Defence Force Comrades - FDFC

Share

"Building a Federal Democratic Union is Our Political Goal." "ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုတည်ဆောက်ရေးသည်ကျွန်ုပ်တို့၏နိုင်ငံရေးရည်မှန်းချက် ဖြစ်သည်။"

23/08/2023

ထီးချိုင့်နယ်တိုက်ပွဲအတွင်း စကစ စစ်​ကြောင်းမှူး​သေဆုံး၊ တပ်ခွဲမှူး တစ်ဦးအရှင်အဖမ်းမိ။

ဩဂုတ်၊ ၂၃၊ ၂၀၂၃

ထီးချိုင့်မြို့နယ်ကွင်းကြီးရွာအနီး ရောက်ရှိလာသည့် အင်
အား ၆၀ ခန့်ရှိ​သောစစ်တပ်ကြောင်းကို ဩဂုတ်လ ၂၀
ရက် နှင့် ဩဂုတ်လ ၂၁ ရက်တွင်KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့ကာ စစ်ကြောင်းမှူးတစ်ဦးသေဆုံးပြီး၊ တပ်ခွဲမှူးတစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း သတင်းရရှိပါသည်။

ဩဂုတ်လ၂၁ရက်ကတိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟု သိရသည်။ထိုစစ်ကြောင်းသည် ကွင်းကြီးရွာနှင့် တဆက်တည်းဖြစ်သော ကျောက်မှော်ရွာသို့ ရောက်ရှိလာပြီး ဒေသခံ လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၁၀ရက်ခန့်မှစတင်ကာ ထီးချိုင့်မြို့နယ်အတွင်း အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးခြင်းဖြစ်သည်။ ယခုအခါ စစ်​ကြောင်းတွင် ၃၀ဦးခန့်သာ ကျန်တော့ပြီး ၁၅ ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်ဟု​ ရှေ့တန်းသတင်းရင်းမြစ်က​ပြောသည်။

Photo : ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့။

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Address


No. 1947, Federal Union Ward, CDM Road
Yangon
0095