OHOO

OHOO

Share

OHOO Othopedic & Body Aids
ကျန်းမာရေးအထောက်အကူပြုပစ္စည်းများဆက်သွယ်မှာယူနိုင်ပါပြီ။

14/12/2025

ဆောင်းတွင်းမှာ အရိုးအဆစ်ကိုက်တာ သက်သာစေဖို့ နည်းလမ်းများ

❄️ဆောင်းတွင်းရောက်ပြီဆို အဆစ်နာဝေဒနာ ရှိသူတွေက နာကျင်ကိုက်ခဲတာတွေ ပိုပြီးခံစားရတတ်ပါတယ်။

🟢 ရာသီဥတု ကြွက်သားတောင့်တင်းတာ၊ လေထုဖိအား အပြောင်းအလဲတွေကြောင့် အဆစ်တွေမှာ ဖိအားသက်ရောက်မှုရှိပြီး နာကျင်ကိုက်ခဲတာတွေ ပိုဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမယ့် တော်တော်များများကတော့ ဆောင်းရာသီဆို ပိုပြီး နာကျင်ကိုက်ခဲတတ်ပါတယ်။

💁‍♀️ဒါကြောင့် ဆောင်းတွင်းမှာ အရိုးအဆစ်ကိုက်တာ သက်သာဖို့ဆိုရင်

💚နွေးနွေးထွေးထွေး နေပါ။

ရာသီဥတုနဲ့ ကိုယ့်ရဲ့ အအေးဒဏ် ခံနိုင်မှုပေါ် မူတည်ပြီး နွေးနွေးထွေးထွေး ဝတ်ဆင်ပါ။ ခြေအိတ်၊ ဒူးစွပ် လိုအပ်သလို ဝတ်ဆင်ပါ။

💚လှုပ်လှုပ်ရှားရှားနေပါ။

အေးလို့ဆိုပြီး ကွေးမနေဘဲ တတ်နိုင်သလောက် လှုပ်ရှားမှု ပြုလုပ်ပါ။ မလှုပ်ရှားတဲ့အခါ ကြွက်သားနဲ့ အဆစ်တွေ တောင့်တင်းပြီး ပိုပြီးနာကျင်တတ်ပါတယ်။

💚ကိုယ်အလေးချိန် ထိန်းပါ။

အေးတဲ့အတွက် လှုပ်ရှားမှုမရှိတာကြောင့် ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ ကိုယ်အလေးချိန်တက်ရင် အဆစ်နာတာ ပိုဆိုးတတ်တာကြောင့် ကိုယ်အလေးချိန်မတက်အောင် ထိန်းဖို့ လိုပါတယ်။

💚အရိုးအဆစ်နာတာကို ကုသပါ။

အရိုးအဆစ်နာတဲ့အခါ ရေနွေးအိတ်ကပ်ပါ။ လိမ်းဆေးလိမ်းပါ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးသောက်ပါ။

💚နေရောင်ခြည် ခံယူပါ။

နေရောင်ခြည် ထိပါ။ မနက်ခင်းနေရောင်ခြည်အောက်မှာ လေ့ကျင့်ခန်း လုပ်ပါ။ ဗီတာမင်ဒီ ပြည့်ဝသလို အရိုးအဆစ်နဲ့ ကြွက်သားနာကျင်တာကို သက်သာစေပါတယ်။

👉ဒါကတော့ ဆောင်းရာသီမှာ အဆစ်အမြစ်ကိုက်တတ်သူတွေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီနည်းတွေနဲ့ ‌ဆောင်းရာသီကို ကိုက်ခဲမှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်ကြပါစေနော်။

👉👉𝗢𝗛𝗢𝗢 အမှတ်တံဆိပ်ကျန်းမာရေး ပစ္စည်းများ အကြောင်း အသေးစိတ်သိရှိလိုပါက......
💭𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှဖြစ်စေ၊ ☎️𝟬𝟵 𝟱𝟬𝟯 𝟳𝟴𝟭 𝟯 ၊ 𝟬𝟵 𝟰𝟮𝟬 𝟬𝟮𝟳 𝟮𝟴𝟱 ၊ 𝟬𝟵 𝟵𝟱𝟮 𝟮𝟯𝟱 𝟰𝟮𝟭သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🏡ဆက်သွယ်ရန်
လိပ်စာ .အမှတ်(၂၂၃/၁)ဒေါင်းမင်းလမ်း၊ ၁၄/၂ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon