Alternative Paces

Alternative Paces

Share

The Everything Page

Photos from MV Fan's post 30/03/2025

14/10/2024

Tesla ရဲ့ We, Robot eventက အဓိကအားဖြင့်ဆိုရမယ်ဆိုရင် အနာဂတ်မှာ ဆန်းသစ်တဲ့နည်းပညာတွေနဲ့တည်ဆောက်ဖန်တီးထားတဲ့ အလိုအလျောက်စနစ်တွေနဲ့ချည်း လည်ပတ်သွားတော့မှာဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့eventတစ်ခုပဲဖြစ်ပါတယ်။
Tesla We, Robot eventကနေချပြလိုက်တဲ့
Teslaရဲ့ နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုတွေထဲက
စိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့လူတော်တောိများများရဲ့ အာရုံကိုဖမ်းစားလိုက်နိုင်ခဲ့တဲ့

🤖 Tesla Optimus Robot အကြောင်းကို ကြည့်လိုက်ရ‌အောင်ပါ။

🔷တန်ဖိုးကတော့ ဒေါ်လာ$20,000 နဲ့ $30,000 ကြားရှိမယ်လို့သိရပါတယ်။

🔷Elon Muskက‌တော့ ဘာမဆိုလုပ်နိုင်တယ်ဆိုပြီးတော့ တပြောပြော ပါပဲ။ အိမ်ကိစ္စ ကလေးထိန်းတာတွေ ကနေစပြီး အ‌ခြေခံအလုပ်တွေကို လုပ်ပေးနိုင်မှာဖြစ်ပါတယ်တဲ့။

🔷event ကထွက်လာတဲ့ video အပိုင်းအစလေး‌တွေအရတော့ Optimus ကတော့ ကျောက်တုံး ကတ်ကြေး လက်ဝါး ကစားတာရော၊ အအေးစပ်တာတွေရော၊ သီချင်းဆိုတာတွေရော၊ လူတွေနဲ့တရင်းတနှီးပြောဆိုသွားနိုင်တာတွေ ကိုပါ တွေ့ရတာဖြစ်ပါတယ်။

🔷Optimus စက်ရုပ်တွေရဲ့ လှုပ်ရှားမှု movementsတွေကို တော့ အဝေးကနေ လူ၀န်ထမ်းတွေက အတိုင်းအတာတစ်ခုအထိတော့ ထိန်းချုပ်ထားပါသေးတယ်။ (ဒါပေမယ့် eventမှာလာတဲ့လူ‌
တွေကို စက်ရုပ်ရဲ့လှုပ်ရှားသွားလာပြောဆိုနေပုံတွေအရတော့ တကယ့်ကိုချီးကျူးဖွယ်ရာပါပဲလို့ ဆိုရပါမယ်)

🔷AI ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတော့ ချင့်ချိန်ကိုင်တွယ်ရမှာဖြစ်တယ်လို့တော့ Elonက သတိပေးပြောကြားသွားပါတတ်။

🔷2025ခုနှစ်အတွင်းမှာတော့ ဈေးကွက်ထဲရောက်ရှိနိုင်အောင် ကြိုစားနေပါတယ်လို့ဆိုပါတယ်။

Adminတို့ ရုပ်ရှင်‌ေတွထဲမှာသာ‌တွေ့နေရတဲ့ ဆန်းကြယ်ခေတ်မီတဲ့ အနာဂတ်ကြီးကတော့ Adminတို့ မျှော်မှန်းထားတာထက် ပိုပြီးနီးကပ်လို့တောင် လာနေပါပြီ။ Teslaရဲ့ဆန်းသစ်တီထွင်နိုင်မှုတွေကို ဆက်လက်စောင့်မျှော်ကြည့်ရအောင်ပါ။

📖 စာရေးဆရာ Walter Isaacson ရေးသားထားတဲ့ Elon ရဲ့ biography စာအုပ်ကိုဖတ်ဖူးထားသူဆိုရင်တော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက Optimusထုတ်လုပ်နိုင်မှုအပေါ် ကြိုးကြိုးစားစား ဆောင်ရွက်နေခဲ့ကြတယ် ဆိုတာသိနှင့်ပြီး ဖြစ်မှာပါ။

မင်းသားကြီး Will Smith ရိုက်ကူးထားဖူးတဲ့ I, Robot ဆို‌တဲ့ ရုပ်ရှင်နာမည်ကို inspire ယူပြီး Teslaရဲ့ ဒီ event name ကိုလည်း We, Robot ဆိုပြီး ပေးထားတာပဲဖြစ်ပါတယ်။
📸 - X



#နည်းပညာ
#နည်းပညာ၏အနာဂတ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon