Golden K
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden K, Ticket sales, Yangon.
05/02/2024
ကားအောက်ပိုင်းက မြည်သံတွေ
1. စတီယာရင်အကွေ့တွေမှာ
ရှေ့ဘီးတွေက "တောက်တောက်"
မြည်တာဒူးဆစ်အသံပါ
2. 50-60 km/h မှာ
"လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင်
Hub Ball ပဲ။
3. ဘရိတ်နင်းရင်"တောက်တောက်"
မြည်တာက ဘရိတ်ရှုးချောင်နေတာ
( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။
4. ဘရိတ်မှေးထားတဲ့အချိန်
စထွက်တဲ့အချိန် တကျွီကျွီ
မြည်တာက ဘရိတ်ရှုးအသားနဲ့
ဒရမ်မျက်နှာပြင်ကြောင့်။
5. ကားဘယ်ညာယိမ်းတဲ့အချိန်
တဂျောက်ဂျောက်မြည်တဲ့အသံက
လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ်
( အသံတော်တော်ဆိုးတယ် )။
6. အောက်ပိုင်းက ကလုတ်ကလုတ်
အသံထွက်နေတယ်၊
ဘရိတ်မှေးထားရင်
ပျောက်တယ်ဆိုတာက
ဘရိတ်ပင်ချောင်နေတာ။
7. ကားကအရှိန်တစ်ခု
ရောက်လာချိန်မှာ
တစ်စီးလုံးတုန်လာတာ၊
ရှေ့ယက်ကားတွေမှာဆိုရင်
အတွင်းဒူးဆစ်ခွက်တွေ
စားနေတာကြောင့်
အဖြစ်များတယ်။
8. စတီယာရင်ဂန်းဘွတ်စားနေရင်
ညာမောင်းဆိုရင်
ဘယ်ဘက်က
ဂန်းရှပ်ဖ် ရိုက်သံကြားရ၊
ဘယ်မောင်းဆို ညာဘက်က
ကြားရတယ်။
9. ချိုင့်ထဲကျတိုင်း
တဒုန်းဒုန်းတဒိုင်းဒိုင်း
ဖြစ်နေတာကတော့
ရှော့ဘားတွေ
ထောက်တန်းဘွတ်တွေ
ရှော့ဘားအထိုင်တွေ
မကောင်းတာကြောင့်
ဖြစ်တတ်ပါတယ်။
10. စတီယာရင်လှည့်တိုင်း
ညီးသံထွက်နေတာကတော့
ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။
11. တိုင်းရော့၊ မိန်းလုံး၊
ဘောဂျွိုင်းအသံတွေ
မြည်နေတာကတော့
ဒီအတိုင်းခွဲရခက်တယ်
ဘီးဖြုတ်စစ်ကြည့်ရင်တော့
သိသာပါတယ်။
သာယာငြိမ့်ညောင်းစွာ
ကားမောင်းနိုင်ကြပါစေဗျာ။
#မူရင်းရေးသားသူအားcreditပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျား # #အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား # # #
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon