Kyi Thar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyi Thar, DJ, Yangon.
ဘဝမှာ -
[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။
[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။
[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။
[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။
[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။
[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။
[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }
[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။
[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။
[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။
[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }
[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }
[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။ ။
{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ } 🚩
- Burmese Duwon
19/01/2025
အိပ်ယာကို ထချင်တဲ့ အချိန်မှ
ထနိုင်ဖို့ အတွက် ...
မထချင်ဘဲ ကြိတ်မှိတ်ပြီး
ထခဲ့ရတဲ့ နေ့တွေကို အရင်
ဖြတ်ကျော် ရတတ်တယ်။
စားချင်တာကို စျေးမကြည့်ဘဲ
ဝယ်စားနိုင်ဖို့ အတွက် ...
စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့
နေ့တွေကို အရင်ဖြတ်ကျော်ရတတ်တယ်။
သွားချင်တဲ့ ခရီးကို ချက်ချင်း
ထသွားနိုင်ဖို့အတွက် ...
သွားချင်ရဲ့နဲ့ ကြိတ်မှိတ်ပြီး
အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
အရင် ဖြတ်ကျော်ရတတ်တယ်။
" ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ဖို့
ကိုယ် မလုပ်ချင်တာတွေကို
အရင်လုပ်ပြီး ပေးဆပ်ရတာ
လောကသဘာဝပဲ။ "
အခု " အသာစံပြီး "
နောက်မှ " အပင်ပန်းခံ " မလား။
ဒါမှမဟုတ် ..
အခု " အပင်ပန်းခံပြီး "
နောက်ပိုင်းမှာ " အသာစံ " ချင် တာလား။
သင်စိုက်တဲ့အတိုင်း သင်ရိတ်ရမှာမို့
အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ။ ✅
14/01/2025
သူများထက် ခြေတလှမ်း ပိုသာချင်တယ်ဆိုရင်
⛳️သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~
⛳️သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~
⛳️သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~
⛳️သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~
⛳️သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~
⛳️သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~
⛳️သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~
⛳️သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~
⛳️သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
⛳️အားမလျော့ပါနဲ့
လွယ်တယ်ခက်တယ်ဆိုတာ
အခြေအနေတခုပါ
ကိုယ်မပိုင်ပါဘူး...
⛳️ကိုယ်ပိုင်တဲ့
ကြိုးစားအားထုတ်မှုသာ အားကိုးပါ...
ဘယ်သူကောင်းတယ်မကောင်းတယ်ဆိုတာ
သူတို့ရဲ့ပုံရိပ်တွေပါ
ကိုယ်မပိုင်ပါဘူး
ကိုယ်ပိုင်တဲ့ဘဝသာ ကောင်းပါစေ...
⛳️ရွေးချယ်ခွင့်မရှိတဲ့အခြေအနေတွေရယ်
မပိုင်တဲ့ တပါးသူတွေရယ်
ဘယ်တော့မှ ပြုပြင်ဖို့မကြိုးစားပါနဲ့
မိမိကိုယ်သာ
အကောင်းဆုံး ဘဝနေထိုင်တတ်အောင်ကြိုးစားပါ...
ဌက်တကောင်ရဲ့အမြင့်မှာနေတာ
သစ်ကိုင်းကြောင့်မဟုတ်ပါဘူး
သူရဲ့တောင်ပံစွမ်းအားပါ
ကျနော်တို့ရဲ့ အမြင့်ရောက်နိုင်စွမ်းက
မှီခိုရာအမြင့်နေရာက လူပုဂ္ဂိုလ်တွေ
မဟုတ်ပါဘူး
ကျနော်တို့ရဲ့
အတွေးအခေါ်နဲ့ကြိုးစားအားထုတ်မှု
တောင်ပံတွေပါ...
⛳️ကြေကွဲလို့ရတယ်
၀မျးနညျးလို့ရတယျ
နာကျင်လို့ရတယ်
ထိခိုက်လို့ရတယ်
ပြိုလဲလို့လည်းရတယ်
အော်ငိုမယ်ဆိုလည်းအဆင်ပြေတယ်
⛳️ဒါပေမယ့်
မင်း ကျရှုံးသွားလို့တော့မရဘူး
ဘာလို့လဲဆိုတော့
⛳️မင်းကိုမုန်းတဲ့သူတွေ
ရှိနေသေးတယ်။
မင်းကိုမနာလိုတဲ့သူတွေ
ရှိနေသေးတယ်။
မင်းကိုတိုက်ခိုက်မယ့်သူတွေ
ရှိနေသေးတယ်။
မင်းအကြောင်းမကောင်းပြောမယ့်သူတွေ
ရှိနေသေးတယ်။
မင်းဟာကွက်ကိုအလစ်ချောင်းနေတဲ့သူတွေ
ရှိနေသေးတယ်။
မင်းကျရှုံးတာကိုလက်ခုပ်တီးပြီး
လှောင်ကြမယ့်သူတွေ ရှိနေသေးတယ်
⛳️အဲ့တာကြောင့်
ဘယ်တော့မှမကျရှုံးစေနဲ့
မရရအောင်ပြန်ထ
မင်း ဇ ရှိသလောက်
အောင်မြင်ပြလိုက်စမ်းပါ
#လူငယ်တွေအောင်မြင်ဖို့
⛳️ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါ
ရည်မှန်းချက်နဲ့ ကြိုးစားမယ်။
မဖြစ်ချင်ချင်တာတွေ ဖြစ်နေရတဲ့အခါ
သည်းခံစိတ်နဲ့ ဆက်လျှောက်မယ်။
ဘာအတွက်နဲ့မှ စိတ်ကို
အလေလွင့် အဆုံးရှုံးမခံနဲ့။
တစ်ချို့အရာတွေက ကံနဲ့ဆိုင်သလို
တစ်ချို့အရာတွေက အားထုတ်မှု အနည်းအများနဲ့ ဆိုင်တယ်။
လုပ်ပိုင်ခွင့်ရတဲ့အချိန်မှာ
အကောင်းဆုံး ကြိုးစားခဲ့ရင်
ဘယ်လိုရလဒ်အတွက်ကြောင့်မှ
နောင်တရစရာ မလိုပါဘူး။
⛳️အိပ်မက်တွေက ဈေးကြီးတယ်။
တတ်နိုင်သလောက် နည်းနည်းချင်း စုသွားရင်တော့
တစ်နေ့မှာ အိပ်မက်အကောင်းစားကြီးတစ်ခုကို
လက်ဝယ်ပိုင်ပိုင် ရရှိမှာပါ။
⛳️မကြိုးစားဘဲနဲ့ ညည်းငြူနေတာဟာ
လူညံ့လူဖျင်းတွေ လုပ်နေကျအလုပ်ပါ။
မျှော်လင့်ချက်တွေ အရောင်မမှိန်သ၍
ငါတို့မှာ တောက်ပတဲ့အနာဂတ်တွေ ရှိတယ်။
လဲကျရင် ပြန်ထမယ်။
ထို၊းနှက်ရင် သည်းခံမယ်။
နှေးရင် နှေးပါစေ။
ရပ်မနေဖို့သာ အရေးကြီးတာပါ။
⛳️ဆက်လျှောက်နေသ၍
ပန်းတိုင်သွားတဲ့လမ်း မပျောက်ပါဘူး။
တစ်နေ့ရောက်ဖို့ လျှောက်နေဖို့ပဲ လိုပါတယ်။
အကောင်းမြင်စိတ်နဲ့ရှင်သန်ပါ
ကြိုးစားချိန်မှာ ကျရှုံးမှာမကြောက်ပါနဲ့
🙏မြန်မာပြည်ဖွား လူငယ်များစွာ ကြီးပွားတိုးတက်ပါစေ🙏
🧘♀️🧘♂️🧘♀️🧘♂️🧘♀️🧘♂️🧘♀️🧘♂️🧘♀️🧘♂️
အားလပ်ချိန်လေးမှာ လေ့လာဖတ်ရှုမိသော
စာပေအနှစ်ချုပ် Essence များကို
ပြန်လည် မျှဝေပေးခြင်းသာ။
ဒီစာဖတ်ပြီး ဘ၀အတွက် တစ်ခုခုရလိုက်တယ်ဆိုရင်
သူငယ်ချင်း မိတ်ရွှေများပါ သိရအောင်
Share ပေးလိုက်ပါဦးခင်ဗျာ။ ကျေးဇူးပါ။
🙏 အောင်မြင်ပျော်ရွှင်နိုင်ပါစေ ခင်ဗျာ 🙏
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon