Lighthousepropertyservices
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lighthousepropertyservices, Estate agents, Yangon.
07/01/2020
အမည်ပေါက်အခွန်ဆောင်ထားသောကားကို ပြန်ရောင်းမယ်ဆိုလျှင်
အမည်ပေါက်အခွန်ဆောင်ထားသောကားကို ပြန်ရောင်းမယ်ဆိုလျှင်ဘာတွေပြင်ဆင်ထားရမလဲ
(၁) ကားပြန်ရောင်းတာနဲ့ အခွန်ရုံးကိုသတင်းပို့ဖို့ပြင်ပါ။
(၂) အခွန်စိမ်းကို ဝယ်သူကို မပေးလိုက်ပါနဲ့(အခွန်ရုံးကိုပြရမှာမို့)
(၃) စာချုပ်ချုပ်ထားပါ။(အခွန်ရုံးကိုပြရမှာမို့)
(၄) ကားအုံနာဘုတ်နဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ၃ စုံ ကူးထားပါ။(အခွန်ရုံးကိုပြရမှာမို့)
(၅) ကားဓာတ်ပုံရှေ့နောက်ဝဲ ဓာတ်ပုံရိုက်ထားပီးထုတ်ထားပါ။(အခွန်ရုံးကိုပြရမှာမို့)
(၆) အားလုံးစုံလျင် အခွန်ရုံးသွားပီး ရောင်းချပြီးကြောင်း သွားတင်ပြပါ။ အခွန်ရုံးမှ ဝင(၈) အခွန်လွတ်စာရွက်ထုတ်ပေးပါလိမ့်မယ်။
(၇) နောက်ကားတစ်စီးဝယ်လျင် အခွန်ရုံးမှ ထုတ်ထားသော ဝင(၈) အားပြလိုက်လျှင် အခွန်မပေးဆောင်ရတော့ဘဲ မိမိအမည်သို့ အလွယ်တစ်ကူပြောင်းလို့ရပါမည်။
(၈) ကားစျေးအတက် အကျကြောင့် တန်ဘိုးဖြတ်နှုန်းထား တိုးလာလျင် မြတ်စွန်းခဲ့ပါက အမြတ်ခွန်ပေးဆောင်ရပါမည်။
(၉) ငွေဖြူထုတ်ရာတွင် အဆင်မပြေမှု့၊ ခက်ခဲမှုရှိပါက ပြည်တွင်းအခွန် (ရုံးချုပ်) နေပြည်တော်သို့တိုက်ရိုက်တိုင်ကြားပါ။
(၁၀) ပြီးခဲ့တဲ့နှစ်က သိန်းတစ်ရာတန်ကားကို (3)သိန်းနဲ့အခွန်ဆောင်ထားတဲ့ အမျိုးတွေ ကားရောင်းပီးရင် အထက်ပါ ကျွန်တော်ပြောတာတွေ့ လုပ်ဖို့ မမေ့ကြပါနဲ့။
ဒါမှ နောက်ထပ် သိန်းတစ်ရာတန်ကားဝယ်မိလို့ မိမိအမည် ပြောင်းချိန်မှာ အခွန် (15)သိန်း မဆောင်ရမှာ ဖြစ်ပါတယ်။
Credit; Original Uploader
03/01/2020
ခရီးသွားချစ်သူတွေ လုံး၀အကြိုက်တွေ့စေမယ့် ၂၀၂၀ ပြက္ကဒိန် 📅
(ဖုန်းထဲသိမ်းဆည်းနိုင်စေရန်။)
__________________________________________
ယခုလာမယ့် ၂၀၂၀ ခုနှစ်မှာဆိုရင် အစိုးရရုံးပိတ်ရက်ပေါင်း ၃၅ ရက်ရှိပါတယ်။
Weekends ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေ အပါအ၀င်ဆိုရင် ရက်ပေါင်း ၁၂၈ ရက် ပိတ်ရက်ရှိပါတယ်။
January
_______
ဝမ်းသာစရာကတော့ပထမဦးဆုံးလဖြစ်တဲ့ဇန်နဝါရီလ မှာတင် နိုင်ငံတကာနှစ်သစ်ကူးနေ့အဖြစ် 1 ရက်နေ့(၁.၁.၂၀) ဗုဒ္ဓဟူးနေ့မှာ ၁ ရက်စပိတ်ပါတယ်။🥰
၎င်းအပတ်ထဲမှာပဲလွတ်လပ်ရေးနေ့အဖြစ် (၄.၁.၂၀)ကနေ(၆.၁.၂၀)အထိ ၃ ရက်ထပ်ပိတ်ပါတယ်။ New Yearနှင့်အတူ အပန်းဖြေခရီး ရက်တိုသွားချင်တဲ့သူများအတွက်ကတော့ ၀မ်းသာစရာသတင်းပါပဲ။😇🎉
February
_________
ဖေဖော်ဝါရီလမှာတော့ပြည်ထောင်စုနေ့အဖြစ်ဗုဒ္ဓဟူးနေ့ (၁၂.၂.၂၀) မှာ ၁ ရက်ပိတ်ပါတယ်။🥳
March
_____
မတ်လမှာတော့ (၂.၃.၂၀) တနင်္လာနေ့မှာ တောင်သူလယ်သမားနေ့အဖြစ်ပိတ်ပါတယ်။ ထို့အပြင် ဘာသာရေးပိတ်ရက်များဖြစ်တဲ့ တပေါင်းလပြည့်နေ့ (၈.၃.၂၀) စနေနေ့ ပိတ်ပါတယ်။ (၂၇.၃.၂၀) သောကြာနေ့မှာလည်း တပ်မတော်နေ့အဖြစ်ပိတ်ပါတယ်။ ဆိုတော့ကာ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် အပန်းဖြေခရီးရက်တိုလေးသွားချင်သူများအတွက်အဆင်ပြေသွားတာပေါ့နော်။🤗
ခရီးမသွားဖြစ်တဲ့သူများကလည်းအိမ်မှာအေးဆေးအနားယူရင်း မိမိဆန္ဒရှိရာလုပ်ချင်တာလေးတွေ လုပ်ဖို့အဆင်ပြေနေပြန်ရော။🥰
April
_____
ခရီးရက်တိုသွားရတာနဲ့တင်အားမရတဲ့သူများအတွက်လာပါပြီနော်။😉 ဧပြီလမှာတော့ နှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် (၁၀.၄.၂၀) သောကြာနေ့မှ (၁၇.၄.၂၀) သောကြာနေ့အထိ ၈ ရက်တိုင်တိုင်အားလပ်ရက်ရှိပါတယ်နော်။ ပိုဝမ်းသာစရာကတော့စနေ၊ တနင်္ဂနွေအပါအ၀င် ၁၀ ရက်တိုင်တိုင် ရုံးပိတ်ရက်ရမှာဖြစ်ပြီး ခရီးရက်ရှည်အေးဆေးသွားလို့သူများနဲ့အိမ်မှာအေးဆေးအနားယူလိုသူများအတွက် ဧပြီလက Best Month လို့တောင်ပြောရမှာပေါ့နော်။ 🥰🎉
May
____
မေလမှာတော့ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် (၁.၅.၂၀) သောကြာနေ့မှာ ပိတ်ပါတယ်။ စနေ၊ တနင်္ဂနွေအပါအ၀င်ဆို ၃ ရက်ပေါ့နော်။
(၆.၅.၂၀) ဗုဒ္ဓဟူးနေ့မှာတော့ ကဆုန်လပြည့်နေ့အဖြစ်ပိတ်ပါတယ်။ 🤗
July
____
ဇူလိုင်လမှာတော့ (၁၉.၇.၂၀) တနင်္ဂနွေနေ့မှ (၂၀.၇.၂၀) တနင်္လာနေ့အထိ အာဇာနည်နေ့ရုံးပိတ်ရက်အဖြစ် စနေနေ့အပါအ၀င် ၃ ရက်ရပါတယ်။ 🥰
August
______
သြဂုတ်လမှာတော့ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ (၃.၈.၂၀) တနင်္လာနေ့မှာရုံးပိတ်ရက်ရပါတယ်။
October
_______
အောက်တိုဘာလမှာတော့ (၂၉.၁၀.၂၀) ကြာသပတေးနေ့ ကနေ (၂.၁၁.၂၀) တနင်္လာနေ့အထိ သီတင်းကျွတ်ရုံးပိတ်ရက်များအဖြစ် ၅ ရက်ပိတ်ပါတယ်။ ဘာသာရေးပွဲတော်များရှိတဲ့အလျောက် ဘုရားဖူးပဲထွက်ကြမလား? အပန်းဖြေခရီးပဲထွက်ကြမလား? 🤗 သေချာတာကတော့လှပတဲ့မီးရောင်စုံတွေကိုတော့နေရာတိုင်းလိုလိုမှာ တွေ့မြင်ကြရမှာကတော့မလွဲဧကန်ပဲနော်။ ✨🥰
November
_________
နို၀င်ဘာလမှာတော့ တန်ဆောင်တိုင်ရုံးပိတ်ရက်များအဖြစ် (၂၇.၁၁.၂၀) သောကြာနေ့ မှ (၃၀.၁၁.၂၀) တနင်္လာနေ့အထိ ၄ ရက်ပိတ်ပြန်ပါတယ်။ အေးဆေးအနားယူဖို့အဆင်ပြေနေပြန်ရောပေါ့နော်။🤗
December
_________
ဒီဇင်ဘာလမှာတော့ (၉.၁၂.၂၀) ဗုဒ္ဓဟူးနေ့မှာ အမျိုးသားနေ့ဖြစ်တဲ့အတွက် ၁ ရက်ပိတ်ပါတယ်။
(၂၅.၁၂.၂၀) သောကြာနေ့မှာတော့ အများသိတဲ့အတိုင်း ခရစ္စမတ်နေ့ဖြစ်တာနဲ့အညီ ရုံးပိတ်ရက် ၁ ရက် အပြင် စနေ၊ တနင်္ဂနွေပါထပ်တွဲနေတဲ့အတွက်ကြောင့်ပိတ်ရက် ၃ ရက်အတွင်း အေးဆေးအနားယူလို့ရပါတယ်။
အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်......
🗓️ဇန်နဝါရီလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️မတ်လ - သုံးရက် ဆက်တိုက်ပိတ် သုံးကြိမ်
🗓️ဧပြီလ - သင်္ကြန် ၁၀ ရက်ဆက်တိုက်ပိတ်
🗓️မေလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️ဇူလိုင်လ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️ဩဂုတ်လ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️အောက်တိုဘာလ - သီတင်းကျွတ် ၅ ရက်ဆက်တိုက်ပိတ်
🗓️နိုဝင်ဘာလ - တန်ဆောင်တိုင် ၄ ရက် ဆက်တိုက်ပိတ်
🗓️ဒီဇင်ဘာလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️နှစ်ကူးပိတ်ရက် ၄ ရက်ဆက်တိုက်ပိတ်တာတွေကြောင့်မို့ ၂၀၂၀ ခုနှစ် ခရီးထွက်လို့အင်မတန်ကောင်းမည့်နှစ်တစ်နှစ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။🥰
#ရွှေနိုင်ငံပုံနှိပ်တိုက်
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Yangon
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |