Super Sukey

Super Sukey

Share

Super Sukey is a baby lunch box service based in Yangon, Myanmar.

10/11/2025

ထမင်းဗူးလေးတွေရောင်းရတာ မြတ်လားတဲ့ …

မြတ်တာ မမြတ်တာထက် ကလေးလေးတွေ စားကောင်းတယ်ဆို ပျော်နေရတဲ့ ပီတိက ဘာနဲ့မှ လဲမရတာပါနော်

#ကလေးထမင်းဗူး

Photos from Super Sukey's post 25/08/2025

ပုံအသစ် ဒီဇိုင်းအသစ် နယူးမော်ဒယ် Blind Box နော်

လမ်ကြောင်းတွေပိတ်နေတော့ Blind Box အသစ်လေးတွေလဲ မဝင်တော့ ဘေဘီတို့ မဆော့ရလို့ စိတ်မပူနဲ့တော့နော် ၊ Labubu တို့ Kuromi တို့ခဏနေခဲ့လိုက်တော့ . . .

မင်မင်ဆီမှာ ပုံအသစ် ဒီဇိုင်းအသစ် နယူးမော်ဒယ် Myanmar Blind Boxes လေးတွေ မှာလို့ရတော့မယ်နော်

မင်မင်ကိုယ်တိုင် အထက်မြန်မာပြည်က ပညာရှင်ကြီးတွေဆီ သွားရောက်တိုင်ပင်ညှိနှိုင်းပြီး ပြည်တွင်းဖြစ် Blind Box တွေရနိုင်ဖို့ စကားပြောနေပါတယ်ရှင့်

Blind Box ထဲမှာဘာတွေပါမှာလဲဆိုတော့ မြန်မာမှုစစ်စစ်အရုပ်လေးတွေဖြစ်တဲ့ ဖိုးဝရုပ်၊ ပစ်တိုင်းထောင်၊ ဇီးကွက် ၊ မြင်းရုပ် ၊ နွားရုပ် ၊ အိုးစည် ၊ ဇော်ဂျီရုပ် ၊ မင်းသား ၊ မင်းသမီး ၊ မင်းညီမင်းသားရုပ်ပေါင်းစုံ ၊ မူးမတ် ၊ ဝန်မင်း ၊ ပုဏ္ဏား ၊ တိုင်းရင်းသားအရုပ်ပေါင်းစုံ ၊ ကိန္ဒရီ ကိန္ဒရာ စတဲ့ မြန်မာဇာတ်ကောင်လေးတွေ ပါသွားမှာပါရှင်

Blind Box ရဲ့ Packaging ဘူးပုံစံကိုလည်း လုံးဝ Premium ဆန်ဆန် Product of Myanmar , Made in Myanmar လို့ ဂုဏ်ယူဝင့်ကြွားလို့ရတဲ့အထိ Premium Grade , Laminate လောင်းထားပြီး ကြွေသားစက္ကူနဲ့ ထုတ်ပေးဖို့လဲ ပြောနေပါတယ်ရှင့်.

Packaging က လန်ထွက်ပြီး အတွင်းက အရုပ်လေးတွေနဲ့ Quality က ဘယ်လိုရှိမှာလဲဆိုတော့ အထက်ဘက်က မြန်မာအရုပ်လုပ်တဲ့လုပ်ငန်းတွေကို တဖက်တလမ်းက Support လုပ်ပေးမှာမို့ အရုပ်လေးတွေကတော့ မင်မင်တို့ ငယ်ငယ်က ဆော့ခဲ့ရသလိုမျိုး စက္ကူအမာသားပေါ်မှာ Hand made အနုစိတ် ဆေးခြယ်ပေးသွားဖို့လဲ ရှိတယ်လို့ သိရပါတယ်။

Quality အတွက်ကတော့ မပူပါနဲ့ရှင် QC check ဖြတ်မှာမို့ ဘေဘီတို့ လက်ထဲရောက်ရင် ဝေါင်း ဝေါင်း amazing .. Mommy ! , I Like it , Lovely ဆိုတဲ့ အသံလေးတွေ ဘေဘီတို့ဆီကနေ ကြားရမှာလို့သာ မှတ်ထားလိုက်နော် ..

ဒီ Myanmar Blind Box လေးတွေကို ကလေးတွေ ဆော့ဖို့အတွက်သာမက လူကြီးမိဘဆွေမျိုးတွေကိုလည်း လက်ဆောင်ပေးလို့ကောင်းအောင် လုပ်ပေးဖို့ပြောထားပါတယ်၊ Made in Myanmar စာတန်းပါမှာမို့ နိုင်ငံခြားက အမျိုးတွေကိုလည်း လက်ဆောင်ပေးလို့ ကောင်းမယ်ထင်ပါတယ်။

အချိန်တစ်ခုရောက်ရင်တော့ မင်မင်တို့ရဲ့ Myanmar Blind Box လေးတွေကိုလည်း POP Mart လို သီးသန့်ဆိုင်ဖွင့်ပြီး လူတန်းရှည်ကြီးနဲ့ ရောင်းပေးဖို့လဲ future plan ရှိပါတယ်

အားလုံးသိချင်ကြတဲ့ ဈေးနှုန်းကိုတော့ မင်မင်တို့အနေနဲ့ လိုင်းပေါ်မှာ ပြောပေးသွားမှာ မဟုတ်သလို ဘယ်မှာမှ မရနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းပေးသွားမှာပါ၊ အသေးစိတ်ထပ်သိချင်ရင်တော့ 09-8834-1500-528 ကို ဆက်သွယ်လို့ရပါတယ်ရှင့်

ဘယ်မှာမှ မရနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းပေးသွားမှာဖြစ်လို့ မှာယူချင်တယ်ဆိုရင်တော့ အရှေ့က စာလေးအတိုင်းဘဲ ဘယ်မှာမှ မရနိုင်တဲ့ဟာမို့ ကုန်းလမ်း လေလမ်း ရေလမ်းစတဲ့ ပစ္စည်းလမ်းကြောင်းတွေ ပိတ်နေတုန်း လေဟာနယ်လမ်းကနေပို့ပေးသွားမှာပါရှင်

မင်မင့် Blind Box လေးတွေကို လိုချင်သွားပြီမလား ဟီးဟီး ...

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Tamwe
Yangon
123