Hello Beauty Secret

Hello Beauty Secret

Share

Hello Beauty Secret

Photos from Hello Beauty Secret's post 27/05/2021

အစား လျှော့စားပါတယ် ... ဒါပေမယ့် ဗိုက်က ပိုပိုပြီး ပူလာသလိုပဲ
ဘာကြောင့် ဝိတ်ကမကျတာလဲ 😢
ငှက်သိုက် ကော်လာဂျင် Probiotics ဂျယ်လီ -
Magic အဆီချ ဂျယ်လီ က ... ဂျယ်လီပုံစံဖြစ်ပြီး ဖြစ်ပြီး
အာဟာရ ပြည့်ဝတယ်... အရသာရှိတယ် ...
ဗီတာမင်မြောက်များစွာ နဲ့ ကော်လာဂျင်လည်း ပါဝင်ပါတယ် ...
✔️ ဝမ်းမှန်စေတယ် (ဝမ်းမချုပ်တော့ဘူး)
✔️ အစာအိမ်ကို ပုံမှန် အရွယ်အစား ဖြစ်စေတယ်
✔️ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်
✔️ အသားအရေ စိုပြေလှပစေတယ်...
တစ်နေ့ တစ်ထုပ် မှီဝဲရင် ...
✨✨ခန္ဓာကိုယ် အတွင်း/အပြင် ကိုယ်တွင်း ကိုယ်ပ အာဟာရပြည့်ဝမှန်ကန်စေပြီး ... ယုံကြည်မှု ပိုရှိလာမယ်
ပိုပြီး လှပကျော့ရှင်းလာမယ် ✨✨
ကျစ်ကျစ်လျစ်လျစ် မဖြစ်သေးသ၍ ... တကယ် မပိန်သေးဘူးနော်
အဆီချ ဝိတ်လျှော့ကြရအောင် Magic ချစ်သူလေးတို့ရေ 🥰

Photos from Hello Beauty Secret's post 04/02/2021

အမေစုဆီက သတင်းစကား ရပြီ❤️🇲🇲
______________________

ကိုယ်ထူကိုယ်ထဖို့လိုနေတဲ့ နိုင်ငံတော်ပါ
နိုင်ငံသူနိုင်ငံသားအားလုံး တစ်ဦးခြင်း
အင်အားပြည့်ဖို့လုပ်ဆောင်ပေးနေတာကို
၀မ်းသာအားရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်

အမေစုဟာ လက်ရှိကျွန်တော်တို့ ကိုင်စွဲထားတဲ့ လမ်းကြောင်းတွေဟာ မှန်ပါတယ် ထိရောက်မှူလည်းရှိပါတယ် လို့ အားပေးပြောကြားတာဖြစ်သလို
ဒီလိုတွေလုပ်နေတာဟာ သူ့ကို အားဖြစ်စေပါတယ်
၀မ်းသာအားရဖြစ်စေပါတယ်။
ဆို‌တော့ အကြမ်းမဖက်အာဏာဖီဆန်ရေးပြည်သူ့လှုပ်ရှားမှုတွေကို ထပ်ပြီးအရှိန်မြှင့်ကြပါ ။
ယုံယုံကြည်ကြည်ဆက်လက်လုပ်ဆောင်ကြပါ ။

" ၂၀၂၁ အရေးတော်ပုံ"

သံပုံတီးဆန့်ကျင်ခြင်းဟာ အတော်ထိရောက်ပါတယ်။

✍️ အဲ့ဒီအခြေအနေဟာနေစဉ်လုပ်နေရမှာပါ။
စိတ်ဓါတ်စစ်ဆင်ရေးPsychological warfare ပါ။
အလွန်အရေးကြီးပါတယ်။

✍️ အရပ်ဖက်ပြည်သူမနာခံမှု Civil Disobedience က functional warfare ပါ။ ယန္တရားမလည်ပတ်အောင်၊ အခက်အခဲဖြစ်အောင်လုပ်တာပါ။

✍️ နိုင်ငံရေးအံတုမှု Political Warfare ပါ။ နိုင်ငံရေးအရတိုက်စစ်ဆင်တာပါ။

✍️ အထွေထွေသပိတ်ကတော့ အာဏာသိမ်းတိုက်ပွဲပါ။

✍️ အချိန်အကွက်ကျကျ ၊ အချိတ်အဆက်မိမိလုပ်ဆောင်ရပါတယ်။ ပြည်သူအားလုံးပူးပေါင်းပါဝင်ရပါမယ်။

✍️ အခုလိုခေတ်၊ အခုလိုအခြေအနေမှာ အာဏာသိမ်းတယ်ဆိုတာ မိုက်မဲမှုပါ။ ကမ္ဘာစီးပွါးရေးပျက်ကပ်ကစတင်နေပါပြီ။ နိုင်ငံတကာပိတ်ဆိုမှုတွေနှင့်ဆို အာဏာလုသူတွေတောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ပြည်တွင်းမှာရောင်းစရာ မြန်မာပြည်မြေပုံပဲကျန်ပါတော့တယ်။

✍️ ပြည်သူတွေအခုလိုနိုင်ငံရေးနိုးကြားနေချိန်မှာ တိုက်ပွဲပုံဖော်ရတာမခက်ပါဘူး။ စနစ်ကျဖို့နှင့် အားလုံးပါဝင်ကြဖို့ပဲလိုပါတယ်။

✍️ ကိုမင်းကိုနိုင်လည်း အပြင်မှာရှိနေပါတယ်။
အခြေအနေအားလုံးအရတွက်ချက်ပြီးတိုက်ပွဲပုံဖော်နေကြပါပြီ။

✍️ အခုထိတိုက်ပွဲ ပုံသဏ္ဌာန်မှန်နေပါတယ်။

၁။ Civil Disobedience ကအခုထက်ပိုအားကောင်းပြင်းထန်ဖို့လိုပါတယ်။

၂။ သံပုံးတီးခြင်းက ရိုးရှင်းပေမယ့်ထိရောက်ပါတယ်။

၃။ လူငယ်တွေ၊ ကျောင်းသားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုလာပါတော့မယ်။

✍️ အားလုံးအချိန်ကိုက်ဖြစ်ကြရမှာပါ။ ခေါင်းဆောင်ရဲ့အသံကိုနားစွင့်နေကြပါ ။ ပြောစရာရှိရင် ကိုယ်တိုင်ပြောပါလိမ့်မယ်။ ကောလဟာလမယုံကြပါနဲ့။
မတိုက်သေးဘူးလား၊ မခိုက်သေးဘူးလားမမေးကြပါနဲ့ ၊ တိုက်ပွဲကစတင်နေပါပြီ။

၁။ အသ်ိအမှတ်မပြုပါနဲ့။ No Recognition
၂။ ပူးပေါင်းပြီးမဆောင်ရွက်ပါနဲ့ ။ No Cooperation ၊ Non Participation

✍️ “ တိုက်ပွဲကစနေပါပြီ “ ကျွန်တော်တို့ရဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်လည်းပြောပြီးပါပြီ။

✍️ “၂၀၂၁ အရေးတော်ပုံမှာ ပြည်သူတွေမုချအနိုင်ရရှိမှာပါ။ “

✍️ လမ်းမပေါ်ထွက်ဖို့လိုအပ်တဲ့အချိန်မှာ အဖမ်းမခံရသေးလျှင် မြန်မာပြည်သူပြည်သားတွေရဲ့အရှေ့ဆုံးမှာ ကျွန်တော်ရှိနေမှာပါ။

✍️ စိတ်မလောကြဖို့လိုအပ်သလို၊ အလွယ်တကူစိတ်မပျက်ဖို့လည်းလိုအပ်ပါတယ်။

✍️ တိုက်ပွဲကမကြာပါဘူး။ လပိုင်းအတွင်း ပွဲသိမ်းတိုက်ရမှာပါ။

မတရားတဲ့ အမိန့်အာဏာဟူသမျှ တာ၀န်အရဖီဆန်ကြ
အမေစုနဲ့ ဦးမင်းကိုနိုင် ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ဦးလည်မသုန် လိုက်ပါဆောင်ရွက်ကြ ။
(ဒီစာနဲ့ ပုံကို မျှဝေကြပါ)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon