YHR - You Have Rights
We are supporting justice and equality for all We're Sharing International Legal Knowledge For You.
09/03/2026
အာဖဂန်နစ္စတန် - တာလီဘန်တို့၏ ပြစ်မှုဆိုင်ရာ စည်းမျဉ်းသစ်သည် အမျိုးသမီးများနှင့် လူနည်းစုများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များဖြင့် ပစ်မှတ်ထားနေ
အာဖဂန်နစ္စတန် - တာလီဘန်တို့၏ ပြစ်မှုဆိုင်ရာ စည်းမျဉ်းသစ်သည် အမျိုးသမီးများနှင့် လူနည်းစု Law and Human Rights အာဖဂန်နစ္စတန် - တာလီဘန်တို့၏ ပြစ်မှုဆိုင်ရာ စည်းမျဉ်းသစ်သည် အမျိုးသမီးများနှင့် လူနည်းစုများကို ပိ....
07/03/2026
"အခမဲ့ ဥပဒေအသိပညာပေး အွန်လိုင်းဆွေးနွေးပွဲ"
(ဝါရင့် တရားလွှတ်တော်ရှေ့နေများမှ ပို့ချဆွေးနွေးသွားပါမည်)
You Have Rights (Academic Department) မှ စီစဉ်၍ ဥပဒေလောကသားများနှင့် စိတ်ပါဝင်စားသူများအတွက် အထူးရည်ရွယ်သော ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
📅 အစီအစဉ်အသေးစိတ်
နေ့ရက်: ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက် (တနင်္လာနေ့)
နေရာ: Zoom Meeting (Online)
အခမဲ့ (Free of Charge) ဖြစ်ပါသည်။
🕒 ဆွေးနွေးမည့် အချိန်ဇယား
နံနက် (၁၀:၀၀) - (၁၂:၀၀): အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများအကြောင်း။
နေ့လည် (၀၁:၀၀) - (၀၃:၀၀): ကလေးသူငယ်အခွင့်အရေးနှင့် သက်ဆိုင်ရာဥပဒေများ။
🎙️ ဟောပြောဆွေးနွေးမည့်သူများ
ဝါရင့်တရားလွှတ်တော်ရှေ့နေကြီးများမှ ကိုယ်တိုင်ပို့ချဆွေးနွေးပေးသွားမည်ဖြစ်ပြီး သိရှိလိုသည်များကိုလည်း တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်ပါသည်။
👥 တက်ရောက်နိုင်သူများ
ဥပဒေအထောက်အကူပြုသူများ (Paralegals)
ဥပဒေကျောင်းသား/သူများ
ပညာသင်ရှေ့နေများ နှင့် ဥပဒေပညာကို လေ့လာလိုက်စားသူ မည်သူမဆို။
📝 စာရင်းပေးသွင်းရန်
အောက်ပါ Comment Box ရှိ Link တွင် မတ်လ (၂၈) ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။
အသေးစိတ်စုံစမ်းရန်: [email protected] သို့ အီးမေးလ်ပေးပို့ မေးမြန်းနိုင်ပါသည်။
01/03/2026
ကလေးများအတွက် အွန်လိုင်းလုံခြုံရေးက ဘာကြောင့် အရေးကြီးတာလဲ။
ယနေ့ခေတ်မှာ အင်တာနက်ဆိုတာ ကလေးတွေရဲ့ နေ့စဉ်ဘဝ၊ ပညာရေးနဲ့ ကစားချိန်တွေမှာ ခွဲခြားလို့မရအောင် အရေးပါလာပါတယ်။ လက်ရှိ ကမ္ဘာပေါ်က အင်တာနက်သုံးစွဲသူ ၃ ယောက်မှာ ၁ ယောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်နေပြီး၊ စက္ကန့်ဝက်တိုင်းမှာ ကလေးတစ်ယောက်ဟာ အင်တာနက်ကို စတင်အသုံးပြုနေကြပါတယ်။ အင်တာနက်က အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပေမယ့်၊ ဆိုက်ဘာအနိုင်ကျင့်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာစတဲ့ ဆိုးရွားတဲ့ အန္တရာယ်တွေကလည်း ဒွန်တွဲပါလာတဲ့အတွက် အွန်လိုင်းလုံခြုံရေးက အထူးအရေးကြီးလာတာ ဖြစ်ပါတယ်၊၊
လေ့လာစမ်းသပ်မှုတွေကရော ဘာတွေ တွေ့ရှိထားလဲ?
မိဘတွေ ထင်ထားတာထက် ပိုသုံးနေကြတယ်- လေ့လာမှုတွေအရ မိဘတွေက သူတို့ကလေးတွေ အင်တာနက်သုံးတဲ့အချိန်ကို အမြဲလျှော့တွက်လေ့ရှိပြီး တကယ့်လက်တွေ့မှာ ကလေးတွေက မိဘတွေထင်ထားတာထက် နှစ်ဆလောက် ပိုပြီး အွန်လိုင်းမှာ အချိန်ကုန်နေတတ်ကြပါတယ်။
ပညာပေးနည်းလမ်းများ- ကလေးတွေကို အွန်လိုင်းလုံခြုံရေးအကြောင်း သင်ပေးတဲ့အခါ စာတွေ့သက်သက်ထက် ဂိမ်းကစားရင်း သင်ယူစေတဲ့ နည်းလမ်း (Game-based learning) တွေက အရမ်းထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။
ကျား/မ ကွာဟချက်
ယောကျာ်းလေးနဲ့ မိန်းကလေး အင်တာနက်သုံးပုံချင်း မတူညီကြဘဲ ယောကျာ်းလေးတွေက အန္တရာယ်ရှိတဲ့အရာတွေကို ပိုပြီး စွန့်စားလုပ်ဆောင်တတ်ကြတဲ့အတွက် ကလေးတစ်ယောက်ချင်းစီအလိုက် ချဉ်းကပ်ဖို့ လိုအပ်ပါတယ်၊။
အန္တရာယ်တိုင်းက ဆိုးကျိုးမဖြစ်စေပါ
အွန်လိုင်းမှာ အန္တရာယ်ကြုံရတိုင်း အမြဲတမ်း ထိခိုက်နစ်နာမှု (Harm) ဖြစ်မသွားပါဘူး၊ ကလေးတော်တော်များများက ပြဿနာတွေကို ကိုယ်တိုင် ရှောင်ရှားနိုင်စွမ်း ရှိကြပါတယ်၊။
အွန်လိုင်းပေါ်မှာ ကလေးတွေ ကြုံတွေ့ရနိုင်တဲ့ အဓိက အန္တရာယ်တွေက ဘာတွေလဲ။
(၁) လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း- အွန်လိုင်းကနေတစ်ဆင့် ကလေးတွေကို ယုံကြည်မှုတည်ဆောက်ပြီး ချဉ်းကပ်လာတာ (Grooming)၊ ဓာတ်ပုံ/ဗီဒီယိုတွေ တောင်းခံတာနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြီး အမြတ်ထုတ်တာတွေ ပါဝင်ပါတယ်၊၊။
(၂) ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying)- အွန်လိုင်းကနေ ခြိမ်းခြောက်တာ၊ အရှက်ခွဲတာ၊ စိတ်အနှောင့်အယှက်ပေးတာတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်၊၊။
(၃) မသင့်လျော်တဲ့ အကြောင်းအရာများ (Po*******hy)- အင်တာနက်သုံးရင်း၊ သီချင်း/ဂိမ်း ဒေါင်းလုဒ်လုပ်ရင်း ကြော်ငြာ (Pop-ups) တွေကနေတစ်ဆင့် ညစ်ညမ်းရုပ်ပုံတွေနဲ့ ကြမ်းတမ်းတဲ့ အရာတွေကို ကလေးတွေ မတော်တဆ မြင်တွေ့သွားနိုင်ပါတယ်။
(၄) စီးပွားရေးနဲ့ နည်းပညာ (AI) အန္တရာယ်များ- ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်တာ၊ လှည့်စားတဲ့ နည်းပညာအကွက်အဆင်တွေ (Dark patterns) တွေနဲ့ ထောင်ချောက်ဆင်တာ၊ အွန်လိုင်းဂိမ်းနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဒစ်ဂျစ်တယ် ကလေးလုပ်သားအဖြစ် ခိုင်းစေခံရတာတွေ ပါဝင်ပါတယ်၊။
ကလေးရဲ့ အွန်လိုင်း ကိုယ်ရေးအချက်အလက်တွေကို မိဘတွေက ဘယ်လို ကာကွယ်ပေးနိုင်မလဲ?
(၁) နားလည်မှုတည်ဆောက်ပါ- အင်တာနက်ကို လုံးဝပေးမသုံးဘဲ ပိတ်ပင်တာ (Blanket bans) မျိုးက လုံးဝအလုပ်မဖြစ်ပါဘူး၊။ အွန်လိုင်းက အန္တရာယ်တွေအကြောင်း သေချာရှင်းပြပြီး ဘာအခက်အခဲကြုံကြုံ ဖုန်းအသိမ်းခံရမှာ မကြောက်ဘဲ မိဘကို ပွင့်ပွင့်လင်းလင်း ပြောပြရဲအောင် ယုံကြည်မှု တည်ဆောက်ထားပါ၊၊။
(၂) ကိုယ်ရေးအချက်အလက် မတင်ဖို့ သင်ပေးပါ- နာမည်အပြည့်အစုံ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ကျောင်းနာမည်စတဲ့ အရေးကြီးအချက်အလက်တွေကို အွန်လိုင်းမှာ လုံးဝမတင်ဖို့နဲ့ သူစိမ်းတွေကို မပေးဖို့ သေချာသင်ထားပေးပါ၊။ Privacy setting (လုံခြုံရေးဆက်တင်) ချိန်နည်းတွေကိုပါ သင်ပေးထားသင့်ပါတယ်။
(၃) နည်းပညာအကူအညီ ရယူပါ- မသင့်လျော်တဲ့ ဝဘ်ဆိုက်တွေကို ဝင်မရအောင် ပိတ်ထားပေးတဲ့ မိဘထိန်းချုပ်မှု ဆော့ဖ်ဝဲလ်များ (Parental Controls) နဲ့ ခလုတ်ပိတ်/ဖွင့်လုပ်လို့ရတဲ့ Safe Search လိုမျိုး လုပ်ဆောင်ချက်တွေကို အသုံးပြုပါ၊၊။
Sources:
Esfandiari, M., Sciacca, B., Feijóo, S., Laffan, D. A., Milosevic, T., O’Toole, C., & O’Higgins Norman, J. (2025). Trends in digital technologies to address children’s online safety education: A systematic scoping review. International Journal of Educational Research Open, 9, Article 100462.
Smith, R. (2025, April 3). Expert spotlight: What Netflix's Adolescence tells us about children's online safety. Save the Children International.
UNICEF. (n.d.). Keeping children safe online. United Nations Children's Fund.
UNICEF Innocenti Research Centre. (2012). Child safety online: Global challenges and strategies (Technical Report). United Nations Children’s Fund.
This photo is created with AI for the educational purposes only. Persons in this photo are artificial.
Click here to claim your Sponsored Listing.
Contact the organization
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 10:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |